Latest News

Sunday, November 19, 2017

ဒုက္ခသည် ပြသာနာ ဖြေရှင်းရေး အချက် (၃) ချက် အား ကမ္ဘာသို့ ချပြလိုက်ပြီ


နေပြည်တော်သို့ ယမန်နေ့က ဘင်္ဂလားဒေ့ရှ်မှတဆင့် ရောက်ရှိလာသော တရုတ်နိုင်ငံခြား
ရေး ၀န်ကြီး ၀မ်ယီသည် သမ္မတ ဦးထင်ကျော်၊နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်
ဆန်ုးစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လိုင်တို့ နှင့် တွေ့ ဆုံဆွေးနွေ့းပြီးနောက်
 အောက်ပါ အချက် (၃) ချက်ကိုချ ပြလိုက်ပါတယ်။

(၁) အပြစ်အခတ်ရပ်စဲပြီး ဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်မှု ရရှိရေး ဆောင်ရွက်ရန်။ သို့မှသာ
ထွက်ပြေးနေမှုများ ရပ်တန့်ပြီး လူအများ အေးချမ်းစွာ နေထိုင်နိုင်မည် ဖြစ်သည်။

(၂) ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ နှစ်နိုင်ငံများတန်းတူညီမျ မှုကို အခြေခံ၍ ညှိနှိုင်းဆွေးနွေး
ခြင်းဖြင့် ပြသာနာကို ပြေလည်အောင် ဖြေရှင်းနိုင်ရေးကို အားပေး ထောက်ခံမှု ပြုကြရန်။

(၃) နိုင်ငံတကာ အသိုက်အ၀န်းမှ ရခိုင်ဒေသဖွံ့ဖြိုး လာရေး ၀ိုင်းဝန်း အကူအညီပေးကြရန် တို့
ဖြစ်ပါတယ်။တရုတ်ပြည်အနေနဲ့လည်း အဆိုပါ ဒေသတွင်ဆင်းရဲမှု ပပျောက်ရေး နှင့် ရင်းနှီးမြုပ်နှံမှုများ
တိုးမြှင့်ရေးတွင် ပါဝင်ဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားရာတွင် တရုတ် နှင့် မြန်မာတို့သည်
နိုင်ငံ အရွယ်အစား နှင့် အင်အား ကွာခြားသည် မှန်သော်လည်း အပြန်အလှန် နားလည်
မှု ပေးရာတွင် တူညီသောတန်ဖိုးများ ထားကြသည့် မိတ်ဆွေနိုင်ငံများပင် ဖြစ်တယ်လို့ ဆို
ပါတယ်။

ပြီးဆုံးသွားခဲ့သော တရုတ်ကွန်မြူနစ်ပါတီညီလာခံကြီးမှ ပိုမို ယုံကြည်မှုရှိသော နိုင်ငံခြား
ရေး မူဝါဒ ဖြင့် ကမ္ဘာရေးရာများတွင် ပို၍ ကြီးမား ကျယ်ပြန့်သော ကဏ္ဍ မှ ပါဝင်ရေးကို
လမ်းညွန် အဖြစ် ချမှတ်လာခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေး ၀န်ကြီးမှ ကြားဝင်စေ့စပ်သူ
အနေဖြင့် ပထမဆုံးအကြိမ် ကမ်းလှမ်းလာခဲ့တာ ဖြစ်ပါတယ်။

ယင်းသည်ကလည်း တရုတ်ပြည်အားတာဝန်ယူမှု ရှိသော အင်အားကြီးနိုင်ငံတခု
အဖြစ် ရှု့ မြင်စေလိုတာလည်း ဖြစ်တယ်လို့လေ့လာသူတွက ဆိုပါတယ်။

နောက်တကြောင်းကလည်း တရုတ်ရဲ့ One belt One road အစီအစဉ်များအရ ဘင်္ဂလားဒေ့ရှ်- တရုတ် - အိန္ဒိယ - မြန်မာ စီးပွားရေး စင်္ကြန်ကြီး တခု ဖေါ်ဆောင်ရေးမှာ ရခိုင်အရေးကအဟန့်အတား ဖြစ်လာမှာကို လုံးဝ မလိုလားတာ ကြောင့်လည်း ဖြစ်ပါတယ်။

ထို့ပြင် ယခု အကြမ်းဖက်မှုတွင် နောက်ကွယ်က ပါဝင် ပါတ်သက်နေတယ်လို့ စွပ်စွဲထားတဲ့
ပါကစ္စတန်ကလည်း တရုတ်ရဲ့ မဟာမိတ် ဖြစ်နေပြန်တဲ့အပြင် နိုင်ငံတွင်းရှိ အခြေခံ
အဆောက်အအုံများ နဲ့ တရုတ် - ပါကစ္စတန်စီးပွားရေး စင်္ကြန်လမ်း တည်ဆောက်ရေး
အတွက် ထောက်ပံ့ငွေ နဲ့ ချေးငွေ နှစ်ရပ် စုစုပေါင်း ဒေါ်လာ ၄၆ ဘီလီယံ ထောက်ပံ့ဖို့
လည်း ရှိနေတာကြောင့် ကောင်းစွာ သြဇာသက်ရောက်မူ ပေးပြီး ထိမ်းချုပ်နိုင်စွမ်းလည်း
ရှိနေပါတယ်။

သို့သော်လည်း တရုတ်တို့ အဓိက ရင်ဆိုင်ရမယ့် အခက်အခဲကတော့ ဘင်္ဂါလီများအား
ရိုဟင်ဂျာ ဟု ဆိုကာ နိုင်ငံသား အဖြစ် လက်ခံပေးရေး ကို မူ မြန်မာအား မည်သို့မျ နားချ၍
ရ မည် မဟုတ်ဆိုတာပဲ ဖြစ်ပါတယ်။

၎င်းတို့ အနေနှင့် လုပ်နိုင်သည်များကတော့မြန်မာနိုင်ငံမှ ပြန်လည်လက္ခံပြီးသူများကို
ငွေကြေးအကူအညီပေးခြင်း။ လက်မခံပဲ ကျန်နေသူများကို အတင်းအကျပ် ပြန်ပို့ရေး
မတောင်းဆိုရန် ဘင်္ဂလားဒေ့ရှ်အား အကူအညီများ ထောက်ပံ့ပေးရေးတို့ ဖြစ်တယ်လို့ ရှန်ဟိုင်း
ရှိ လူမှုရေး သိပ္ပံ အကယ်ဒမီ အင်စတီကျု မှ နိုင်ငံတကာ ဆက်ဆံရေး သုတေသီ ဟူ ဇီယောင်
က ထင်မြင်ချက် ပေးခဲ့ပါတယ်။

နောက်တချက် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ပြန်တဲ့ သံတမန် အောင်ပွဲတခုကတော့
ဒီနေ့ နေပြည်တော်မှာ ကျင်းပဖို့ ရှိနေတဲ့အာရှ- ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ
(ASEM) .အစည်းအဝေးမှာ "ရိုဟင်ဂျာ"အကြောင်းကို တိုက်ရိုက် ထည့်သွင်း
မဆွေးနွေးကြဖို့သဘောတူလိုက်ခြင်းပဲ ဖြစ်တယ်လို ကျို ဒိုသတင်းဌာနက ဖေါ်ပြလိုက်တာပဲ ဖြစ်ပါတယ်။
လှစိုးဝေ
ကိုးကား။ ။ South China Morning Post

No comments:

Post a Comment