Latest News

Saturday, December 23, 2017

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကျင်းပမည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအတွက် အလှုငွေ သိန်းပေါင်း သုံးသောင်းကျော်ရရှိ

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကျင်းပမည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအတွက် အလှုငွေ သိန်းပေါင်း သုံးသောင်းကျော်ရရှိ

ရန်ကုန်   ဒီဇင်ဘာ   ၂၃

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဂိုဏ်းပေါင်းစုံ  သံဃာတော်အပါး  ၁၈ဝဝဝ တို့ဖြင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင် မဟာမင်္ဂလာအခမ်းအနား နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရွှေတိဂုံစေတီတော် ချမ်းသာ ကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဇေယျာ လူမှုထူးချွန်ဆု၊ နိုင်ငံ့စွမ်းဆောင်ရည် ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေး စေတမန်ဆုရ ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလက သြဝါဒ ကထာမိန့်ကြားပြီး    အလှူရှင်များမှ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်     ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းနှင့် တာဝန်ရှိသူ များက လက်ခံရယူပြီး  ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက်     ဝန်ကြီးချုပ်က ကျေးဇူးတင်    ဝမ်းမြောက်စကား လျှောက်ထားရာတွင် ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ၏    လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓါ ဘိသေက အနေကဇာတင်လှူပွဲကြီးကို သံဃာအပါး ၁၈ဝဝဝ ဖြင့်  ကျင်းပ ဆောင်ရွက်ခြင်းမှာ  အလွန်ကြီးမြတ် သည့် မင်္ဂလာပွဲကြီးဖြစ်ကြောင်း။

အလှူမင်္ဂလာပွဲကြီး အောင်အောင် မြင်မြင်ပြီးမြောက်ဖို့ရန်  ဆရာတော် များ၏ သြဝါဒနှင့်အညီ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့  သာသနာတော်ကြီး အကျိုးဖြစ်ထွန်းနိုင်ဖို့အတွက်  ထေရ ဝါဒ  ဗုဒ္ဓသာသနာတော်ကြီး  ကမ္ဘာ တစ်ဝန်း နေရောင် လရောင်သဖွယ် ထွန်းတောက်နိုင်ဖို့      ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုပွဲကြီး ကို     ပြည်ထောင်စုအစိုးရအဖွဲ့မှ  နိုင်ငံတော်အကြီးအကဲများ အပါအဝင် အစိုးရအဖွဲ့ဝင်များအားလုံးကိုလည်း   ဖိတ်ကြားထားပြီး     ဖြစ်ကြောင်း လျှောက်ထားသည်။

အဆိုပါ အလှူပွဲကြီးအား ဇန်နဝါရီ ၁ ရက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး   ယနေ့ အချိန်ထိ   အလှူပွဲဖြစ်မြောက်ရေး အတွက်    အလှူရှင်အသီးသီးမှ    လှူဒါန်းငွေ     စုစုပေါင်း    သိန်း သုံးသောင်း    လေးထောင်ကျော် (၃ယ၄၄၇ယ၄၂၄ယဝ၄၃ ကျပ်)ရရှိထား ကြောင်း သိရသည်။

သတင်း-အေးမင်းသူ ဓာတ်ပုံ-ဇာနည်မောင်

No comments:

Post a Comment