နိုဝင်ဘာ(၆) ၂၀၁၇ ရန်ကုန်
လူမျိုးတုန်းသတ်ဖြတ်မှုများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများကိုသက်သေမပြနိုင်ဘဲ ဒေါ်အောင်ဆန်းစုကြည်အားချီးမြှင့်ထားသော ဂုဏ်ထူးဆောင်ဆုတံဆိပ်များကိုပြန်လည်ရုပ်သိမ်းလိုက်ခြင်းသည် လိုတစ်မျိုးမလိုတစ်မျိုးလုပ် ခြင်းသာဖြစ် ပြီးလူကြီးလူကောင်းမဆန်သောလုပ်ရပ်သာဖြစ်ကြောင်းNLD ပါတီ ဗဟိုပြန်ကြားရေး အတွင်းရေးမှူးမုံရွာအောင်ရှင်ကပြောသည်။
ဗြိတိန်နိုင်ငံ glasgow မြို့တော်အုပ်ချုပ်ရေးပိုင်းက ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသော Glasgow of freedom လူ့ခွင့်အရေးဆုကို နိုဝင်ဘာလဆန်းကပြန်လည်ရုပ်သိမ်းခဲ့သည်။
ထို့အတူ နိုဝင်ဘာလ (၂)ရက်နေ့က Freedom of Sheffieid ဆုကိုလည်းရုပ်သိမ်းကြောင်း Sheffieid မြို့တော်အုပ်ချုပ်ရေးက ကြေညာခဲ့မှုကို VOA သတင်းဌာနတွင်ဖော်ပြခဲ့သည်။
"သူတို့ လိုတဲ့အချိန်ကတမျိုး၊အခုကလိုတစ်မျိုးမလိုတစ်မျိုးလုပ်လာတာက သိပ်လူကြီးလူကောင်းမဆန်ဘူး။သူတို့တွေကဂုဏ်သိက္ခာရော အမြှော်အမြင်ရှိတယ်လို့သတ်မှတ်ထားတာလေ။အခုလုပ်လိုက်တဲ့အခါကျတော့ဘာဂုဏ်သိက္ခာမှမရှိဘူး။ဘာမှအထင်ကြီးစရာမရှိဘူး။သူတို့ပေးတုန်းကလည်းကျွန်တော်တို့တောင်းဆိုခဲ့တာမဟုတ်ဘူး"ဟု NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်မုံရွာအောင်ရှင်ကပြောသည်။
ရခိုင်အရေးနှင့်ပတ်သက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုများ လူ့အခွင့်အရေးချိုးဖောက်မှုများမရှိခဲ့ကြောင်း၊နိုင်ငံတကာမီဒီယာများ၏ တစ်ဖက်သတ်ရေးသားမှုများကိုအတည်ပြုကာ မြန်မာနိုင်ငံအပေါ်စွပ်စွဲနေခြင်းသာဖြစ်ကြောင်းမုံရွာအောင်ရှင်ကဆိုသည်။
စက်တင်ဘာလအတွင်းကလည်း အောက်စဖို့တက္ကသိုလ်တွင်ထားရှိသောဒေါ်အောင်ဆန်းစုကြည်၏ပုံတူပန်ချီးကားကိုဖယ်ရှားခြင်းခံခဲ့ရသေးသည်။
ဓာတ်ပုံ နိုင်ငံတော် အတိုင်ပင်ခံရုံး
The Nyang News
No comments:
Post a Comment