ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နယ်မြေရဲစခန်းနယ်ထိန်းအဖွဲ့က ထောင်ထွက် သူခိုးတယောက်အားထပ်မန်ဖမ်းစီး ဖော်ထုပ်အရေးယူခဲ့
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နယ်မြေရဲစခန်း နယ်ထိန်းအဖွဲ့က လွန်ခဲ့သည့်(၂)လကျော်ခန့်မှခိုးမှုဖြင့် ထောင်(၃)နှစ်ပြစ်ဒဏ်ကြလွတ်မြောက်သူအား ပြည်သူကိုဗဟိုပြု အမာခံသတင်းပေးတို့ ထံမှရရှိသော သတင်းများအားအတည်ပြု ပြီး လက်ကိုင်ဖုန်းတလုံး (မ)ဝတ်လက်ပတ်နာရီတလုံး တို့အား မြို့တွင်းသို့ လိုက်လံရောင်းချနေကြောင်းသတင်းရအမှုဖွင့်စစ်ဆေးရာမှခိုးယူလာခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ဟုသိ့ရသည်။
သိ့ရသည်မှာ ၁၉.၁၂.၂၀၁၇.ရက်နေ့ည (၈)နာရီအချိန်ခန့် ပုသိမ်နယ်မြေရဲစခန်း မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်စိုးအောင် ခေါင်းဆောင်သော နယ်ထိန်းအဖွဲ့ နှင့် သက်သေများနှင့်အတူ ပုသိမ်မြို့ မိမိရဲစခန်းအပိုင်နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မိမိမွေးမြူထားသော အမာခံသတင်းပေးတဦးမှ အမှတ်(၄)ရပ်ကွက် ကန္နားလမ်း ရှုခင်းသာအပန်းဖြေနေရာမှာ အမည်မသိ့ လူတဦး ဗိုလ်လေးတို့စောင့်ကြည့်ခိုင်းထားသော ပုသိမ်တဘက်ကမ်းက ထောင်ထွက်နှင့်အလွန်တူသူတဦး ဟာဝေးအနက်ရောင် လက်ကိုင်ဖုန်း ၁ လုံး မိန်းမပတ် လက်ပတ်နာရီတလုံးတို့အားလိုက်ပြီးရောင်းချနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ကြည့်ရှုခဲ့ (၉)လပိုင်းကခိုးမှုဖြင့်ထောင်ကလွှတ်လာသူ နိုင်လင်းထွေး(ခ)သင်ပေါင်းဖား အသက် ၂၁ နှစ် (ဘ)ဦးစိုးမြင့် သဘောင်္ကျင်း အမှတ် ၉ ရပ်ကွက်နေ သူဖြစ်၍ရဲစခန်းသို့ခေါ်ဆောင်ခဲ့၏။
ရဲစခန်းသို့ရောက်ရှိသည်နှင့်စခန်းမှူးရဲအုပ်အောင်ဝင်းမြင့်ထံတင်ပြပြီး ၎င်းရောင်းချနေသော ပစ္စည်းတိုနှင်ပတ်သက်ပြီးစစ်ဆေးမေးမြန်းခဲ့ရာ၎င်းပိုင်ဆိုင်ကြောင်းခိုင်လုံစွာပြောပြနိုင်ခြင်းမရှိသဖြင့် နေအိမ်တခုခုမှခိုးယူလာသည်ဟုမသင်္ကာ၍ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုးအောင် က တရားလိုပြုတိုင်ကြားသဖြင့် ပုသိမ်နယ်မြေရဲစခန်း (ပ)၃၃၆/၂၀၁၇. ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့်အမှုဖွင့်၍ အမှုအား ဒုရဲအုပ် သိန်းထိုက်လင်း ကတာဝန်ယူစစ်ဆေးဆောင်ရွက်ခဲ့၏
အမှုစစ်မှ ၂၀.၁၂.၂၀၁၇.ရက်နေ့ကတရားခံအား ချုပ်ရီမာန်တောင်းခံပြီး အကြမ်းစစ်ဆေးခဲ့ရာ နိုင်လင်းထွေး(ခ)သင်ပေါင်းဖား အသက် ၂၁ နှစ် ပုသိမ်မြို့ အမှတ် ၁ နယ်မြေရွှေတဆုပ်ရပ်ကွက်ဇာတိဖြစ်ပြီး အစိုးရ မူလတန်း ကျောင်းမှာ ပညာသင်ကြားခဲ့ပြီးကျောင်းကထွက်ကာ မိဘများနှင့်အတူ ပုသိမ်တဘက်ကမ်းက သဘောင်္သို့ပြောင်းရွှေ့ခဲ့ပြီးကျဘမ်းလုပ်ကိုင်စားသောက်နေကြောင်း ဦးစိုးမြင့် ဒေါ်စန်းစန်းဦးတို့မွေးချင် ၆ ယောက်မှအငယ်ဆုံးသားဖြစ်ပြီး အသက် ၁၇ နှစ်ခန့်က တရပ်ကွက်တည်းနေ မမေသင်စိုးနှင့်အိမ်ထောင်ကြခဲ့ပြီး သားတယောက်ထွန်းကားခဲ့ပြီး ၂၀၁၄.ခုနှစ်က ခိုးမှုဖြင့် ထောင် ၃ နှစ်ကျခဲ့ပြီး ၂၈.၉.၂၀၁၇.ရက်ကထောင်ကလွတ်ခဲ့ကြောင်းဆိုခဲ့၏။
မှုခင်းပိုင်းထွက်ဆိုခဲ့ရာ ၁၉.၁၂.၂၀၁၇.ရက်နေ့ည နေ ၄. နာရီအချိန်ခန့် မှာပုသိမ်မြို့ကန္နားဈေးသို့ အလစ်အငိုက်တွေ့ချိန်ဈေးအသိမ်းခန့်မှန်းပြီးခိုးယူရန်လိုက်လံကြည့်ရှုနေချိန် အသက် ၅၀ ကျော်ခန့် အမျိုးသ္မီး တဦးစက်ချုပ်နေသောဆိုင်အားတွေ့ရှိရပြီးလေ့လာကြည့်ရာ၎င်းတဦးတည်းတွေ့ရပြီးစက်ခုံဘေးရှိသစ်သားပုံးပေါ် ပိုက်ဆံအိပ်အားခိုးယူခဲ့ပြီးကမ်းနားဘက်သို့သွားခဲ့ပြီးပိုက်ဆံအိပ်အားဖွင်ကြည့်ရာအနက်ရောင်လက်ကိုင်ဖုန်းတလုံးနှင်လက်ပတ်နာရီအသေးလေးတလုံးသာတွေ့ရှိရပြီးကျန်တာဘာမှမတွေ့ရ ဖုန်းအားစက်ပိတ်လိုက်ပြီး ဆင်းကဒ်ထုပ်ယူလိုက်ပြီး ပိုက်ဆံအိပ်နှင့်ငဝန်မြစ်အတွင်းသို့လွှင့်ပစ်ခဲ့ကြောင်းဆိုခဲ့၏
အမှုစစ် ကစခန်းမှူးအောင်ဝင်းမြင့်ထံစစ်ဆေးပေါ်ချက်တင်ပြခဲ့ရာအတွေ့အကြုံရင့်ကျက်သဘာရှိသူ ဂါတ်စာရေး ရဲတပ်ကြပ်ကြီးဟန်စိုး တို့က ၂ လကျော်အတွင်း အလားတူတချားပြစ်မှုများရှိမရှိအသေးစိတ်စစ်ဆေးဘို့တိုက်ထွန်းထားကြောင်းသိ့ရပါသည်။
ရွှေဘို ဝဠာ
Wednesday, December 20, 2017
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နယ်မြေရဲစခန်းနယ်ထိန်းအဖွဲ့က ထောင်ထွက် သူခိုးတယောက်အားထပ်မန်ဖမ်းစီး ဖော်ထုပ်အရေးယူခဲ့
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နယ်မြေရဲစခန်းနယ်ထိန်းအဖွဲ့က ထောင်ထွက် သူခိုးတယောက်အားထပ်မန်ဖမ်းစီး ဖော်ထုပ်အရေးယူခဲ့
Reviewed by Ar Ti
on
11:30 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment