Latest News

Thursday, November 16, 2017

သုံးလောင်းပြိုင် လူသတ်မှုရဲ့ အဖြစ်ပျက်မှာ ဘယ်သူတွေ ကူညီခဲ့သလဲ?

ကျွန်တော်တို့တိုက်ရဲ့အပေါ်ဆုံးထပ်ပေါ့...တစ်ပတ်လောက်ရှိပြီိ အနံ့ နံနေတာ.ရတချက်မရတချက်....တိုက်ကသူတွေအကုန်က ခွေးသေတယ်ကြောင်သေတယ်ပဲထင်နေကြတာ..မနေ့ညကျွန်တော်ပြန်ရောက်တော့ အသတ်ခံရတာမသိသေးခင်အိမ်တံခါးမဖွင့်ရသေးခင် တိုက်အောက်မှာ ရပ်ကွက်လူကြီးတွေစုရုံးနေတာတွေ့တယ်..ကိုတွေတောင်ကားဆေးသွားဆေးတုန်းစပ်စုလိုက်သေးတယ်..
တံခါးဖွင့်ဖို့ရဲရယ်မဝတရုံးခွင့်ပြုချက်ယူနေတာထင်တယ်.တော်တော်နဲ့မဖွင့်ဖြစ်သေး.
နယ်ထိန်းအရပ်ဝတ်တော့တွေ့တယ်..

.နောက်တော့မှ၂ပွင့်ရောက်လာရဲအင်အားအနည်းငယ်နယ်ထိန်းရပ်ကွက်အကူညီနဲ့သုံးပြီးဖွင့်ကြတယ်...မိနစ်၃၀လောက်တံခါးဖျက်နေကျတာအိမ်ထဲကကြားနေရတယ်..ထင်တာကတိုက်မှာကြောင်လေကြောင်လွင့်တစ်ကောင်ရှိတယ်..သူတို့အခန်းကအမြဲအစကျွေးနေကျသူသမီးလေးတွေကချစ်တော့..ခရီးတွေမိသားစုလိုက်ထွက်သွားကြပြီးကြောင်သေတယ်ပဲထင်နေကြတာ..နောက်မှအလောင်တွေ့တယ်ဟေ့နဲ့လူတွေတိုက်လှေကားမှာရုန်းရင်းဆံခတ်တွေဖြစ်ရော..မီးကလည်းထရန်စဖော်မှာထပေါက်လို့တဲ့ ပြတ်ကုန်ရော...
၈နာရီလောက်...ရဲအင်အားထပ်ခေါ်..ကိုတွေလည်းအိမ်ရှေ့ထွက်လှေကားနေတွေဖယောင်းတိုင်တွေ
အဖေနဲ့ဝိုင်းကူထွန်းပေးတုန်း..ပြီးတော့၃ပွင့်နဲ့ဆရာရောက်လာတယ်..မှောင်နေတော့အခန်းတွေကမသဲကွဲ ဘယ်လဲမေးရင်အပေါ်ကိုညွန်ပြ..

တက်သွားပြီးအတော်ကြာ၃ပွင့်ပြန်ဆင်းလာပြီးမေးခွန်းထုတ်ပါလေရော..CCTV ဘယ်နားရှိလဲအကိုရေ..တချက်ကူညီပါအုံးတဲ့မျက်နှာငယ်လေးနဲ့...ရက်ကလည်းအတော်ကြာပြီလက်ရာတွေလည်းပျက်လောက်ပြီး CCTV တစ်ခုပဲအားကိုးရတော့မှာကူညီပါအုံးဆိုတော့..ကျွန်တော်တွေ့ရသလောက်လိုက်ပြပေးဖြစ်တယ်... ထင်သလောက်လည်းမျော်လင့်ချက်မရှိ..အဲ့အချိန်မှာအောက်အရောက်မှာ အပေါ်က ကိုစိုးမြင့်လွင် ရဲ့ဇနီး ဆရာမ(ကလေး၂ယေက်ကိုသင်ပေးတဲ့ဆရာမ)ကို မှုခင်းရဲတစ်ယောက်အချက်လက်စုံစမ်းနေတာတွေ့တယ်...ကျွန်တော်နဲ့သုံးပွင့် ရယ်သူ့လက်ထောက်ရယ်ကတော့တိုက်ကြားမှာ..သူတို့မေးသမျှပြန်ဖြေအရပ်အမောင်းအလေးချိနိပြန်လာပြန်ထွက်ချိန်တွေကအစသိသလောင်ပြောပြပေးတယ်..ကား၂စီးရှိကြောင်းပြောတယ်..မေးနေတုန်း..သေးဆုံးသူနဲ့ ရင်းနှီးသောအကိုတစ်ယောက်ပြန်လာတာတွေ့လိုက်ပြီးလှမ်းခေါ်လိုက်တယ်..👇👇

..သူကကျွန်တော်ထက်ပိုသိတော့သူဆီကနေအလုပ်လိပ်စာ.နောက်ဆုံးဆက်သွယ်တဲ့messager ကdateတွေ..ပြီးတော့အဲ့အကိုကသေးဆုံးသူကိုfb ဖွင့်ပေးခဲ့တာဆိုတော့accပြန်ဝင်ကြည့်မယ်ပြောတယ်..အဲ့အချိန်မှာကျွန်တော်ပြောတာတွေထက်အချက်အလက်အစုံရပြီးမျှောင့်ချက်တွေရလာကြတယ်...ကျွန်တော်ပြောတဲ့အခန်းရပ်ပြီးကွင်းဆက်တွေရတယ်...ချက်ချင်းပဲသုံးပွင့်ရဲ့ဖုန်းလာပြီးကိုင်..ဖုန်းပြန်ချပြီးပြီးချင်းသူ့တပည့်တွေနဲ့ထွက်သွားတယ်...ကျွန်တော်ရယ်ဟိုအကိုရယ်အခင်းဖြစ်တဲ့တိုက်ရှေ့ပြန်လာတာပေါ့...အဲ့အချိန်မှာ၃လောင်းဆိုတာသိတယ်...ဘယ်သူဘယ်ဝါလဲတော့မသေချာရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးမသိရဘူးတဲ့..

.နောက်တော့ရဲအုပ်ရောက်လာ..အပေါ်တက်တက်ကြည့်ကြည့်ပြီးရင်း ခုန ကိုစိုးမြင့်လွင်အိမ်ကတော်စပ်သူတစ်ယေက်ကိုစခန်းခဏခေါ်သွားတယ်...အဲ့ချိန်မှာကိုစိုးမြင့်လွင်ပါစခန်းလာရောက်ပြီးရဲတွေနဲ့စုံစမ်းသွားရောက်ကြတယ်နဲ့တူတယ်...ကိုစိုးမြင့်လွင်ပြောပုံအရဆိုသူကိုယ်တိုင်လိုက်ရှာပြီးရဲဖက်အတွက်တော်တော်ကူညီထွက်ဆိုပေးခဲ့ပုံရတယ်...သူကြောင့်သာတရားခံကိုအချိန်ခဏအတွင်းမှာဖမ်းမိကြတာ...ကျွန်တော်တို့ပြောပြခဲ့တာတွေအတွက်နဲ့ကျေးဇူးအတင်ခံချင်လို့မဟုတ်ပါဘူး...
၁ပတ်၁၀ရက်လောက် ပုပ်ပွနေတဲ့လက်ရာတောင်ရှာလို့ခက်တဲ့ရုပ်အလောင်းတွေကို ၃နာရီအတွင်းဖမ်းနိုင်ခဲ့တယ်ဆိုတာ ပြည်သူနဲ့အတူ ပါဆိုတာပါပဲ...တော်ကြပါတယ်..ဖမ်းနိုင်ခဲ့တာဝမ်းသာသလိုတဖက်မှာလည်းဝမ်းနည်းလို့မဆုံး...စောတကတက်တာမဟုတ်ပါဘူး..ကိုစိုးမြင့်လွင်ရဲ့အကူညီကြောင့်တရားခံဖမ်းနိုင်ခဲ့တာဆိုတာတော့ယုံကိုယုံတယ်...အားလုံးလည်းဂရုစိုက်ပါ...အစားမတော်တလုပ် အသွားမတော်တလှမ်းပဲကြားဖူးတယ်စကားမတော်လို့အခုဆိုလက်တွေ့သာဓကတွေရှိနေပါပြီ...မိသားစုဂရုစိုက်ကြပါ...ကျွန်တော်ပြောလို့ CCTV ရောင်းသူတွေစီးပွားတက်ကုန်လိမ့်မယ်..
သို့သော် မဖြစ်မနေတပ်ဆင်ထားတာတော့အကောင်းဆုံးပါပဲဗျာ...

နောက်တစ်ခုစဉ်းစားစရာက တရားခံရဲ့ T Shirt ကတစ်ခုခုကိုဆိုလိုချင်တာပဲလားမသိ...

စာရေးသူကို Credit ပေးပါတယ်...
*၈ိုလ်ရှယ်လေး တင်ပြသည်

သတ်ခံရသူ သုံးဦး မိသားစုကလေး ပုံ ဖြစ်ပါတယ်

No comments:

Post a Comment