Latest News

Tuesday, December 26, 2017

ဟယ်ရီကိန်း ပရီမီယာလိဂ်ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာ

ဟယ်ရီကိန်း ပရီမီယာလိဂ်ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာ

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် ဘန်လေအသင်းနှင့် ပွဲစဉ်တွင် စပါးအသင်း အတွက် သွင်းဂိုးသုံးဂိုးအထိသွင်းယူနိုင်ခဲ့ခြင်းကြောင့် ပရီမီယာလိဂ်တွင် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့သည်။ တိုက်စစ်မှူး ဟယ်ရီကိန်းသည် ပရီမီယာလိဂ်ဂိုးသွင်းအများဆုံး ကစားသမားစာရင်းတွင် လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်နှင့်အတူ သွင်းဂိုး ၁၅ ဂိုးစီ သွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

တိုက်စစ်မှူး ဟယ်ရီကိန်းသည် ပရီမီယာလိဂ်သမိုင်းတစ်လျှောက် တစ်နှစ်အတွင်း ဂိုး အများဆုံးသွင်းထားသည့် ကစားသမားစာရင်းတွင်လည်း တိုက်စစ်မှူး အလန်ရှီးယား ဘလက် ဘန်းအသင်းတွင် ကစားခဲ့စဉ်က သွင်းယူခဲ့သည့် သွင်းဂိုး ၃၆ ဂိုးနှင့် တူညီသွားခဲ့ပြီဖြစ်သည်။

တစ်နှစ်အတွင်း ဂိုးသွင်းအများဆုံးကစားသမားစာရင်းကို ကြည့်မည်ဆိုပါက ၁၉၉၆ မှာ အလန်ရှီးယားက ဘလက်ဘန်းအသင်းနှင့်အတူ သွင်းဂိုး ၃၆ ဂိုး၊ ယခုဟယ်ရီကိန်းက စပါးအသင်းနှင့် အတူ သွင်းဂိုး ၃၆ ဂိုး၊ ၂ဝ၁၁ မှာ ဗန်ပါစီက အာဆင်နယ်အသင်းနှင့်အတူ သွင်းဂိုး ၃၅ ဂိုး၊ ၂ဝဝ၄ မှာ တယ်ရီဟင်နရီက အာဆင်နယ်အသင်းနှင့်အတူ သွင်းဂိုး ၃၄ ဂိုး စသည်ဖြင့် အသီးသီးရပ်တည်လျက်ရှိသည်။

လက်ရှိတွင် စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် အလန်ရှီးယား၏ ဂိုးသွင်းစံချိန် ကို ကျော်ဖြတ်နိုင်မည့်အခွင့်အရေးရှိနေပြီး ဒီဇင်ဘာ ၂၆ ရက်တွင် စပါးအသင်းယှဉ်ပြိုင်ကစား ရမည့် ဆောက်သမ်တန်အသင်းနှင့် ပွဲစဉ်တွင်  ဂိုးသွင်းနိုင်မည်လား စောင့်ကြည့်ရဦးမည် ဖြစ်သည်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် ဥရောပ၏ ထိပ်တန်းလိဂ်ငါးလိဂ်တွင် ဂိုးသွင်းအများ ဆုံးကစားသမားအဖြစ်လည်း ယခုနှစ်ဘောလုံးရာသီတွင် ရပ်တည်နိုင်မည့်အလားအလာများ လည်းရှိနေသည်။လက်ရှိတွင် ပြိုင်ပွဲအရပ်ရပ်၌ ၂၁ ဂိုးသွင်းယူထားသည်။

တိုက်စစ်မှူး ဟယ်ရီကိန်းသည် ၂ဝ၁၇ ခုနှစ်အတွင်း ကလပ်အသင်းနှင့် နိုင်ငံအသင်း အတွက် သွင်းဂိုး ၅၃ ဂိုးအထိသွင်းယူပေးထားနိုင်သူဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီ၊  ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒိုစကီး၊ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး စီရိုနယ်လ်ဒိုနှင့် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီတို့နှင့်အတူ ဂိုးသွင်းစံချိန်တင်ထားနိုင်ခဲ့သည်။ ငွေကြယ်

No comments:

Post a Comment