Latest News

Sunday, November 5, 2017

တာဝန်ရှိ ၀န်ထမ်းများ အနေဖြင့် အရေးယူ ဆောင်ရွက်ရန် မ၀ံ့မရဲ ဖြစ်နေပါက ၎င်းတို့ ကိုအစားထိုး လဲလှယ်သင့်ဟု ဒေါ်စန္ဒာမင်း ဆို

တာဝန်ရှိ ၀န်ထမ်းများ အနေဖြင့် အရေးယူ ဆောင်ရွက်ရန် မ၀ံ့မရဲ ဖြစ်နေပါက ၎င်းတို့ ကိုအစားထိုး လဲလှယ်သင့်ဟု ဒေါ်စန္ဒာမင်း ဆို

ယခုအချိန်သည် ဥပဒေ လိုက်နာရန် ပညာပေးရမည့် အချိန် မဟုတ်တော့ဘဲ ထိရောက်စွာ အရေးယူ ရတော့မည့် အချိန်ဖြစ်၍ တာဝန်ရှိ ၀န်ထမ်းများ အနေဖြင့် အရေးယူ ဆောင်ရွက် ရန် မ၀ံ့မရဲဖြစ်နေပါက ၎င်းတို့ ကို အစားထိုး လဲလှယ်သင့်ဟု ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် ပြောကြားလိုက်သည်။

ယနေ့ ပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး (၁၄) ရက်မြောက် နေ့ တွင် ကျောက်တံတား မြို့ နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ တင်သွင်းထားသော '' ရန်ကုန်မြို့ အတွင်းရှိ အများ ပြည်သူပိုင် လမ်းများ အပေါ်တွင် ဈေးရောင်း၍ အသက်မွေး ၀မ်းကြောင်းနေသော ဈေးသည်များအား မြို့ ပြ အင်္ဂါရပ်နှင့်အညီ စနစ်တကျ ဈေးရောင်းချနိုင်ရန် ကောင်းမွန်သော အစီအမံများ ပေးပါရန် '' တိုက်တွန်းကြောင်း အဆိုကို ထောက်ခံ ဆွေးနွေးရာတွင် ဥပဒေမဲ့ လမ်းဘေး ပလက်ဖောင်းများ ပေါ်တွင် ဈေးရောင်းချနေသော ဈေးသည်များ နှင့် ကျူးကျော် ဆိုင်ခန်းများကို အရေးယူမှု မရှိသော တာဝန်ရှိ ၀န်ထမ်းများနှင့် ပတ်သတ်၍ ဒေါ်စန္ဒာမင်း က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

'' အရေးယူ ဆောင်ရွက်ဖို့ မ၀ံ့မရဲ ဖြစ်နေရင် အဲဒီ ၀န်ထမ်းတွေရဲ့ ဆောင်ရွက်မှု နေရာမှာ အစားထိုး လဲလှယ်တာ၊ အရေးယူတာတို့ ကို လုပ်ဆောင်ရမယ့် အချိန် ဖြစ်နေပါပြီ ။ ဒီလိုမှ မဟုတ်ရင် ရန်ကုန်မြို့ ကြီးဟာ အမှိုက်တွေ စုပုံနေတဲ့မြို့ ၊ ယာဉ်စည်းကမ်း အဖောက်ဖျက်ဆုံး မြို့ ၊ ပြည်သူပိုင် လမ်းတွေပေါ်မှာ စီးပွားဖြစ် ဈေးဆိုင်တွေ ပြည့်နှက် နေတဲ့မြို့ အဖြစ် မကြာခင် လက်ညိုးထိုး ခံရတော့မှာပါ'' ဟု ၄င်းက ပြောသည်။

မြို့ နယ် တစ်မြို့ ကိုအုပ်ချုပ်ရန် မြို့ နယ် အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာ ၀န်ထမ်းများ
ကို နိုင်ငံတော်မှ စွမ်းဆောင်ရည် တက်ရန် သင်တန်းများ ပေးခြင်း၊ အခါအားလျော်စွာ နိုင်ငံတကာသို့ လေ့လာရေး လွှတ်ခြင်း၊ အခွင့်အာဏာ ပေးထားခြင်းများ လုပ်ထားကြောင်း၊ ၄င်းတို့ ကိုအသုံးချ၍ တာဝန်ယူ ဆောင်ရွက်နေရသော မြို့ နယ်အတွက် ဥပဒေ သက်ရောက်အောင် ဆောင်ရွက်ရန် လိုအပ်လာသည့် အခြေအနေ ဖြစ်နေပြီ ဖြစ်ကြောင်း၊ တာဝန်ကို မထမ်းဆောင်နိုင်ပါက မြို့ နယ်ရှိ တာဝန်ရှိသူ များကို နေရာ အစားထိုး လဲလှယ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဒေါ်စန္ဒာမင်း က ဆက်ပြောသည်။

လမ်းဘေး ဈေးသည်များနှင့် ပတ်သတ်၍ တင်သွင်းထားသည့် အဆိုကို ကိုယ်စားလှယ် ၈ ဦးက ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြပြီး စည်ပင် သာယာရေး ၀န်ကြီး အပါအ၀င် လွှတ်တော် တက်ရောက်သည့် ကိုယ်စားလှယ် ၁၁၆ ဦး စလုံးက ကန့်ကွက်မဲ မရှိ ထောက်ခံခဲ့ကြသည်။

Popular

No comments:

Post a Comment