Latest News

Thursday, December 14, 2017

ကော်မီတီ များ မှိုလိုပေါက်လာနေသည့် ကိစ္စ ပြည်ပ ကာတွန်းမှ လှောင်ပြောင်


မြန်မာပြည်ရှိ ဗျုရိုကရက်များ က ကော်မီတီများ ဖွဲ့ကာ အချင်းချင်း ငြင်းခုံ ဆွေးနေးနေကြချိန်တွင် စစ်တပ်က တော့ သူတို့ လုပ်ချင်သည်များ ကို အကုန် ပြုလုပ်ခွင့် ရနေတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။
ကမ္ဘာနိုင်ငံများတွင် ကော်မီတီ များ ဖွဲ့စည်းကြခြင်းသည် အဆန်းတကြယ် မဟုတ်သော်လည်း အရေးကြီးသည့် သိမ့်မွေ့လှသော ဆုံးဖြတ်ချက်များ ကို ချမှတ်ပေးဖို့တာဝန် လွှဲပေးခြင်း နဲ့ ဗျုရိုကရက်များ အတွက် လုပ်ငန်း အဆင်ပြေအောင် ဖွဲ့စည်းပေးကြသော်လည်း မြန်မာနိုင်ငံကမူ ထိုအရေးကို အလွန်အကျွံ ပြုလုပ်လျက်ရှိသည်ဟု ရေးသားထားပါတယ်။

လွတ်လပ်ရေး နေ့ အခမ်းအနားကိုပင် လုပ်ငန်း ဆပ်ကော်မီတီ (၉) ခုအထိ ဖွဲ့စည်းခဲ့တာကို လည်း နမူနာ အဖြစ် ထောက်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ကော်မီတီ ပေါင်း (၁၆) ခု ကို ကြီးကြပ်နေရတဲ့ အတွက် သူမကို ကူညီရန် နောက်ထပ် ၀န်ကြီးဌာနတခုကို ပြီးခဲ့တဲ့ လ ကပဲ အသစ် ဖွဲ့စည်းပေးခဲ့ရပါတယ်။
ထိုကဲ့သို့ ဖွဲ့စည်းထားသော ကော်မီတီ များကလည်း အရင် အစိုးရ အဆက်ဆက် က ဗျုရိုကရက်များသာ အများစု ပါဝင်နေပါတယ်။

အခုလို ကော်မီတီ တွေ အသီးသီး ဖွဲ့ပြီး ခေါင်းက မီးခိုးထွက်အောင် စဉ်းစား ဆွေးနွေးနေကြရတာကလည်း စစ်တပ် လက်အောက်မှာ ရှိနေတဲ့ ၀န်ကြီးဌာန သုံးခု ရဲ့ ပူးပေါင်း ဆောင်ရွက်လာနိုင်ရေး နဲ့ မဟုတ်ရင်လည်း ဘယ်လို ကျော်လွှားသွားနိုင်ကြမလဲ ဆိုတာ ညှိနှိုင်း ဆွေးနွေးနေကြရတာဖြစ်တဲ့ အတွက် တကယ်တမ်း အလုပ်ဖြစ်တာ နည်းတယ်လို့ လို့ ဒီနေ့ထုတ် The Economist မဂ္ဂဇင်းမှာ ကာတွန်း နဲ့ တကွ ဖေါ်ပြထားပါတယ်။
လှစိုးဝေ

No comments:

Post a Comment