Latest News

Monday, November 6, 2017

ဖျာပုံခရိုင် ဘိုကလေးမြို့ ၁ရပ်ကွက် ဒုတ်ယလမ်း ရွှေငါးကြီးဆိပ်အနီး မီးလောင်မှုဖြစ်ပွား

ဖျာပုံခရိုင် ဘိုကလေးမြို့ ၁ရပ်ကွက် ဒုတ်ယလမ်း ရွှေငါးကြီးဆိပ်အနီး မီးလောင်မှုဖြစ်ပွား

နိုဝင်ဘာလ ၆ရက် နံနက် ၁၁နာရီ မိနစ်၂၀ခန့်က ဖျာပုံခရိုင် ဘိုကလေးမြို့ ၁ရပ်ကွက် ဒုတ်ယလမ်း ရွှေငါးကြီးဆိပ်အနီး မီးလောင်မှုဖြစ်ပွားရာနေအိမ်၁၀လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ဘိုကလေးမြို့ ဗိုလ်တေဇလမ်း ရွှေငါးကြီးဆိပ်အနီးရှိ ဦးသံချောင်းလေးဆီဆိုင်မှ အလုပ်သမားဖြစ်သူ အောင်ဖြိုးဦးမှ ပလပ်စတစ်ပုံးများအတွင်းသို့ အောက်တိန်းဆီဖြည့်နေစဉ် တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ကနဦးသိရသည်။

ယင်းမီးလောင်မှုဖြစ်စဉ်ကြောင့် နေအိမ် ၁၀လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၁၃စု မီးဘေးသင့်ခဲ့ကြောင်း သိရသည်။ မီးဘေးသင့်ပြည်သူများအားသက်ဆိုင်ရာဖျာပုံခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး ဖျာပုံခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီသီချိုတို့နှင့်အတူ သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများနှင့် ဒေသခံများပူးပေါင်း၍ဘိုကလေးမြို့ ညောင်ပင်လေးကျောင်းတိုက်တွင်နေရာချထားကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

ဌေးနိုင် (ဘိုကလေး)မြန်မာ့အလင်း

No comments:

Post a Comment