ကမ္ဘာတလွှား ပေါ်ပေါက်နေတဲ့ မတည်ငြိမ်မှုတွေ ပြဿနာတွေ တော်တော်များများဟာ နိုင်ငံတကာမှာ တိုင်းတပါးသားတွေ တရားမဝင် ခိုးဝင်မှုတွေကြောင့် ဖြစ်နေရတာလို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ အာရှ ဥရောပ နိုင်ငံခြားရေးဝန်ကြီးများစည်းဝေးပွဲ ဖွင့်ပွဲနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာမှာ တိုင်းတပါးသားတွေ နယ်စပ်ကျော်ဖြတ် တရားမဝင် ခိုးဝင်မှုတွေကနေ အကြမ်းဖက်မှုတွေ၊ ခြိမ်ေးခြာက်မှုတွေ၊ လူမှုရေးစည်းလုံးမှုပြိုကွဲရတာတွေ ဖြစ်ပွားနေကြောင်း၊ ငြိမ်းချမ်းရေး ကင်းဝေးပြီး တိုးတက်ဖွံ့ဖြိုးမှု ကင်းမဲ့လာကြောင်း
တဖက်မှာ ဆင်းရဲမွဲတေမှု တိုးပွားလာကြောင်း ပြောပါတယ်။
ဒ့ါအပြင် ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းရာမှာ အချင်းချင်းနားလည်မှုနဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်မှုတွေကို အလေးထားဖို့ မူဝါဒရေးဆွဲသူတွေအနေနဲ့ နားလည်သင့်ကြောင်းလဲ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
Photo: Ministry of Foreign Affairs Myanmar's facebook
RFA
No comments:
Post a Comment