Friday, November 17, 2017
ဘင်္ဂါလီ အရေး အလှည့်အပြောင်း ဖြစ်ခဲ့ရသလို ၀မ်းနည်းဖွယ် ကောင်းသော နေ့
ယနေ့က မြန်မာ အတွက် ဘင်္ဂါလီ အရေး အလှည့်အပြောင်း ဖြစ်ခဲ့ရသလို ၀မ်းနည်းဖွယ် ကောင်းသော နေ့လည်း ဖြစ်ခဲ့ရ
အလှည့်အပြောင်း ဖြစ်လာခဲ့ရသည့် အကြောင်းကား မနေ့က ဘင်္ဂလား ပါလီမာန်တွင် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် စကားကျွံသွားခဲ့ရခြင်းပင် ဖြစ်သည်။
အတိုက်အခံ BNP ပါတီ ခေါင်းဆောင် ခါလီဒါ ဇီယာမှ ကောက်ဘဇားရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်လည်ပါတ်ကြည့်ရှု့ခဲ့ခြင်း အပေါ် မနာလို ၀န်တိုစွာဖြင့် ပါလီမာန်တွင် စကားနာ ထိုးခဲ့ရာမှ စတင်ခဲ့ခြင်းပင် ဖြစ်သည်။
အဘယ်ကြောင့် ထိုသို့ သွားခဲ့ရသနည်း ဟု ဆိုကာ စတင်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုခရီးစဉ်အား ကားကြီးကားငယ် အသွယ်သွယ် ဖြင့် ၀တ်ကောင်းစားလှ များ ၀တ်ဆင်ပြီး မင်္ဂလာဆောင်များ သွားသလားဟု ထင်မှတ်ရကြောင်း၊
တကယ်ဆိုက "ရိုဟင်ဂျာ" ဆိုသည့် ပြဿနာအား စတင်ဖန်တီးခဲ့သူမှာ သူမ၏ ခင်ပွန်း စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဇီယာ ရာမန် ပင် ဖြစ်ကြောင်း၊
ဇီယာ ရာမန်က မြန်မာဖက်ရှိ "ရိုဟင်ဂျာ" ဆိုသူများထံ ထိုစဉ်က စစ်ထောက်လှမ်းရေး အကြီးအကဲ အား ၁၉၇၇ တွင် စေလွှတ်ခဲ့ပြီး ရခိုင်မြောက်ပိုင်းအား အစ္စလာမ်မစ် သမ္မတ နိုင်ငံ ထူထောင်ရေး လက်နက်ကိုင် လှုပ်ရှားရန် တိုက်တွန်း ခဲ့ရာမှ ဗိုလ်နေ၀င်းအစိုးရက "နဂါးမင်း" စစ်ဆင်ရေးဖြင့် ၁၉၇၁ နောက်ပိုင်းတွင် ရောက်ရှိ ခိုလှုံခဲ့သူများအား မောင်းထုတ်ရာမှ စတင်ခဲ့သည်ဟု ဖွင့်ချ သွားခဲ့ပေသည်။
အတိုက်အခံ BNP ပါတီ မှ အဆိုပါ ဒုက္ခသည်များအား ကမ္ဘာနိုင်ငံ အများစု၏ ထောက်ခံမှု ရရှိအောင် မလုပ်နိုင်ခဲ့သဖြင့် အိန္ဒိယ ၀န်ကြီးချုပ်ဟောင်း အင်ဒီရာ ဂန္ဒီ ၁၉၇၁ က လုပ်ခဲ့သလို ထိုစဉ်က အရေးပါသော နိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားခဲ့သလိုမျိုး ယခုလည်း မြန်မာအား ဆက်လက် ထောက်ခံနေဆဲ နိုင်ငံများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်သင့်သည်ဟု ဝေဖန် ပြောကြားရာမှ စတင်လာခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏ နိုင်ငံရေး အရ စားမန် ခုတ်မှုကြောင့် မည်သို့ အလှည့်အပြောင်းများ ဖြစ်ပေါ်လာမလည်း ဆိုသည်ကား စောင့်ကြည့်ရပေမည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး မြန်မာပြည်သို့ ရောက်နေစဉ် အချိန်ကိုက် ဖြစ်သွား၍ အခြေအနေ မလှသလို ဖြစ်ခဲ့ရသည်။ ပြောနေသလို ဒုက္ခသည် အများစုသည် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသူများ မဟုတ်ဆိုသည်ကိုတော့ ပို၍ ထင်ရှားစေခဲ့ပေသည်။
ဝမ်းနည်းဖွယ်ကောင်းသည်ကား ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရှိ လူ့အခွင့်အရေးများဆိုင်ရာ တတိယ ကော်မီတီ မှ မြန်မာနိုင်ငံရှိ ရခိုင်မြောက်ပိုင်းတွင် စစ်ရေး အရ ဆောင်ရွက်နေမှုများကို အဆုံးသတ်ရန်၊ ရိုဟင်ဂျာများအား နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန်၊ ကုလအတွင်းရေးမှုးချုပ်မှ အထူးသံတမန် ခန့်အပ်ပေးရန် တို့ တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၃၅ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ နဲ့ အတည်ပြု သွားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုအဆိုကို ဆော်ဒီအာရေဗီယား မှ ဦးဆောင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး တရုတ် နှင့် ရုရှားတို့ ကန့်ကွက်ခဲ့ကြသည်။
မြန်မာနိုင်ငံ သံအမတ်ကြီး ဖြစ်သူ ဦး ဟွာ ဒူး ဆန် က လည်း အကြောက်အကန် ခုခံ ပြောဆိုခဲ့ပေမယ့် အရာရောက်ခြင်း မရှိခဲ့တာ တွေ့ရပေသည်။
လှစိုးဝေ
ဘင်္ဂါလီ အရေး အလှည့်အပြောင်း ဖြစ်ခဲ့ရသလို ၀မ်းနည်းဖွယ် ကောင်းသော နေ့
Reviewed by timeayeyar
on
3:59 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment