Latest News

Thursday, November 2, 2017

YBS ဘတ်စ်ကားများတွင် မီးသတ်ဆေးဘူး ရှိ၊ မရှိ လိုက်လံစစ်ဆေး

YBS ဘတ်စ်ကားများတွင် မီးသတ်ဆေးဘူး ရှိ၊ မရှိ လိုက်လံစစ်ဆေး

ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေမှာ မီးသတ်ဆေးဘူးတွေထားရှိဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တာဝန်ရှိသူတွေက စစ်ဆေးမှုတွေလုပ်နေပါတယ်။

နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ ရွာသာကြီးဆေးရုံအနီး သပြေခြံမှတ်တိုင်မှာ YRTA ကနေ YBS ယာဉ်တွေကို စစ်ဆေးနေပြီး ယာဉ်လိုင်စင်စစ်ဆေးတာ၊ ယာဉ်မောင်းနဲ့ နောက်လိုက်တွေကို တူညီဝတ်စုံ ဝတ်ဆင်မှု ရှိမရှိ စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် YBS ယာဉ်တွေမှာ ခြောက်သွေ့ရာသီရောက်လာတာကြောင့် မီးသတ်ဆေးဘူး ရှိမရှိတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။

YRTA အနေနဲ့ ယာဉ်မောင်းလိုင်စင်စစ်ဆေးတာ၊ သတ်မှတ်အင်္ကျီ ၀တ်ဆင်တာ ရှိမရှိ စစ်ဆေးတာတွေနဲ့ မီးသတ်ဘူးတွေကို တပ်ဆင်ထားဖို့ ပြောသွားတယ်လို့ BUS ၇၁ ယာဉ် အကူတစ်ယောက်ကပြောပါတယ်။

နိုဝင်ဘာ ၁ ရက်မနက် ၇ နာရီကျော်လောက်က  တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၂ ရပ်ကွက်၊ သုမင်္ဂလာလမ်းနဲ့ ပဒေသာမှတ်တိုင်အနီးမှာ သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာကနေ ဒဂုံတက္ကသိုလ်ကိုပြေးဆွဲတဲ့ YBS ယာဉ်တစ်စီး မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း-ဓာတ်ပုံ- စိုးမိုးအောင်

DVB

No comments:

Post a Comment