Latest News

Friday, November 24, 2017

အမေရိကန်တို့၏ လူမျိုးတုန်းသတ်ဖြတ်မှုသမိုင်း။(The true story behind Thanksigiving)


အမေရိကန်တို့၏ လူမျိုးတုန်းသတ်ဖြတ်မှုသမိုင်း။

မြန်မာနိုင်ငံတွင်လူမျိုးတုန်းသတ်ဖြတ်မှုများရှိနေတယ်လို့ စွပ်စွဲပြောဆိုလိုက်တဲ့ အမေရိကန်နိုင်ငံမှာ 
ယနေ့ကျင်းပတဲ့ ကျေးဇူးတော်နေ့ဟုဆိုသည့်ပွဲရဲ့သမိုင်းဇစ်မြစ်အမှန်မှာအမေရိကန်ဌာနေတိုင်းရင်းသား
များကို နယ်မြေသစ်ချဲ့ထွင်ရှာဖွေသူတို့ကလူမျိုးတုန်းသတ်ဖြတ်သည့်နေ့၊ အောင်သေအောင်သားစား
သည့်နေ့အထိမ်းအမှတ်ပင်ဖြစ်ပေသည်။

၁၆၂၀မှာ မေဖလားဝါးသင်္ဘောကြီးနဲ့မြောက်အမေရိကတိုက်ကိုရောက်လာကြတဲ့ ပလိုင်းမောက်၊အင်္ဂလန်ကနယ်မြေသစ်ရှာဖွေသူတွေဟာ သူတို့ကို နယ်မြေသစ်မှာ နေထိုင်ဖို့အကူအညီပေးခဲ့တဲ့ဌာနေတိုင်းရင်းသားတွေနဲ့အတူ ကောက်ရိတ်သိမ်းပွဲကို အောင်မြင်စွာသုံးရက်တိုင်တိုင်ကျင်းပခဲ့ရာက ကျေးဇူးတော်နေ့ Thanksgiving Dayစတင်ခဲ့ကြောင်း အမေရိကန်ကျောင်းသင်ခန်းစာတွေမှာသင်ကြားကြရပါတယ်။

"သမိုင်းဆိုတာ အနိုင်ရရှိသူက ရေးသားတယ်"ဆိုတဲ့ စကားအတိုင်းတကယ့်အဖြစ်မှန်က ဒီလိုမဟုတ်ဘူး
ဆိုတာကို အောက်ပါဗီဒီယိုမှာ ရက်အင်ဒီးယန်းမိန်းကလေးတွေကရှင်းပြထားပါတယ်။
တကယ့်အဖြစ်မှန်က တရွာလုံးကို ဥရောပနယ်မြေသစ်ရှာဖွေသူတွေသတ်ဖြတ်ပြီး တဲ့နောက်မှာ
အောင်သေအောင်သားစားကြတဲ့ပွဲပဲဖြစ်ပါတယ်။
သမ္မတလင်ကွန်းလက်ထက်မှာ ဒီနေ့ကို တရားဝင်ပွဲတော်အဖြစ်စတင်သတ်မှတ်ပြီး ကျင်းပခဲ့ကြပါတယ်။
သမ္မတလင်ကွန်းက ဒါကိုတာ ဌာနေတိုင်းရင်းသား ၃၈ ဦးကို စစ်ရာဇ၀တ်ကောင်အဖြစ်ကြိုးပေးသတ်ခဲ့
ပါတယ်။

အမေရိကန်တွေက ပျော်ရွှင်စွာ ဆင်နွှဲနေကြတဲ့ကျေးဇူးတော်နေ့ဟာ ဌာနေတိုင်းရင်းသားတွေအတွက်တော့ သူတို့ရဲ့ဘိုးဘေးတွေလူမျိုးတုန်းသုတ်သင်ခံခဲ့ရမှု၊အကြမ်းဖက်ခံရမှု၊မုဒိန်းကျင့်ခံရမှုစတဲ့ ဖြစ်ရပ်တွေအတွက် ၀မ်းနည်းကြေကွဲကြရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။
ဌာနေတိုင်းရင်းသားတွေဟာ သူတို့ရဲ့ဓလေ့ထုံးစံတွေကို ပိတ်ပင်ခြင်းခံခဲ့ရတယ်။
သူတို့ရဲ့အိမ်တွေကနေမောင်းထုတ်ခြင်းခံခဲ့ရတယ်။ရက်အင်ဒီယန်းတွေကို သူတို့ဒေသကနေမောင်းထုတ်
ခဲ့ကြတဲ့ မျက်ရည်လမ်းကြောင်း Trail of Tearsဆိုတဲ့  သမိုင်းဟာအမေရိကန်တွေရဲ့ ရှက်ဖွယ်ရာ
သမိုင်းအမည်းစက်ဖြစ်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုကိုကျူးလွန်ခဲ့ပြီး ထိုနေ့ကို ကျေးဇူးတော်နေ့အဖြစ် အောင်သေအောင်သားစား
ပွဲတော်ကျင်းပဆဲဖြစ်သည့် အမေရိကန်နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံတွင်းမှ လူနည်းစုရက်အင်ဒီးယန်းတို့၏ ခံစား ချက်ကိုအလေးအနက်ထားသင့်လှပေသည်။ နှစ်စဉ် ကျေးဇူးတော်နေ့ရောက်တိုင်း ၄င်းတို့၏ဘိုးဘေးများအပေါ်အနိုင်အထက်ပြုမူခဲ့သည့်ဖြစ်ရပ်ကြောင့် နာကျင်ခံစားကြရသည့် ရက်အင်ဒီးယန်းတို့အတွက် တစ်စုံတရာဖြေရှင်းမှုလုပ်သင့်လှပေသည်။

မြန်မာပြည်တွင် လူမျိုးတုံးသုတ်သင်မှုများရှိနေသည်ဟုစွပ်စွဲပြောဆိုလိုက်သည့်အမေရိကန်အစိုးရအနေနှင့် 
၎င်းတို၏ဘိုးဘေးများ ကျူးလွန်ခဲ့သည့်လူမျိုးတုန်းသုတ်သင်မှုသမိုင်းအမည်းစက်ကို ရက်အင်ဒီယန်းဌာနေတိုင်းရင်းသားများနှင့်ပြေလည်အောင်အရင်ဖြေရှင်းမှုပြုရန် တုံ့ပြန် ပြောဆိုလိုက်ပါသည်။
တိုင်းဧရာ





No comments:

Post a Comment