Latest News

Tuesday, November 14, 2017

မြန်မာ့လယ်ယာမြေအရေးအဆိုးဘက်သို့  ဦးတည်နေ

မြန်မာ့လယ်ယာမြေအရေးအဆိုးဘက်သို့  ဦးတည်နေ

မြန်မာနိင်ငံကလယ်ယာမြေပြဿနာတွေနဲ့ ပတ်သတ်ပြီး၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေကိုအကောင်အထည်ဖော်ကျင့်သုံးလျက်ရှိရာလယ်ယာမြေအငြင်းပွားမှုပြဿနာများမှတရားမျှတမှုနှင့်ပြန်လည်ရရှိနိုင်မှုဘက်သို့ဦးတည်ရမည့်အစားတဖြည်းဖြည်းဆိုးရွှားသည့်အခြေအနေသို့ဦးတည်နေကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌဒေါ်စုစုနွေးကပြောသည်။

ယင်းအခြေနေများကြောင့် လယ်သမားတွေ ရဲ့  မိသားစု စားဝတ်နေရး နဲ့  လူမှုရေးကျန်းမာတွေလည်းဆုတ်ယုတ်လာနေသည်ဟု လယ်ယာမြေအရေးလှုပ်ရှားသူတွေကဆိုသည်။

“သည်အစိုးရကိုပထမတော့ အားကိုးထားတာ အတူတူပါပဲ ဘာမှ ထူးမလာဘူးအစိုးရအဆက်အဆက် လယ်သမားတွေဘ၀ ကို ငဲ့ ကြည့် ပါဘူး ဘာလို့ သည်လိုပြောလဲဆိုတော့ လယ်သမားတွေ အတွက် ဘယ်လို အစီအစဉ်ကောင်းတွေမှထွက်မလာပဲ “ဟု ပုသိမ်မြို့ နယ်က လယ်သမား ကိုကျော်နိုင်ကပြောသည်။

၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေ၏အဓီကအားနည်းချက်များ သို့မဟုတ်အငြင်းပွားမှုများတွင်အဂတိတရားများကိုဖိတ်ခေါ်နေသည့်ပြဋ္ဌာန်းချက်များနှင့်လယ်\စီအဖွဲ့အဆင့်ဆင့်ကိုအဏာလွန်လဲစွာအပ်နှင့်ထားသည့်ပြဌာန်းချက်များကိုပြင်ဆင်ပြီးပယ်ဖျက်ခြင်းများပြုလုပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင် ဒေါ်စုစုနွေးကပြောသည်။

 ၂၀၁၂ခုနှစ်လယ်ယာမြေဥပဒေအရဖွဲ့စည်းထယးသည် လယ်\စီအဖွဲ့အဆင့်ဆင့်သည်လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုများကိုပေါ့တန်စွာဖြေရှင်းဆုံးဖြတ်နေသည်အခြေအနေများကိုလည်းလယ်\စီအဖွဲ့အဆင့်ဆင့်တွင်သီးသန့်ရုံးဟူ၍သီးခြားမရှိဘဲစုံစမ်းစစ်ဆေးဆုံးဖြတ်နေခြင်းကိုလည်းကောင်း၊လယ်ယာမြေအငြင်းပွားမှုများအယူခံမှုများကိုဥပဒေပြဌာန်းချက်ပါကာလစည်းကမ်းသတ်မှတ်ပြဌာန်းချက်အချိန်ကာလများထက်အချိန်များစွာကျော်လွန်ကာဆုံးဖြတ်နေခြင်းကိုလည်းကောင်းဆုံးဖြတ်ချက်များသာချမှတ်ဖော်ပြပေးပြီးမည်သည့်အတွက်ထိုသို့ဆုံးဖြတ်ကြောင်းအကြောင်းပြချက်(စီရင်ချက်)ကိုဖော်ပြခြင်းမရှိသည့်အခြေအနေများကိုလည်းကောင်း၊ပြည်ထောင်စုအစိုးရအဖွဲ့ကတင်းကြပ်စွာထိန်းကြောင်းတည့်မတ်ပေးနိုင်ရန်လိုအပ်လျက်ရှိကြောင်းဒေါ်စုစုနွေးကထောက်ပြသည်။

အစိုးရသစ်လက်ထက်တွင် လယ်ယာမြပြဿနာများကို တစ်နှစ်အတွင်းဖြေရှင်းမည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့  လယ် /ဆည်ဝန်ကြီး ဒေါက်တာအောင်သူက ဘိုကလေးမြို့ တွင် အစိုးရတက်ပြီးသိပ်မကြာခင် ပြောကြားခဲ့ ဘူးသည်.။

သို့ သော်လည်း တစ်နိုင်ငံလုံးက လယ်ယာမြေပြဿနာများကို ယနေ့ အချိန်ထိ ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်ခြင်းမရှိသေးပေ။
အစိုးရကတော့ ဖြေရှင်းရခက်သည့်ပြဿနာထဲတွင် လယ်ယာမြေပြဿနာ ပါဝင်နေပြီးမီးခဲလို့ ကိုင်တွယ်ရခက်သည်ဟု ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးဘဟိန်းကပြောသည်။

လယ်ယာမြေအရေးလှုပ်ရားသူတွေက လယ်ယောမြေနဲ့ ပတ်သတ်ပြီး မူဝါဒတစ်ခုကိုတိတိကျကျပြဌာန်းရေးဆွဲ အကောင်ထည်ဖော်သင့်ကြောင့် အကြံပြုထားကြသည်။
ကျော်လင်းနိုင်

No comments:

Post a Comment