ရွှေအိုရောင်ဂီတညဖျော်ဖြေပွဲ ဒီဇင်ဘာ ၂၃ ရက်တွင် ကျင်းပမည်
မြန်မာပြည်၏ ဂီတကြယ်ပွင့်ကြီးများဖြစ်သည့် စတီရီယိုခေတ် နာမည်ကြီး တေးသံရှင်ကြီးများ ပါဝင်သီဆိုဖျော်ဖြေမည့် ရွှေအိုရောင် ဂီတည ဖျော်ဖြေပွဲ ကို ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ ဒဂုံမြို့မကျောင်းလမ်းရှိ အမျိုးသား က ဇာတ်ရုံတွင် ကျင်းပသွားမည် ဖြစ်သည်။
''ဒီပွဲကို ကျင်းပရတဲ့ရည်ရွယ်ချက်က ဂီတလောကမှာ တစ်ချိန်က စတီရီယို သီချင်း စတီရီယိုတေးဂီတဆိုပြီး ခေါ်ခဲ့ကြတယ်၊ အဲဒီလိုပဲအဆိုတော်တွေက ဂီတလမ်းကြောင်းကို ခက်ခဲစွာ ထိုးဖောက်ဖြတ်သန်းခဲ့ကြရတယ်၊ နိုင်ငံကျော် တေးသံရှင်ကြီးတွေကလည်း သူတို့အနုပညာကို ချစ်မြတ်နိုးကြတဲ့အတွက် ဒီနေ့ အချိန်ထိ အနုပညာအလုပ်ကို စွဲစွဲမြဲမြဲ လုပ်ကိုင်ခဲ့ကြတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲလေးကိုပြုလုပ်ဖြစ်တာပါ''ဟု ပွဲစီစဉ်သူ ကိုဇောရိုးက ဆိုသည်။
အဆိုပါ ရွှေအိုရောင် ဂီတညရှိုးပွဲတွင် အောင်မြင်ထင်ရှားခဲ့သည့် တေးသံရှင်ကြီး များဖြစ်ကြသော စိုးပိုင်၊ ဗစ်တာခင်ညို၊ ဘိုဘိုဟန်၊ ကံ့ကော်တောမျိုးအောင်၊ စိန်ဝင်းထွန်း၊ စိုင်းဆိုင်မောဝ်၊ ခင်မောင်ထူး၊ ဂျေမောင်မောင်နှင့် ဂျက်မြသောင်းတို့က လူကြိုက်များခဲ့သည့် အကောင်းဆုံး တေးသီချင်းများကို သီဆိုဖျော်ဖြေပေးသွားမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများကို ငွေကျပ် ၇ဝဝဝ၊ ၁ဝဝဝဝ၊ ၂ဝဝဝဝ စသည်ဖြင့် သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ မြန်မာပလာဇာ၊Junction မော်တင်၊ ဂမုန်းပွင့် (စံရိပ်ငြိမ်) တို့တွင် ဝယ်ယူ နိုင်ကြောင်း သိရသည်။ ကိုလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment