Latest News

Sunday, November 5, 2017

မောင်းတော ဒေသ က ဈေးများပြန်ဖွင့်ဖွင့်ချင်းကြက်သားဈေးနှစ်ဆမြင့်တက်

မောင်းတော ဒေသ က ဈေးများပြန်ဖွင့်ဖွင့်ချင်းကြက်သားဈေးနှစ်ဆမြင့်တက်

လုံခြုံရေးအခြေအနေအရခေတ္တပိတ်ထားသည့်  မောင်းတော ဒေသ က ဈေးများပြန်ဖွင့်ဖွင့်ချင်းကြက်သားဈေးနှစ်ဆမြင့်တက် လာသည်။
'အရင်ကအကြမ်းဖက်ဖြစ်စဉ်မတိုင်မီကဟင်းချက်ဖို့ကြက်တစ်ကောင်ကိုငါးထောင်လောက်ကနေအခုဈေးတွေသိပ်မဖွင့်သေးတော့တစ်ကောင်ကိုကျပ်တစ်သောင်းကျော်ပေးဝယ်နေရတယ်'ဟုမောင်တောမြို့နယ်မှဒေသခံအိမ်ရှင်မဈေးဝယ်သူမခင်မို့မို့ကျော်ကပြောသည်။
မောင်တောဒေသတွင်သြဂုတ်၂၅ရက်ပARSAအကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ဈေးများကိုလုံခြုံရေးအခြေအနေအရခေတ္တပိတ်ထားခဲ့ရပြီးယခုအခါပြန်လည်တည်ငြိမ်လာပြီဖြစ်၍နိုဝင်ဘာလ(၆)ရက်နေ့ ကပြန်လည် ဖွင့်လှစ်ရောင်းချလာခြင်းဖြစ်သည်ဟုမောင်တောမြို့နယ်စည်ပင်သာယာရေးကော်မတီကပြောသည်။

မောင်တောမြို့တွင်ဆိုင်ခန်းပေါင်း၁၀၀ကျော်ရှိသည့်မောင်တော၎မိုင်ဈေးနှင့်ကညင်တန်းပျံကျဈေးတို့မှာနံနက်၆နာရီမှ၁၂နာရီအထိပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီးဆိုင်ခန်းပေါင်း၄၀၀ကျော်ရှိသည်။

မောင်တောမြို့နယ်တွင်မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ပိုင်မြို့မဈေး၎မိုင်ဈေးနှင့်ပျံကျဈေးများဖြစ်သည့်ကညင်တန်းဈေး၊မီးစက်ခွက်ဆုံဈေး၊ရွာသစ်ရွှာဈေးများနှင့်ရပ်ကွက်\ကျေးရွာများတွင်မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ခွင့်ပြုချက်ဖြင့်ဖွင့်လှစ်ထားသည့်ကိုယ်ပိုင်ဈေးပေါင်း၂၆ဈေးရှိကြောင်းသိရသည်။

ကျော်လင်းနိုင်(တိုင်းဧရာ)

No comments:

Post a Comment