လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်
ရန်ကုန် ဒီဇင်ဘာ ၃ဝ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာမီဒီယာဂရု(ပ်)မှ စီစဉ်ကျင်းပသော နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရွှေတံဆိပ်ဆုရှင်များ၊ လက်ဝှေ့ကျော်များအပါအဝင် ပွဲပေါင်း ခုနစ်ပွဲနှင့် အထူးအမျိုးသမီးစိန်ခေါ်ပွဲကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၂ နာရီတွင် တောင်ငူမြို့ ကေတုမတီ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ ငါးချီစိန်ခေါ်ပွဲတွင် နေရူဘီ(မြန်မာ STL) နှင့် မွေထိုင်းချန်ပီယံ ခွန်ချင်း ပီယာပန်(ထိုင်း)၊ စွမ်းထက်နိုင်(ဗမာ့သွေး)နှင့် ဖိုက်တာ STL၊ ဇော်ချစ်အောင် (ဗမာ့သွေး)နှင့်
ကျော်ဝင်းအောင်(အဖြူရောင်သွေးသစ်)၊ မိုက်သွေး(ဗမာ့သွေး)နှင့် စစ်မင်း(ရာမညအားမာန်)၊ ထယ်ကြီး (STL)နှင့် သိန်းညီညီ(အဖြူရောင်သွေးသစ်)တို့က တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ရွှေတံဆိပ်ဆုရှင်များဖြစ်ပြီး လေးချီစိန်ခေါ်ပွဲတွင် တက်လူ(ရာမညအားမာန်)နှင့် ရဲသွေးအောင်(အဖြူရောင်သွေး သစ်)၊ သူရလိမ်(ဗမာ့သွေးသစ်)နှင့် စိုးလင်းအောင်(STL)၊ အမျိုးသမီးအထူးစိန်ခေါ်ပွဲတွင် ဘရောနီကာ(ဖယ်ခုံ)နှင့် မြွေမပွေးမ(မြွေမဟာက်မင်း)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်ပြီး ဝင်ကြေးအဖြစ် ငွေကျပ် ၃ဝဝဝ၊ ငွေကျပ် ၅ဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။
တင်စိုး(မြန်မာ့အလင်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment