Sunday, December 31, 2017
ဓနုဖြူမြို့နယ် (၁၆)ရပ်ကွက် မြစ်ကမ်းပါပြိုကျမှုကြောင့် နေအိမ် (၁၁)လုံးပါသွား
ဓနုဖြူ ဒီဇင်ဘာ ၃၁
ဓနုဖြူမြို့ ၊ (၁၆)ရပ်ကွက် ကမ်းနားလမ်း ခန့်မှန်း (GQ-750113)အတွင်း ဒီဇင်ဘာ ၃၀၊ ည (၁၀း၃၀)ကမြစ်ကမ်းပြိုကျမှု ဖြစ်ပွားရာ ပျဉ်ခင်း၊ ထရံကာ၊ သွပ်မိုးအိမ် (၇)လုံး၊ ပျဉ်ခင်း၊ ဝါးထရံကာ၊ သွပ်မိုးအိမ် (၄)လုံး၊ စုစုပေါင်း နေအိမ်(၁၁)လုံးနှင့် ကျွန်းငါးဖမ်းလှေ (၂)စီး၊ ပိုက် (၂)ပုံ၊ စက်တစ်လုံးပါရှိသွားခဲ့ပြီး ပျဉ်ခင်း၊ ဝါးထရံကာ၊ သွပ်မိုးနေအိမ် (၈)လုံးအား ကြိုတင်ဝိုင်ဝန်းဖျက်သိမ်းခဲ့ကြပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ ခန့်မှန်း(၉၆)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
လူနှင့်တိရစ္ဆာန် သေကြေပျက်စီးမှုမရှိပါ။ ကမ်းပြိုသည့်နေရာအား လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ စည်ပင်ကော်မတီဝင်များ၊ စီမံကိန်းရေးဆွဲကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများမှ ရေထဲနေအိမ်မျောပါ အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ရွေ့ပြောင်းပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရပြီး ယနေ့တွင်လည်း စိုးရိမ်ရ နေအိမ် (၅)လုံးတို့အား ကြိုတင်ဖျက်သိမ်းနေကြကြောင်းသိရသည်။
အောင်သူဟိဏ်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဓနုဖြူမြို့နယ် (၁၆)ရပ်ကွက် မြစ်ကမ်းပါပြိုကျမှုကြောင့် နေအိမ် (၁၁)လုံးပါသွား
Reviewed by timeayeyar
on
9:37 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment