Latest News

Sunday, November 19, 2017

SOPHIA VOGEL ရဲ့ wiht and without


လူသားတွေဘယ်တုန်းကစပြီး အ၀တ်ဝတ်ဆင်ခဲ့ကြပါသလဲ။
လေ့လာမှုတွေအရလွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းခုနှစ်ထောင်ကျော်လောက်ကစပြီး လူသားတွေ
အ၀တ်စတင်ဝတ်ဆင်ခဲ့ကြတယ်လို့ဆိုပါတယ်။
ရေခဲခေတ်ကိုကြုံရတဲ့အခါ အအေးဒဏ်ကို ခံနိုင်ဖို့ အ၀တ်အစားတွေကို
စတင်ပြီးဝတ်ဆင်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ အ၀တ်အစားဟာ
ရာသီဥတုကိုခံနိုင်ရည်ရှိဖို့တင်မက၊အလှအပအတွက်၊
ဂုဏ်ရည်အဆင့်အတန်းကို ပြသဖို့အတွက်ပါ အဆင်တန်ဆာတစ်ခုဖြစ်လာခဲ့ပါတယ်။

ဂျာမဏီနိုင်ငံက ဓာတ်ပုံဆရာမလေးဆိုဖီရာကတော့ အ၀တ်တွေဝတ်ဆင်ပြီးနေကြတဲ့ယဉ်ကျေးမှုနေတဲ့
လူသားတွေရဲ့နေစဉ်ဘ၀ဖြတ်သန်းမှုကိုအ၀တ်ခွာပြီး ကြည့်ချင်သူပါ။
သူမရဲ့ With and Without ဆိုတဲ့ဓာတ်ပုံဆီးရီးမှာ လူတွေရဲ့ နေ့စဉ်ဖြတ် သန်းနေတဲ့လူမှုဘ၀တွေကို
အ၀တ်အစားနဲ့တခါ၊ အ၀တ်အစားမပါပဲတစ်ခါရိုက်ပြီး ယှဉ်တွဲပြသခဲ့ပါတယ်။

သူမက "ကျမပြောပြချင်တဲ့အချက်က လူသားတွေကိုယ်တုံးလုံးနေတာဟာ အ၀တ်အစားဝတ်ဆင်ထားသလို ပဲ သဘာဝကျပါတယ်။ တကယ်တော့ ကျမတို့အားလုံးဟာ အ၀တ်အစားတွေရဲ့အောက်မှာ အားလုံး ကိုယ်တုံးလုံးနဲ့ပါပဲ " တဲ့။

"ခန္ဓာကိုယ် ပုံသဏ္ဍာန်အမျိုးမျိုးကို သဘာဝအတိုင်းရိုက်ပြီးတဲ့အခါ လူတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့လှနေကြတယ်ဆိုတာ ကျမက ပြသချင်တာပါ။ကျမက လုံးတီးခန္ဓာကိုယ်ရဲ့အလှကို လိင်ကိစ္စဆက်နွယ်မှုမရှိပဲ တင်ပြချင်တာပါ။လုံးတီးရိုက်ကူးထားတဲ့ပုံတိုင်းဟာ လိင်မှုကိစ္စနဲ့ဆက်နွယ်မနေပါဘူး " လို့သူကဆိုပါတယ်။
သူရိုက်ကူးတဲ့လူတွေဟာ မော်ဒယ်တွေမဟုတ်ပဲ သာမာန်အရပ်သူအရပ်သားတွေပဲဖြစ်ပြီး ကျောင်းဆရာ၊ဆရာမတွေ၊သွားဆရာဝန်၊ရှေ့နေ စတဲ့သူတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို ရိုက်ကူးခဲ့ပြီးပြီလို့ဆိုပါတယ်။
SZ(Time Ayeyar)

 

No comments:

Post a Comment