Latest News

Saturday, December 9, 2017

အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ မြောက်ကိုရီးယား လိုလားနေ

အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ မြောက်ကိုရီးယား လိုလားနေ

မြောက်ကိုရီးယားနိုင်ငံဟာသူ့ရဲ့ နူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် နဲ့တိုက်ရိုက်ဆွေးနွေးဖို့လိုလားနေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် (Sergei Lavrov) က သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာပြုလုပ်တဲ့ နိုင်ငံတကာအစည်းအဝေးအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန် (Rex Tillerson) နဲ့တွေဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သူနိုင်ငံရဲ့ လုံခြုံရေးအာမခံချက်တွေနဲ့ ပတ်သက်လို့အမေရိကန် နဲ့ဆွေးနွေးဖို့ ဆန္ဒရှိနေပြီး ရုရှားနိုင်ငံအနေနဲ့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်သွားဖို့အရေးအတွက် ကူညီထောက်ပံပေးဖို့ အဆင်သင့်ပါပဲလို့ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အားကောင်းတဲ့ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း ထပ်မံစမ်းသပ်ခဲ့ပြီး ဒီဒုံးကျည်ဟာ အမေရိကန်ပြည်မအထိတိုက်ခိုက်နိုင်တယ်လို့ဆိုခဲ့တဲ့အတွက် မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား သံတမန်ရေးရာ တင်းမာမှုတွေလည်း မြင့်တက်လျက်ရှိနေပါတယ်။

မြောက်ကိုရီးယား ရဲ့ဒုံးကျည်စမ်းသပ်မှုကိုတုံပြန်တဲ့အနေနဲ့အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ဟာ ကြီးမားတဲ့ လေကြောင်းပူးတွဲ လေကျင့်မှု လုပ်ဆောင်ခဲ့ပြီး အဲ့ဒီစစ်ရေးလေကျင့်မှုအတွင်း F-22 Raptors ၊ F 35 အမျိုးအစားတိုက်လေယာဉ်တွေအပါဝင်အမေရိကန် တပ်ဖွဲ့ဝင် ၁၂၀၀၀ ကျော်ဟာ မြောက်ကိုရီးယားနယ်စပ်နားမှာ စစ်ရေးလေကျင့်ခဲ့ပါတယ်။ စစ်ရေးလေကျင့်မှုတွေနဲ့ ပတ်သက်လို့အမေရိကန် က နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေကျင့်မှုဖြစ်တယ်လို့ ဆိုထားပေမဲ့ မြောက်ကိုရီးယားကတော့ အမေရိကန်နဲ့ စစ်ဖြစ်ဖို့ အလားလာတွေများလာတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့ ကသတိပေးခဲ့ပါတယ်။

ဒီလို နှစ်နိုင်ငံကြား သံတမန်ရေးရာ တင်းမာမှုတွေ မြင့်တက်နေပေမဲ့ ရုရှားနိုင်ငံ ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁ ရက်နေ့အထိ လွတ်တော်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို မြောက်ကိုရီးယားနိုင်ငံဆီ စေလွတ်ခဲ့ရာ မြောက်ကိုရီးယား ဟာအမေရိကန် နဲ့ ဆွေးနွေးဖို့အ ဆင့်သင့်ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ ရုရှား သတင်းတွေကဖော်ပြပါတယ်။ ရုရှားအောက်လွတ်တော်ကိုယ်စားလှယ် ဗီတယ်လီ ပါရှင် (Vitaly Pashin) က မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်နဲ့တွေဆုံချိန်မှာ ရုရှားနိုင်ငံကို ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်စေဖို့ ဆန္ဒရှိနေတယ် လို့ဆိုခဲ့ပါတယ်။

ကောင်းထက်သာ( ရိုးရာလေး )
Ref : Telegraph News : North Korea is ready for direct nuclear talks with the US

No comments:

Post a Comment