Latest News

Wednesday, December 13, 2017

ငဖဲမြို့နယ် နတ်ရေကန်ရှောင်ကွင်းလမ်း မိုင်တိုင်၁၃အနီး ဆန်အိတ်တင်ခြောက်ဘီးယာဉ်တစ်စီးတိမ်းမှောက် လူ၂ဦးသေဆုံး

ငဖဲမြို့နယ် နတ်ရေကန်ရှောင်ကွင်းလမ်း မိုင်တိုင်၁၃အနီး ဆန်အိတ်တင်ခြောက်ဘီးယာဉ်တစ်စီးတိမ်းမှောက် လူ၂ဦးသေဆုံး

ငဖဲ ဒီဇင်ဘာ ၁၃

      မင်းဘူး-အမ်းကားလမ်း ငဖဲမြို့နယ် ၊ နတ်ရေကန်ရှောင်ကွင်းလမ်း မိုင်တိုင်(၁၃)မိုင်အနီး  ဂုတ်ကြီးကျေးရွာ၏ အနောက်မြောက်ဘက်(၁)မိုင်ခန့်အကွာ(ပေါလုကွေ့)၌ ရခိုင်ပြည်နယ်၊အမ်းမြို့နယ်ဘက်မှ မကွေးတိုင်၊ငဖဲမြို့နယ်ဘက်သို့ ဆန် အိတ်များ တင်ဆောင်မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီး ဒီဇင်ဘာ၁၂ရက်နေ့၊ မွန်းလွဲ(၁)နာရီခန့်ကတိမ်းမှောက်ခဲ့ပြီး လူ(၂)ဦး သေဆုံးသွားကြောင်း ဂုတ်ကြီးရဲစခန်းမှ သိရသည်။

 “ ယာဉ်ပေါ်မှာ ၃ဦးလိုက်ပါလာပြီးတော့ ယာဉ်မောင်းနဲ့နောက်တစ်ယောက်က နေရာမှာတင် သေဆုံးသွားပါ တယ်။ သေဆူံးသွားသူ ၂ဦးနဲ့ သတိမေ့နေတဲ့ ကျန်တစ်ယောက်ကိုတော့ ပဒါန်းတိုက်နယ်ဆေးရုံကို ပို့ထားပါတယ် ” ဟု ဂုတ်ကြီး ရဲစခန်းမှူး ရဲအုပ်ကျော်မျိုး က ပြောသည်။
 ယာဉ်တိမ်းမှောက်နေရာသို့သွားရောက်စစ်ဆေးချက်အရ ယာဉ်မောင်း ပြည့်ဖြိုးအောင်၊ (သ) ၃၀/၁၇နှစ်၊ ဇေယျဝတီရပ်ကွက်၊ အောင်လံမြို့နေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဖြိုးကိုကို၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး တိုင်းဒေသကြီး နှင့် ကျော်ဝင်းထွန်း၊ ၁၇/၈၇လမ်းမင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူတို့ လိုက်ပါလာသည့် ဆန်အိတ်များတင်ဆောင်ထားသော  COUNTER အဖြူ ရောင်(၆)ဘီးယာဉ်မှာ မိုင်တိုင် ၁၃အနိး ကားလမ်း၏ ယာဘက်တွင် တိမ်းမှောက်နေသည်ကို တွေ့ရသည်ဟု ၄င်းကဆိုသည်။

         ယာဉ်မောင်း ပြည့်ဖြိုးအောင်မှာ ဦးခေါင်း ပြားဒဏ်ရာဖြင့်လည်းကောင်း ၊  ယာဉ်ပေါ်ပါ ကျော်ဝင်းထွန်းမှ ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲပြီး  ယာဉ်ပေါ်ပါ ဖြိုးကိုကိုမှာ ဝဲဘက်မျက်လုံး ပေါက်ထွက်ဒဏ်ရာ (၁)ချက်၊ ဝဲနားထင်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဘက်လက်မောင်းနှင့်ပေါင်တို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိ လျှက် အခင်းဖြစ်နေရာတွင် သတိမရစစ်ဆေးတွေ့ရှိရသဖြင့် သေဆုံးသူနှင့် ဒဏ်ရာရှိသူတို့အားဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ရဲ မှတ်တမ်းများအရ သိရသည်။

        ယာဉ်မဆင်မခြင် မောင်းနှင်သူ ပြည့်ဖြိုးအောင်အား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း ရဲအုပ်ကျော်မျိုးထံမှ သိရသည်။

         ဇေယျတု(မကွေး)မြန်မာ့အလင်း

No comments:

Post a Comment