Latest News

Tuesday, November 28, 2017

ဆိုင်ကယ်ခိုးယူသူကိုဖမ်းဆီးပြီး(၄)လအကြာဆိုင်ကယ်(၁၅)စီးကိုစစ်ဆေးဖော်ထုတ်နိုင်

ဆိုင်ကယ်ခိုးယူသူကိုဖမ်းဆီးပြီး(၄)လအကြာဆိုင်ကယ်(၁၅)စီးကိုစစ်ဆေးဖော်ထုတ်နိုင်

   ပုသိမ် lနိုဝင်ဘာလ ၂၈

   ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာတွင်နေထိုင်သော ဆိုင်ကယ်များကိုခိုးယူရောင်းစားနေသူ တရားခံကိုဇော်ထက်အား ဖမ်းဆီးပြီး(၄)လအကြာတွင် ၎င်းခိုးယူထားသောဆိုင်ကယ်(၁၅)စီးကိုဖော်ထုတ်နိုင်ခဲ့ကြောင်း မအူပင်မြို့မရဲစခန်းမှသတင်းရရှိပါသည်။

     တရားခံကိုဇော်ထက်သည် မအူပင်မြို့ပြင်နယ်စပ်ခပ်တိယတံတားဂိတ်ကို ကျော်၍ နေ့စဉ်ဆိုင်ကယ်အမျိုးအစားစုံကိုဆီးကာ မအူပင်မြို့ပြင်သို့မောင်းနှံသွားခဲ့ပြီး ၎င်းပြန်လာရာတွင်ဆိုင်ကယ်မပါပဲ လူအတိုင်းသာနေ့စဉ်ပြန်လာသည်ကိုသတိထားမိသော ခပ်တိယတံတားစစ်ဆေးရေးဂိတ်ရဲတပ်ဖွဲ့မှ ကိုဇော်ထက်အားစစ်ဆေးခဲ့ရာ မြို့အတွင်းမှဆိုင်ကယ်များခိုးယူကာ မြို့ပြင်၌လိုက်လံရောင်းချခဲ့ကြောင်းသိရှိ၍ ယခုကဲ့သို့ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။
 
    "မအူပင်မြို့ထွက်ကိုတော့ ဆိုင်ကယ်မောင်းပြီးထွက်သွားတယ် ပြန်လာတော့ မောင်းသွားတဲ့ ဆိုင်ကယ်ကပြန်ပါမလား ဒါသူလုပ်နေတာကြာပြီ မအူပင်မြို့ထဲမှာလည်း တိုင်ကယ်ကခဏခဏပျောက်တယ် နောက်တော့သူကိုအဲ့လိုတွေ့ပါများလာတော့ မသင်္ကာလို့စစ်ဆေးကြည့်တော့ မြို့တွင်းကဆိုင်ကယ်တွေခိုးပြီး မြို့ပြင်မှတစ်ခြားလူးတွေနဲ့ချိပ်ဆက်ရောင်းစားနေတာလို့သိရတယ် သူရဲ့ထွက်ဆိုချက်အရ လက်ရှိတော့ပြန်သိမ်းဆည်းရတာ (၁၅)စီးတော့ရှိပြီ နောက်စက်တွဲပြသနာတွေကိုလည်းဆတ်လက်ဖော်ထုတ်ပေးသွားမှာပါဟု " တိုင်းဒေသကြီးရဲတပ်မှူးရုံမှဦးစီးပထမတန်းအကြီးတန်းအရာရှိ ဒုရဲမှူးကြီး ခင်မောင်လတ်ကပြောသည်။

      တရားခံကိုဇော်ထက်အား မအူပင်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုတ်မလက်ရှိတွင်ပုဒ်မ(၁၅)ခုဖြင့်အမှုဖွင့်အရေးယူထားလျက်ရှိကြေင်းဦးခင်မောင်လတ်ကပြောသည်။


                                    ထက်ဝဠာမင်း

No comments:

Post a Comment