Latest News

Friday, November 24, 2017

မြန်​မာနိုင်​ငံအတွက်​ အ​ရေးကြီးတဲ့ဆုံးဖြတ်​ချက်


နိုဝင်​ဘာ ၂၃ရက်​က ကျင်းပတဲ့ ပြည်​သူ့လွှတ်​​တော်​ အစည်းအ​ဝေးက
သယံဇာတဝင်​​ငွေ အားလုံး ပြည်​​ထောင်​စုဘဏ္ဍာရန်​ပုံ​ငွေထဲ အလုံးစုံ ဝင်​​ရောက်​​ရေးအဆိုကို တခဲနက်​ အတည်​ပြုလိုက်​ပါတယ်​။

စီမံ/ဘဏ္ဍာ ဒုဝန်​ကြီးက အဆိုကို မှတ်​တမ်းအဖြစ်​သာ ထားရှိ​ပေးဖို့ ​တောင်းဆိုခဲ့​ပေမယ့်​ လွှတ်​​တော်​က မဲခွဲကာ အဆိုကို အတည်​ပြုဖို့ ပြတ်​ပြတ်​သားသား ဆုံးဖြတ်​လိုက်​တာပဲ ဖြစ်​ပါတယ်​။

ဒါဟာ မြန်​မာနိုင်​ငံအတွက်​ သယံဇာတဝင်​​ငွေ စီမံခန့်​ခွဲမှုနဲ့ ပတ်​သက်​လို့ အ​ပြောင်းအလဲတစ်​ခုကို ဖန်​တီးမယ့်​ အ​ရေးကြီးတဲ့ ဆုံးဖြတ်​ချက်​ ဖြစ်​ပါတယ်​။

ဒီ​ရှေ့မှာ ၂၀၁၂ခုနှစ်​က စလို့ သယံဇာတဝင်​​ငွေရဲ့ ၄၅%ခန့်​သာ ပြည်​​ထောင်​စုဘဏ္ဍာရန်​ပုံ​ငွေထဲ ထည့်​သွင်းပြီး ၆၅%ခန့်​က SEE​s တွေရဲ့ Other Accounts ​တွေထဲ ဘီလျံ​ဒေါ်လာနဲ့ချီတဲ့ ပိုက်​ဆံ​ဟာ ​ငွေ​သေ/​ငွေအိပ်​​တွေအဖြစ်​ ​ရောက်​ရှိ​နေခဲ့တာ ဖြစ်​ပါတယ်​။(ဒီအ​ကောင့်​​တွေမှာ ပိုက်​ဆံ ပမာဏ ဘယ်​​လောက်တောင် ရှိနေသလဲဆိုတာ အခုထိ အတိအကျ မသိရ​သေးပါဘူး။)

Other Accounts ထဲက ပိုက်​ဆံဟာ သက်​ဆိုင်​ရာ SEEs ​တွေသာ စီမံသုံးစွဲခွင့်​ရပြီး ကျန်​တဲ့ ပညာ​ရေး၊ကျန်းမာ​ရေး၊အ​ခြေခံအ​ဆောက်​အအုံ စတဲ့ ဖွံ့ဖြိုး​ရေးလုပ်​ငန်း​တွေမှာ မျှ​ဝေသုံးစွဲခွင့်​ မရှိဘူးဆိုတဲ့ သ​ဘော သက်​​ရောက်​ပါတယ်​။

ပြည်​သူ့လွှတ်​​တော်​ရဲ့ တိုက်​တွန်းချက်​အတိုင်း သယံဇာတဝင်​​ငွေအားလုံး ပြည်​​ထောင်​စုဘဏ္ဍာရန်​ပုံ​ငွေထဲ တစ်​လုံးတစ်​စည်းတည်း ထည့်​သွင်းပြီး အလိုအပ်​ဆုံး လုပ်​ငန်း​တွေမှာ စနစ်​တကျ စီမံခန့်​ခွဲ သုံးစွဲမယ်​ဆိုရင်​ တိုင်းပြည်​အတွက်​ အမှန်​တကယ်​ အကျိုးများလာမှာ
ဖြစ်​ပါတယ်​။

(ဒီအဆိုနဲ့ ပတ်​သက်​လို့ ဒဂုံမဲဆန္ဒနယ်​က ​ဒေါက်​တာ​ဒေါ်သက်​သက်​ခိုင်​ က ​အောက်​တိုဘာ ၁၉ရက်​ ပြည်​သူ့လွှတ်​​တော်​ အစည်းအ​ဝေးမှာ အဆိုတင်​သွင်းစဉ်​က လွှတ်​​တော်​အ​နေနဲ့ အဆိုကို လက်​ခံ​ဆွေး​နွေးသင့်​​ကြောင်း ​ထောက်​ခံ​ဆွေး​နွေးခဲ့ပါတယ်​။)

*SEEs - State owned Economic Enterprises နိုင်​ငံပိုင်​ စီးပွါး​ရေးလုပ်​ငန်းများ
Maung Tin Thit
၂၅နိုဝင်​ဘာ၂၀၁၇
နေပြည်​​တော်​။



No comments:

Post a Comment