Latest News

Friday, November 17, 2017

ကျုံပျော်မြို့ အုန်းသုံးပင် သုဿန် သန့်ရှင်ရေး စတင်လုပ်ဆောင်

ကျုံပျော်မြို့ အုန်းသုံးပင် သုဿန် သန့်ရှင်ရေး စတင်လုပ်ဆောင်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ ကျေးဇူးတော်ရှင်ဝေဠုဝန်ဆရာတော်ကြီး၏ လမ်းညွှန် ဩဝါဒနှင့် အုန်းသုံးပင် သုဿန်လမ်းကိုကျေးလက်ဦးစီးမှူး ဦးစန်းယုလှိုင် စည်ပင်ဥက္ကဋ္ဌ ဦးမြင့်ဆွေ  တို့ အနီးကပ် ကြီးကြပ်မှုဖြင့်လမ်းများ တိုးချဲ့ နေပါပြီ  အုန်းသုံးပင် သုဿန် သန့်ရှင်ရေး စတင်လုပ်ဆောင်နေပါပြီ။

သန့်ရှင်းရေးပြီးစီးသည်နှင့် တပြိုင်နက် သုဿန်တွင်း ရှိသမျှ အုတ်ဂူအားလုံး ကို ရေးသားထားသည့် ကွယ်လွန်သူ နာမည်များကိုစနစ်တကျ  စာရင်းများကို အဦးဆုံးသေချာပြုစုထားမှာ ဖြစ်ပါတယ်။

စာရင်းများစနစ်တကျ ပြုစုပြီးမှ အုတ်ဂူအားလုံးကို ဖျက်မှာ ဖြစ်ပါတယ်
အရိုးအိုးများလည်း နာမည်စားရင်းနှင့်အတူ သေချာ သိမ်းဆည်းပေးမှာ ဖြစ်ပါတယ် အဓိကအချက်အနေနဲ့ သိစေလိုသည်မှာအုတ်ဂူအားလုံး ဖျက်နေချိန်မှာ  မိမိတို့ ဆန္ဒအလျှောက်  အုတ်ဂူများ ဖျက်လိုကလည်း ဖျက်နိုင်ပါတယ် ကြွင်းကျန်သည့် အရိုးအိုးများကို အမတနာရေးကူညီမှု အသင်း ဦးဆောင်လူကြီးများဖြစ်ကြသည့် ဦးကျော်ခင်(ဦးဝတ်ကြီး )
ဦးဇော်မိုး တို့ကိုလည်း ကိုယ်တိုင် ကိုယ်ကျ အရိုးအိုးများအပ်နှံနိုင်ပါတယ်။

အုတ်ဂူဟောင်းများ အားလုံး ဖျက်လို့ ပြီးစီးသွားရင် အသစ်တစ်ဖန် အုတ်ဂူများကို နဂိုမူရင်းနာမည်များနှင့်အတူ ပြန်လည်ပြုလုပ်ပေးမှာ ဖြစ်ပါတယ် ။အုတ်ဂူထဲ အရိုးအိုးများကိုလည်း စနစ်တကျ ပြန်လည်ထည့်သွင်းပေးမှာ ဖြစ်လို့  စိုးရိမ် သောက မဖြစ်ကြဖို့ ပြောလိုပါတယ်။

ကောလာဟလ သတင်းနှင့်  တဆင့်ပြောစကားများအယုံကြည် မလွယ်ကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါသည်။

အသေးစိပ် သိလိုပါက

ဝေဠုဝန်တာဝန်ခံဆရာတော် အရှင်ဓမ္မာနန္ဒ
ဖုန်း...09795986856
ဇေတဝန်ဆရာတော်
ဖုန်း..09422453928

မဏိရတနာရာမ စာချဆရာတော် အရှင်နရပတိ
ဖုန်း....09422500999

ဘဒ္ဒန္တ ဇာနေယျ (ဇေတဝန်ကျောင်းတိုက်)

No comments:

Post a Comment