Latest News

Friday, November 3, 2017

ဟဲဗီးဝိတ်တန်းမှ စိန်ခေါ်သူ ဟောင်ကောင်ကျားသစ်နက် အလိန်းနဂါလာနီ အားမြန်မာ စပါးအုံးမြွေအောင်လအန်ဆန် ပထမအချီ၌ပင် ကုပ်ကိုချုပ်ပြီး အနိုင်ယူ

ဟဲဗီးဝိတ်တန်းမှ စိန်ခေါ်သူ ဟောင်ကောင်ကျားသစ်နက် အလိန်းနဂါလာနီ အားမြန်မာ စပါးအုံးမြွေအောင်လအန်ဆန် ပထမအချီ၌ပင် ကုပ်ကိုချုပ်ပြီး အနိုင်ယူ

ရန်ကုန် နိုဝင်ဘာ ၃

ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲ ဖြစ်သည့် One Championship(MMA) အားကစားပြိုင်ပွဲကြီးကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝ္ဏအားကစားရုံ ၁ မိုးလုံလေလုံ ခန်းမကြီး၌ ကျင်းပခဲ့ရာ ဥစနည ဝိတ်တန်း အထူး စိန်ခေါ်ပွဲကြီးတွင် မြန်မာစပါးအုံြးေ>ွမ အောင်လ အန်ဆန်က စိန်ခေါ်သူ ဟောင်ကောင်နာမည်ကြီး ကစားသမား အလိန်းနဂါလာနီအား ပထမအချီ တွင်ပင် အမိအရ ချုပ်နိုင်ခဲ့ပြီး အမိမြန်မာနိုင်ငံ အတွက် ဂုဏ်ဆောင်ပေးလိုက်ပြန်ပြီ ဖြစ်သည်။

အနိုင်ရ

အောင်လအန်ဆန်က ဟောင်ကောင် ကျားသစ်နက်ဟုခေါ်သည့် အလွန် ခွန်အား သာလွန်သော အလိန်းနဂါလာနီအား ပထမအချီ ၂ မိနစ် ၁၄ စက္ကန့်တွင် အနီးကပ် ပူးချုပ်ပြီး လှဲချလိုက်စဉ် အောင်လအန်ဆန်မှာ အောက်သို့ ကျကာ မရှုမလှ အထိုးခံခဲ့ရသည်။ သို့သော်လည်း ပြန်ရုန်းကန်ထလာပြီး အလိန်းနဂါလာနီ၏ ကုပ်ကိုချိုးကာ မလွှတ်တော့ဘဲ နောက်ကိုလှဲချ ကာ အမိအရ ချုပ်ထားလိုက်နိုင်၍ အောင်လ အန်ဆန် ပထမအချီ၌ပင် အနိုင်ရသွားခဲ့သည်။

ယနေ့ပြိုင်ပွဲတွင် ဖလိုင်းဝိတ်တန်းပြိုင်ပွဲ နှစ်ပွဲ၊ ဝယ်သာဝိတ်တန်းတစ်ပွဲ၊ ဘင်တန်ဝိတ်တန်း နှစ်ပွဲ၊Straw ဝိတ်တန်း နှစ်ပွဲနှင့် အမျိုးသမီး ဝိတ်တန်း နှစ်ပွဲပါဝင်ခဲ့သည်။ ယနေ့ ပြိုင်ပွဲ တွင် မြန်မာအတွဲ သုံးတွဲလည်း ပါဝင်ခဲ့ရာ မြန်မာလက်ဝှေ့ကစားသမားများ အဓိက ပါဝင်ကစားခဲ့သည်။
ဖလိုင်းဝိတ်တန်းတွင် ရဲသွေးနီနှင့် စောသားငယ်တို့ပွဲ၌ ရဲသွေးနီက ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရ သွားသည်။ အခြား ဖလိုင်းဝိတ်တန်းတွင် တရုတ်မှ MAက ဖိလစ်ပိုင်မှ Toquero အား ပထမအချီတွင် အနိုင်ရသွားသည်။ ဖယ်သာဝိတ်တန်းတွင် မြန်မာလက်ဝှေ့ ကစားသမား နှစ်ဦးဖြစ်သည့် စောဘဦး နှင့် ဖိုးသော်တို့ သုံးချီအထိ အကြိတ် အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဖိုးသော်က အမှတ်ဖြင့် အနိုင်ရရှိသွားသည်။
ဘင်တန်ဝိတ်တန်းတွင် တရုတ်မှ Chen နှင့် ဖိလစ်ပိုင်မှSoriano တို့ ယှဉ်ပြိုင်ကြရာ တရုတ်မှ Chen က ပထမအချီဖြင့် နိုင်သည်။ အခြားဘင်တန် ဝိတ်တန်းတွင် မြန်မာလက်ဝှေ့သမား နှစ်ဦးဖြစ်သည့် စစ်မန်းနှင့် စောဒါဝိတ်တို့ ယှဉ်ပြိုင်ကြရာ စောဒါဝိတ်က အနိုင်ရရှိ သွားသည်။

Straw ဝိတ်တန်းတွင် ထိုင်းမှMitsatit နှင့် ဖိလစ်ပိုင်မှMiado တို့ ယှဉ်ပြိုင်ကြရာ Miado က ဒုတိယ အချီဖြင့် အနိုင်ရခဲ့သည်။ အမျိုးသမီး Atom ဝိတ်တန်းတွင် အင်ဒိုမှDea နှင့် ဖိလစ်ပိုင်မှ Torres တို့ ယှဉ်ပြိုင်ကြရာ Torresက အနိုင်ရရှိသွားသည်။ အမျိုးသားလိုက်ဝိတ်တန်းတွင် တရုတ်မှ Zhangနှင့် အိန္ဒိယမှShetty တို့ ယှဉ်ပြိုင်ကြရာ တရုတ်က ပထမအချီတွင် အနိုင်ရခဲ့သည်။ အမျိုးသမီး Straw ဝိတ်တန်းအဖြစ် တရုတ်မှ Miao နှင့် သြစတြေးလျမှ Mahzovic တို့ ယှဉ်ပြိုင် ကြရာ တရုတ်အားကစားမယ်က ပထမ အချီတွင် အနိုင်ရခဲ့သည်။

သတင်း-မြင့်မောင်စိုး
ပြန်/ဆက်

No comments:

Post a Comment