Latest News

Saturday, December 23, 2017

စစ်တက္ကသိုလ်တွင် ပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ

စစ်တက္ကသိုလ်တွင် ပညာသင်ကြားပေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ

နေပြည်တော်‘ဒီဇင်ဘာ ၂၃

စစ်တက္ကသိုလ်တွင် စာပေပညာ၊ စစ်ပညာများ သင်ကြားပေးခဲ့သည့် စစ်ဘက်၊ နယ်ဘက်ဆရာကြီး၊ ဆရာမကြီးများအား စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)တို့၏ စတုတ္ထ အကြိမ်မြောက် အာစရိယပူဇော် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ် ရှိ တပ်မတော်ဓမ္မာရုံတွင် ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ စစ်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် စစ်ဘက်၊ နယ်ဘက်၊ ဆရာကြီး၊ ဆရာမကြီးများ ၉ဝ တက်ရောက် ကန်တော့ခံ ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားကျောင်းဆင်း အရာရှိများ တက်ရောက်ကြ သည်။

ကန်တော့ပန်းဆင်စာလွှာ ဖတ်ကြား

ရှေးဦးစွာ ကျောင်းဆင်းအရာရှိ များကိုယ်စား ဗိုလ်မှူးချုပ်တင်ဦး (အငြိမ်းစား)က အာစရိယပူဇော်ပွဲ အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေထံမှပေးပို့သည့် ကန်တော့ပန်းဆင် စာလွှာအား ဗိုလ်မှူးကြီးရှုမောင်က လည်းကောင်း၊ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကန်တော့ပန်း ဆင်စာလွှာအား ဗိုလ်မှူးကြီး အေးသော်က လည်းကောင်း အသီးသီး ဖတ်ကြားကြသည်။

သြဝါဒစကားချီးမြှင့်

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉) ကျောင်းဆင်း အရာရှိများက ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးများအား လက်အုပ်ချီမိုး၍ ထုံးတမ်းစဉ်လာနှင့်အညီ ရိုသေစွာ ကန်တော့ကြရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးတို့ကိုယ်စား ဗိုလ်မှူးကြီး သိန်းမြင့် (အငြိမ်းစား)က သြဝါဒစ ကားချီးမြှင့် ပြောကြားသည်။

ထို့နောက် ဂါရဝပြု ကန်တော့လက်ဆောင်ပစ္စည်းများအား ဆရာကြီး၊ ဆရာမကြီးများထံ ကျောင်းဆင်းအရာရှိများက သင်တန်းအမှတ်စဉ် အလိုက် ရိုသေစွာ ပေးအပ်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ရင်းရင်းနှီးနှီး ဂါရဝပြုနှုတ် ဆက် သည်။ ယင်းနောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများနှင့်အတူ သင်တန်း အမှတ်စဉ်အလိုက် မှတ်တမ်းတင် စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Ref; တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment