Latest News

Tuesday, November 14, 2017

ဆိုင်ခန်းအဟောင်းဖျက်ရာတွင်ပါဝင်သည့် အလုပ်သမားတစ်ဦးအုပ်နံရံပိသေဆုံး

ဆိုင်ခန်းအဟောင်းဖျက်ရာတွင်ပါဝင်သည့် အလုပ်သမားတစ်ဦးအုပ်နံရံပိသေဆုံး

ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက် သိမ်တော်ကြီးလမ်းရှိယခင်Top Lightဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေး ဈေးဆိုင်ခန်းအဟောင်းအား အသစ်ပြန်လည်တည်ဆောက်ရန်အတွက် တိုက်ခန်းအဆောက်အဦးအဟောင်းကို ဖြိုဖျက်ရာတွင် အလုပ်သမားတစ်ဦးအုပ်နံရံပိကာသေဆုံးခဲ့ကြောင်း မြို့မရဲစခန်းမှသတင်းရရှိပါသည်။

နိုဝင်ဘာလ၁၄ရက်နေ့တွင်အလုပ်သမားညီအကိုသုံးယောက်မှာ Top Lightဈေးဆိုင်ခန်းအဟောင်း၏တိုက်အစိတ်အပိုင်းတစ်ချို့ကိုစတင်ဖြိုဖျက်ခဲ့ပြီး ကျန်ရှိသောတိုက်ရှေ့မျက်နှာစာအုပ်နံရံကိုဖြိုဖျက်ရန်အတွက် အုပ်နံရံ၏ထိပ်ပိုင်းအလည်တည့်တည့်တွင် ကြိုးဖြင့်ချည်နှောင်ကာ အုပ်နှံကိုဆွဲချဖြိုဖျက်ရာတွင် ကြိုးကူဆွဲရန်ဝင်လာသောအလုပ်သမားညီအငယ်ဆုံးအား အဆိုပါအုပ်နံရံပြိုကျ၍ ခေါင်းသို့ထိမှန်ကာသေဆုံးခဲ့ခြင်းဖြစ်ကြောင်းမြို့မရဲစခန်းမှူးထံမှသိရှိရသည်။
"အဆောက်အအုံကကျွန်တော်တို့ညီအကိုအကုန်ဖျက်တာမဟုတ်ဘူး သူများတွေဖျက်လို့ကျန်ရှိနေတဲ့အစိတ်အပိုင်းတစ်ချို့ကိုပဲ လုပ်အားခငွေတစ်သိန်းယူပြီးဖျက်တာ အဆောက်အဦးနောက်ပိုင်းတွေဖျက်တော့သူပါဖျက်ပေးတယ် သူကကျွမ်းကျင်မှုမရှိတော့သတိထားဖို့ကျွန်တော်တို့ညီအကိုနှစ်ယောက်ကခဏခဏပြောခဲ့တယ် တိုက်ရဲ့ရှေ့မျက်နှာစာကိုဖျက်တော့ သူအန္တရာယ်ဖြစ်မှာဆိုးလို့တောင်ဝင်မဖျက်ခိုင်းဘူး ကျွန်တော်တို့ညီအကိုနှစ်ယောက်ပဲကြိုးနဲ့ဆွဲဖျက်တာ အဲ့ဒါကိုသူကကြိုးကိုဝိုင်းကူဆွဲပေးဖို့ဝင်လာချိန်မှာပဲ အုပ်နံရံပြိုကျပြီး ညီလေးခေါင်းကိုထိသွားတာပါ"သေဆုံသူ၏အကိုအကြီးဆုံးဖြစ်သောအဆောက်အဦးဖြိုဖျက်ရာတွင်ပါဝင်ခဲ့သော်ကိုသန့်ဇော်ကပြောသည်။

အလုပ်သမားညီအကိုသုံးယောက်မှာ ပုသိမ်မြို့ ပန်းဆက်(၁၉)လမ်းတွင်နေထိုင်ကာ ကျဘမ်းအလုပ်သမားများဖြစ်ကျပြီး နိုင်ဝင်ဘာလ၁၃ရက်နေ့တွင် အခုထိခိုက်ဒဏ်ရကာသေဆုံးသွားသော ကိုကျော်ကျော်မှအဆိုပါတိုက်ခန်းဖြိုဖျက်ရန် ငွေတစ်သိန်းဖြင့်လက်ခံပြီး ကိုသန့်ဇော်နှင့်ကိုအောင်အောင်တို့အကိုနှစ်ဦးအားခေါ်ယူပြီး ရရှိထားသောငွေကြေးကိုအညီအမျှခွဲဝေယူမည်ဟုသဘောတူညီချက်ဖြင့် ဆိုင်ခန်းအားဖြိုဖျက်ရာတွင် ယခုကဲ့သို့ဦးခေါင်းကိုထိခိုက်ကာသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါအဆောက်အုံပြိုကျပြီး ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့်သေဆုံအမှုကို ရဲအုပ်ထိန်လင်းမှတရားလိုပြု၍ သေဆုံသူ၏ညီအကိုနှစ်ဦးအား ပုသိမ်မြို့မရဲစခန်းမှ (ပ)၄၈၂/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုတ်မ၃၀၄(က)ဖြင့်အမှုဖွင့်အရေးယူထားကြောင်းပုသိမ်မြို့မရဲ၏သတင်းထုတ်ပြန်ပေးမှုများအရသိရှိရသည်။
ထက်ဝဠာမင်း

No comments:

Post a Comment