Latest News

Thursday, November 16, 2017

လွိဳင္ၿမိဳ႕နယ္ သံုးေလာင္းၿပိဳင္လူူသတ္မႈ


လိႈင္ၿမိဳ႕နယ္၊ (၉)ရပ္ကြက္တြင္  ျဖစ္ပြားခဲ့ေသာ သံုးေလာင္းၿပိဳင္လူသတ္၊ 
လုယက္မႈကို ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖဲြ႕က အခင္းျဖစ္ရပ္ 
စစ္ေဆးၿပီးေနာက္ ျပစ္မႈက်ဴးလြန္သူအား (၃)နာရီအတြင္း ေဖာ္ထုတ္
ဖမ္းဆီးရမိ

ရန္ကုန္၊ ႏို၀င္ဘာ ၁၆

လိႈင္ၿမိဳ႕နယ္၊ (၉)ရပ္ကြက္ရွိ လိႈင္သီရိအိမ္ရာတြင္ျဖစ္ပြားခဲ့ေသာ 
သံုးေလာင္းၿပိဳင္လူသတ္မႈအား ရန္ကုန္တိုင္း ေဒသႀကီးရဲတပ္ဖဲြ႕မွ 
စစ္ေဆးခဲ့ရာ လူသတ္မႈအျပင္ လုယက္မႈကိုပါက်ဴးလြန္ခဲ့ေၾကာင္း 
အခင္းျဖစ္ရပ္ စစ္ေဆး ၿပီး (၃)နာရီအတြင္း စံုစမ္းေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း 
သိရသည္။


ျဖစ္စဥ္မွာ ၁၅.၁၁.၂၀၁၇ ရက္ေန႔ ညပိုင္းတြင္ လိႈင္ၿမိဳ႕နယ္၊ (၉)ရပ္ကြက္၊
လိႈင္သီရိအိမ္ရာ၊ တိုက္(၃)ရွိ အခန္းတစ္ခန္း၌ အျပင္ဘက္မွအခန္းတံခါး
ေသာ့ခတ္ပိတ္ထားၿပီး ေလွကားထိပ္တြင္ အပုပ္နံ႔ ထြက္ေနသည့္ 
အ၀ါေရာင္အရည္မ်ားက်ဆင္းေနေၾကာင္း ေတြ႕ရွိရသျဖင့္ အနီးတိုက္ခန္းေန
သူမွ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရဲစခန္းသို႔ ဆက္သြယ္အေၾကာင္း
ၾကားခဲ့ရာ  တာ၀န္ရွိသူမ်ားေရာက္ရွိလာၿပီး  တိုက္ခန္း ပိုင္ရွင္မ်ားထံ 
ဖုန္းျဖင့္ဆက္သြယ္အေၾကာင္းၾကားခဲ့ေသာ္လည္း ဆက္သြယ္၍ မရရွိသျဖင့္
အခန္းတံခါးေသာ့ကို ဖ်က္၍၀င္ေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ရာ ေနအိမ္
အတြင္း တိုက္ခန္းၾကမ္းျပင္ေပၚတြင္ မေကသီလိႈင္၊ (၄၀)ႏွစ္ႏွင့္ ၎၏
သမီးျဖစ္သူ မသာယာထြန္း၊ (၉)ႏွစ္တို႔မွာ ဒဏ္ရာမ်ားျဖင့္ ေသဆံုး
ေနသည္ကိုေတြရၿပီး အိပ္ခန္းအ၀င္ ၀တြင္ အလုပ္သမားျဖစ္သူ 
မေအးမာဦး၊ (၂၅)ႏွစ္မွာလည္း ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကိုေတြ႕
ရွိရသျဖင့့္ လိႈင္ၿမိဳ႕မရဲစခန္း(ပ)၁၁၂၆/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ
၃၀၂/၃၉၄ ျဖင့္ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးရမိေရး 
စံုစမ္းေဆာင္ရြက္ခဲ့သည္။



အမႈမွျပစ္မႈက်ဴးလြန္သူအား အျမန္ေဖာ္ထုတ္ရရွိေရးအတြက္ ရန္ကုန္တိုင္း
ေဒသႀကီးရဲတပ္ဖဲြ႕မွဴးက အနီးကပ္ ၾကပ္မတ္ကြပ္ကဲၿပီး ဒုတိယတိုင္း
ေဒသႀကီးရဲတပ္ဖဲြ႕မွဴးႏွင့္ အေနာက္ပိုင္းခရိုင္ရဲတပ္ဖဲြ႕မွဴးတို႔အား 
အခင္းျဖစ္ရပ္ ကို စနစ္တက်ထိန္းသိမ္း၍ အေသးစိတ္စစ္ေဆးရန္၊ 
ပတ္၀န္းက်င္သက္ေသမ်ားအား စံုစမ္းစစ္ေဆးရန္၊ သဲလြန္စသက္ေသခံ
ပစၥည္းမ်ားအား ရွာေဖြရန္ႏွင့္ မႈခင္းဆိုင္ရာ သဲလြန္စမ်ား စစ္ေဆးႏိုင္ေရး
အတြက္ မႈခင္းရဲတပ္ဖဲြ႕ႏွင့္ ဆက္သြယ္ေဆာင္ရြက္သြားရန္ ညႊန္ၾကား
ခဲ့ပါသည္။




ဒုတိယတိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴးႏွင့္ အေနာက္ပိုင္းခရိုင္ရဲတပ္ဖဲြ႕မွဴးတို႔က
ဦးစီး၍ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖဲြ႕မွဴးရံုးမွ မႈခင္းေဖာ္ထုတ္ေရးရဲတပ္ဖဲြ႕ 
၀င္မ်ား၊ အေနာက္ပိုင္းခရိုင္မႈခင္းႏွိမ္နင္းေရးဌာနစုမွ ရဲတပ္ဖဲြ႕၀င္ မ်ား၊ 
လိႈင္ၿမိဳ႕မရဲစခန္းမွရဲတပ္ဖဲြ႕၀င္မ်ားႏွင့္ မႈခင္းရဲတပ္ဖဲြ႕မွ ရဲတပ္ဖဲြ႕၀င္မ်ားပါ၀င္
ေသာ ပူးေပါင္းအဖဲြ႕မွ အခင္း ျဖစ္တိုက္ခန္းအား စစ္ေဆးရာ တိုက္ခန္း
အ၀င္တံခါးအနီးတြင္  ေဒၚေကသီလိႈင္၊ (၄၀)ႏွစ္ႏွင့္ ၎၏သမီးျဖစ္သူ 
မသာယာထြန္း၊ (၉)ႏွစ္တို႔မွာ ဒဏ္ရာမ်ားျဖင့္ေသဆံုးေနကာ ေနအိမ္
အိပ္ခန္းအေပါက္၀အနီးတြင္ အလုပ္သမား မေအးမာဦး၊ (၂၅)ႏွစ္မွာလည္း 
ဒဏ္ရာမ်ားျဖင့္ ေမွာက္လ်က္ေသဆံုးေနေၾကာင္း ေတြ႕ရွိရၿပီး ၾကမ္းျပင္တြင္
ေသြးမ်ားျပန္႔ႀကဲကာ အပုပ္နံ႔မ်ားထြက္ေနေၾကာင္း ေတြ႕ရွိရသည့္အျပင္
အိမ္ေနာက္ေဖးမီးဖို ေခ်ာင္ရွိ ေဘစင္ တြင္ ဆံပင္အနည္းငယ္ႏွင့္
ေသြးမ်ားေပေနသည့္ အသားခုတ္စတီးဓားတစ္ေခ်ာင္းကို စစ္ေဆးေတြ႕
ရွိ ရပါသည္။

အခင္းျဖစ္ရပ္တြင္ စစ္ေဆးေတြ႕ရွိေသာ သက္ေသခံပစၥည္းမ်ားအား 
သိမ္းဆည္းျခင္း၊ လက္ေဗြမွတ္တမ္းရယူ ျခင္းတို႔ကို ေဆာင္ရြက္ခဲ့ၿပီး 
အမႈႏွင့္ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ား စံုစမ္းခဲ့ရာ
ေသဆံုးသူ မေကသီလိႈင္အလုပ္လုပ္သည့္ စားေသာက္ဆိုင္မွ 
၀န္ထမ္းျဖစ္သူ ဇဲြလင္းထက္၏လက္တြင္  ဓားဒဏ္ရာမ်ားရရွိထားေၾကာင္း
သတင္းရရွိသျဖင့္ အတည္ျပဳႏိုင္ေရးအတြက္ ဇဲြလင္းထက္အား
ျဖန္႔က်က္ရွာေဖြခဲ့ရာ ၎ေနထိုင္သည့္ ေရႊျပည္သာၿမိဳ႕နယ္၊ (၁၉)
ရပ္ကြက္ရွိ ေနအိမ္တြင္ေတြ႕ရွိၿပီး ရဲစခန္းသို႔ ေခၚယူစစ္ေဆးခဲ့ပါသည္။

အမႈမွန္ေဖာ္ထုတ္ရရွိရန္ တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴးမွ အနီးကပ္
စစ္ေဆးၾကပ္မတ္ကာ မသကၤာသည့္ သတင္းအခ်က္ႏွင့္စပ္လ်ဥ္း၍ 
အတည္ျပဳႏိုင္ေရးအတြက္  တိုင္းေဒသႀကီး/ခရိုင္/ၿမိဳ႕နယ္တို႔မွ 
ရဲတပ္ဖဲြ႕၀င္မ်ားအား ျဖန္႔က်က္စံုစမ္းေဆာင္ရြက္ေစခဲ့ၿပီး မသကၤာသူႏွင့္ 
သက္ေသမ်ားအား အေသးစိတ္စစ္ေဆးခဲ့ ပါသည္။ ဇဲြလင္းထက္မွ  
လက္တြင္ရရွိသည့္ ဒဏ္ရာမွာ ၉.၁၁.၂၀၁၇ ရက္ေန႔ နံနက္ ၇နာရီခဲြတြင္
ေသဆံုးသူ မေကသီလိႈင္ႏွင့္အတူ လိႈင္သီရိအိမ္ရာမွ ေတာင္ဥကၠလာ
ပၿမိဳ႕နယ္ရွိ ၎တို႔အလုပ္ လုပ္ကိုင္သည့္ စားေသာက္ဆိုင္သို႔ 1J---- Wish
ေမာ္ေတာ္ယာဥ္ျဖင့္သြားေရာက္စဥ္ RC2 ၀င္းအတြင္း Crown အမ်ိဳးအစား
ယာဥ္ႏွစ္စီးမွ ေရွ႕ေနာက္ပိတ္ရပ္ၿပီး ဓားကိုင္ေဆာင္လာသူ အမ်ိဳးသား
တစ္ဦးဆင္းလာကာ မေကသီလိႈင္အား ဓားျဖင့္ထိုးသျဖင့္ ၎မွ 
တားဆီးခဲ့ျခင္းေၾကာင့္ လက္တြင္ ဒဏ္ရာမ်ားရရွိ ခဲ့ေၾကာင္းထြက္ဆို
ခ်က္အေပၚ မွန္ကန္မႈ ရွိ မရွိ ျပန္လည္စိစစ္ခဲ့ပါသည္။

၎ထြက္ဆိုခဲ့ေသာ အခ်က္မ်ားအတည္ျပဳရန္ မေကသီလိႈင္ႏွင့္ 
မသကၤာသူ ဇဲြလင္းထက္တို႔ သြားေရာက္ခဲ့သည့္ လမ္းတေလွ်ာက္ရွိ 
CCTV မွတ္တမ္းမ်ားျဖင့္ တိုက္ဆိုင္စစ္ေဆးခဲ့ရာ မွန္ကန္မႈမရွိေၾကာင္း
ေတြ႕ရွိရသျဖင့္ ဇဲြလင္းထက္အား ထပ္မံတိုက္ဆိုင္စစ္ေဆးခဲ့ရာမွ 
အဆိုပါအမႈအား က်ဴးလြန္ခဲ့ေၾကာင္း ထြက္ဆိုခဲ့ပါသည္။

ျပစ္မႈက်ဴးလြန္ရသည့္အေၾကာင္းမွာ ၉.၁၁.၂၀၁၇ ရက္ေန႔ နံနက္
ေစာေစာတြင္ ဇဲြလင္းထက္မွာ ၎ အလုပ္လုပ္ေသာ ဆိုင္မန္ေနဂ်ာျဖစ္သူ
မေကသီလိႈင္၏ ေနအိမ္တိုက္ခန္းသို႔ ေရာက္ရွိလာၿပီး လစာတိုးေပး 
ရန္ကိစၥ ေျပာဆိုရာ မေကသီလိႈင္က လစာတိုးမေပးႏိုင္ေသးေၾကာင္း
ေျပာဆိုခဲ့ရာမွ တစ္ေယာက္တစ္ခြန္း စကားမ်ား ၾကၿပီး ခိုက္ရန္ျဖစ္ပြား
ခဲ့ေၾကာင္း၊ မေကသီလိႈင္မွ အိပ္ခန္းအတြင္းသို႔ေျပး၀င္သြားစဥ္ ဇဲြလင္းထက္
မွ လက္သီးျဖင့္ လိုက္လံထိုးခဲ့သျဖင့္ မေအးမာဦးမွ ေနာက္ကလိုက္ဆဲြ
ခဲ့ေၾကာင္း၊ မေကသီလိႈင္မွ အိပ္ခန္းအတြင္းရွိ ဓားဦးခၽြန္ယူၿပီး ထိုးမည္
ျပဳလုပ္သျဖင့္ ဓားကိုလုယူကာ မေကသီလိႈင္အား ထိုးခဲ့သည့္အျပင္ 
မေအးမာဦးကိုလည္းဓားျဖင့္ထိုးခဲ့ေၾကာင္း၊ ထိုသို႔ ရုန္းရင္းဆန္ခတ္ျဖစ္ေန
စဥ္ မေကသီလိႈင္၏ သမီးျဖစ္သူမသာယာထြန္းမွ ၀င္ေရာက္ဟန္႔တား
ခဲ့သျဖင့္ မသာယာထြန္းကိုလည္း ဓားျဖင့္ထပ္မံထိုးခဲ့ရာ လဲက်သြား
ခဲ့ေၾကာင္း၊  မသာယာထြန္းမွာ မေသေသးသျဖင့္ ေနအိမ္မီးဖိုေခ်ာင္ရွိ 
အသားခုတ္စတီးဓားယူၿပီး မသာယာထြန္း၏ ဦးေခါင္းအား ထပ္မံခုတ္ခဲ့
သျဖင့္ ေသဆံုးသြားခဲ့ေၾကာင္း၊ ေနအိမ္ရွိသူ အားလံုးေသဆံုးသြားၿပီးေနာက္
ေငြက်ပ္(၄)သိန္း၊ေရႊထည္ပစၥည္းမ်ား၊  လက္ေတာ့၊ လက္ကိုင္တယ္
လီဖုန္းႏွင့္ ေမာ္ေတာ္ကားေသာ့ယူ ေဆာင္ကာ ေနအိမ္တံခါးကို 
အျပင္မွေသာ့ခတ္ခဲ့ေၾကာင္း၊ ၎ေနာက္ ေအာက္ထပ္သို႔ဆင္းလာခဲ့ၿပီး
မေကသီလိႈင္ စီးနင္းအသံုးျပဳသည့္ ေမာ္ေတာ္ယာဥ္အမွတ္ 1J----Wish 
အမ်ိဳးအစားေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း
ေပၚေပါက္ခဲ့ပါသည္။

ျပစ္မႈက်ဴးလြန္သူ ဇဲြလင္းထက္၏ ေဖာ္ထုတ္ခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္
အသံုးျပဳသည့္ အသားခုတ္စတီးဓားကို သိမ္းဆည္းရရွိထားၿပီး အခင္း
ျဖစ္စဥ္ အသံုးျပဳခဲ့သည့္ ဓားဦးခၽြန္မွာ ေရႊျပည္သာၿမိဳ႕နယ္ရွိ သံဒင္းေခ်ာင္း
အတြင္း လြင့္ပစ္ခဲ့ေၾကာင္း ထြက္ဆိုထားသျဖင့္ သိမ္းဆည္းရမိေရး
ေဆာင္ရြက္လ်က္ရွိပါသည္။ ၎ယူေဆာင္ေမာင္းႏွင္သြားေသာ 
1J----- Wish အမ်ိဳးအစားေမာ္ေတာ္ယာဥ္မွာ သူငယ္ခ်င္းျဖစ္သူ
ေက်ာ္ဇင္ထိုက္ေနထိုင္သည့္ လွည္းကူးၿမိဳ႕နယ္၊ စခန္းႀကီးေက်းရြာရွိ
ေနအိမ္တြင္ထားခဲ့ေၾကာင္း ထြက္ဆိုသျဖင့္ သြားေရာက္သိမ္းဆည္းရရွိခဲ့ၿပီး
ယူေဆာင္သြားေသာေရႊထည္ပစၥည္းမ်ားကိုလည္း ၎၏ဇနီးျဖစ္သူ 
မခင္ခင္ၿဖိဳး၊ (၂၁)ႏွစ္ႏွင့္ မိခင္ျဖစ္သူ ေဒၚရီတင္၊ (၅၃)ႏွစ္ထံ အပ္ႏွံထား
ေၾကာင္း ထြက္ဆိုခ်က္အရ ၎တို႔ေနထိုင္သည့္ ေရႊျပည္သာၿမိဳ႕နယ္၊ 
(၁၉)ရပ္ကြက္ရွိ ေနအိမ္သို႔သြားေရာက္ရွာေဖြခဲ့ရာ မခင္ခင္ၿဖိဳးႏွင့္
ေဒၚရီတင္တို႔ထံမွ သက္ေသခံေရႊထည္ပစၥည္းမ်ား၊ အခင္းျဖစ္တိုက္ခန္း
ေသာ့တဲြႏွင့္ RAV–4 ေမာ္ေတာ္ယာဥ္ေသာ့တို႔ကို သိမ္းဆည္းရရွိခဲ့
သည့္အျပင္ အမႈမွ သက္ေသခံလက္ေတာ့ႏွစ္လံုးကိုလည္း ၎ေရာင္းခ်
ထားသည့္ မရမ္းကုန္းၿမိဳ႕နယ္၊ (၂)ရပ္ကြက္၊ သမိုင္းဘူတာရံုလမ္းရွိ
အေရာင္းဆိုင္မွ သိမ္းဆည္းရရွိခဲ့ပါသည္။ 

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕အေနျဖင့္က်န္ရွိသည့္သက္ေသခံပစၥည္းမ်ား
ျပန္လည္သိမ္းဆည္း ရရွိေရး အတြက္လည္း ဆက္လက္ေဆာင္ရြက္လ်က္
ရွိေၾကာင္း၊ ျပစ္မႈက်ဴးလြန္သူ ဇဲြလင္းထက္အား ဥပေဒႏွင့္အညီထိေရာက္
ေသာျပစ္ဒဏ္ ရရွိေရးအတြက္ဆက္လက္ေဆာင္ရြက္လ်က္ရွိေၾကာင္း 
ႏွင့္ အမႈႏွင့္စပ္လ်ဥ္း၍ အေသးစိတ္ထပ္မံစစ္ ေဆးလ်က္ရွိသျဖင့္ 
ထပ္မံေဖာ္ထုတ္ရရွိသည့္ ေဖာ္ထုတ္ခ်က္မ်ားကိုလည္း ဆက္လက္
အသိေပးေဖာ္ျပ သြားမည္ျဖစ္ေၾကာင္းႏွင့္ သတင္းရရွိပါသည္။






(Unicode)

လှိုင်မြို့နယ်၊ (၉)ရပ်ကွက်တွင်  ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင်လူသတ်၊
လုယက်မှုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ရပ်
စစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူအား (၃)နာရီအတွင်း ဖော်ထုတ်
ဖမ်းဆီးရမိရန်ကုန်၊ နိုဝင်ဘာ ၁၆လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်သီရိအိမ်ရာတွင်ဖြစ်ပွားခဲ့သော
သုံးလောင်းပြိုင်လူသတ်မှုအား ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ
စစ်ဆေးခဲ့ရာ လူသတ်မှုအပြင် လုယက်မှုကိုပါကျူးလွန်ခဲ့ကြောင်း
အခင်းဖြစ်ရပ် စစ်ဆေး ပြီး (၃)နာရီအတွင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း
သိရသည်။ဖြစ်စဉ်မှာ ၁၅.၁၁.၂၀၁၇ ရက်နေ့ ညပိုင်းတွင် လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊
လှိုင်သီရိအိမ်ရာ၊ တိုက်(၃)ရှိ အခန်းတစ်ခန်း၌ အပြင်ဘက်မှအခန်းတံခါး
သော့ခတ်ပိတ်ထားပြီး လှေကားထိပ်တွင် အပုပ်နံ့ ထွက်နေသည့်
အဝါရောင်အရည်များကျဆင်းနေကြောင်း တွေ့ရှိရသဖြင့် အနီးတိုက်ခန်းနေ
သူမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ ဆက်သွယ်အကြောင်း
ကြားခဲ့ရာ  တာဝန်ရှိသူများရောက်ရှိလာပြီး  တိုက်ခန်း ပိုင်ရှင်များထံ
ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း ဆက်သွယ်၍ မရရှိသဖြင့်
အခန်းတံခါးသော့ကို ဖျက်၍ဝင်ရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ နေအိမ်
အတွင်း တိုက်ခန်းကြမ်းပြင်ပေါ်တွင် မကေသီလှိုင်၊ (၄၀)နှစ်နှင့် ၎င်း၏
သမီးဖြစ်သူ မသာယာထွန်း၊ (၉)နှစ်တို့မှာ ဒဏ်ရာများဖြင့် သေဆုံး
နေသည်ကိုတွေရပြီး အိပ်ခန်းအဝင် ဝတွင် အလုပ်သမားဖြစ်သူ
မအေးမာဦး၊ (၂၅)နှစ်မှာလည်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့
ရှိရသဖြင့် လှိုင်မြို့မရဲစခန်း(ပ)၁၁၂၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ
၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး
စုံစမ်းဆောင်ရွက်ခဲ့သည်။အမှုမှပြစ်မှုကျူးလွန်သူအား အမြန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးက အနီးကပ် ကြပ်မတ်ကွပ်ကဲပြီး ဒုတိယတိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးတို့အား
အခင်းဖြစ်ရပ် ကို စနစ်တကျထိန်းသိမ်း၍ အသေးစိတ်စစ်ဆေးရန်၊
ပတ်ဝန်းကျင်သက်သေများအား စုံစမ်းစစ်ဆေးရန်၊ သဲလွန်စသက်သေခံ
ပစ္စည်းများအား ရှာဖွေရန်နှင့် မှုခင်းဆိုင်ရာ သဲလွန်စများ စစ်ဆေးနိုင်ရေး
အတွက် မှုခင်းရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်သွားရန် ညွှန်ကြား
ခဲ့ပါသည်။ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးတို့က
ဦးစီး၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ်ရေးရဲတပ်ဖွဲ့
ဝင်များ၊ အနောက်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင် များ၊
လှိုင်မြို့မရဲစခန်းမှရဲတပ်ဖွဲ့ဝင်များနှင့် မှုခင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်
သော ပူးပေါင်းအဖွဲ့မှ အခင်း ဖြစ်တိုက်ခန်းအား စစ်ဆေးရာ တိုက်ခန်း
အဝင်တံခါးအနီးတွင်  ဒေါ်ကေသီလှိုင်၊ (၄၀)နှစ်နှင့် ၎င်း၏သမီးဖြစ်သူ
မသာယာထွန်း၊ (၉)နှစ်တို့မှာ ဒဏ်ရာများဖြင့်သေဆုံးနေကာ နေအိမ်
အိပ်ခန်းအပေါက်ဝအနီးတွင် အလုပ်သမား မအေးမာဦး၊ (၂၅)နှစ်မှာလည်း
ဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေကြောင်း တွေ့ရှိရပြီး ကြမ်းပြင်တွင်
သွေးများပြန့်ကြဲကာ အပုပ်နံ့များထွက်နေကြောင်း တွေ့ရှိရသည့်အပြင်
အိမ်နောက်ဖေးမီးဖို ချောင်ရှိ ဘေစင် တွင် ဆံပင်အနည်းငယ်နှင့်
သွေးများပေနေသည့် အသားခုတ်စတီးဓားတစ်ချောင်းကို စစ်ဆေးတွေ့
ရှိ ရပါသည်။အခင်းဖြစ်ရပ်တွင် စစ်ဆေးတွေ့ရှိသော သက်သေခံပစ္စည်းများအား
သိမ်းဆည်းခြင်း၊ လက်ဗွေမှတ်တမ်းရယူ ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး
အမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ စုံစမ်းခဲ့ရာ
သေဆုံးသူ မကေသီလှိုင်အလုပ်လုပ်သည့် စားသောက်ဆိုင်မှ
ဝန်ထမ်းဖြစ်သူ ဇွဲလင်းထက်၏လက်တွင်  ဓားဒဏ်ရာများရရှိထားကြောင်း
သတင်းရရှိသဖြင့် အတည်ပြုနိုင်ရေးအတွက် ဇွဲလင်းထက်အား
ဖြန့်ကျက်ရှာဖွေခဲ့ရာ ၎င်းနေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ (၁၉)
ရပ်ကွက်ရှိ နေအိမ်တွင်တွေ့ရှိပြီး ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။အမှုမှန်ဖော်ထုတ်ရရှိရန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အနီးကပ်
စစ်ဆေးကြပ်မတ်ကာ မသင်္ကာသည့် သတင်းအချက်နှင့်စပ်လျဉ်း၍
အတည်ပြုနိုင်ရေးအတွက်  တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တို့မှ
ရဲတပ်ဖွဲ့ဝင်များအား ဖြန့်ကျက်စုံစမ်းဆောင်ရွက်စေခဲ့ပြီး မသင်္ကာသူနှင့်
သက်သေများအား အသေးစိတ်စစ်ဆေးခဲ့ ပါသည်။ ဇွဲလင်းထက်မှ
လက်တွင်ရရှိသည့် ဒဏ်ရာမှာ ၉.၁၁.၂၀၁၇ ရက်နေ့ နံနက် ၇နာရီခွဲတွင်
သေဆုံးသူ မကေသီလှိုင်နှင့်အတူ လှိုင်သီရိအိမ်ရာမှ တောင်ဥက္ကလာ
ပမြို့နယ်ရှိ ၎င်းတို့အလုပ် လုပ်ကိုင်သည့် စားသောက်ဆိုင်သို့ 1J---- Wish
မော်တော်ယာဉ်ဖြင့်သွားရောက်စဉ် RC2 ဝင်းအတွင်း Crown အမျိုးအစား
ယာဉ်နှစ်စီးမှ ရှေ့နောက်ပိတ်ရပ်ပြီး ဓားကိုင်ဆောင်လာသူ အမျိုးသား
တစ်ဦးဆင်းလာကာ မကေသီလှိုင်အား ဓားဖြင့်ထိုးသဖြင့် ၎င်းမှ
တားဆီးခဲ့ခြင်းကြောင့် လက်တွင် ဒဏ်ရာများရရှိ ခဲ့ကြောင်းထွက်ဆို
ချက်အပေါ် မှန်ကန်မှု ရှိ မရှိ ပြန်လည်စိစစ်ခဲ့ပါသည်။၎င်းထွက်ဆိုခဲ့သော အချက်များအတည်ပြုရန် မကေသီလှိုင်နှင့်
မသင်္ကာသူ ဇွဲလင်းထက်တို့ သွားရောက်ခဲ့သည့် လမ်းတလျှောက်ရှိ
CCTV မှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ မှန်ကန်မှုမရှိကြောင်း
တွေ့ရှိရသဖြင့် ဇွဲလင်းထက်အား ထပ်မံတိုက်ဆိုင်စစ်ဆေးခဲ့ရာမှ
အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။ပြစ်မှုကျူးလွန်ရသည့်အကြောင်းမှာ ၉.၁၁.၂၀၁၇ ရက်နေ့ နံနက်
စောစောတွင် ဇွဲလင်းထက်မှာ ၎င်း အလုပ်လုပ်သော ဆိုင်မန်နေဂျာဖြစ်သူ
မကေသီလှိုင်၏ နေအိမ်တိုက်ခန်းသို့ ရောက်ရှိလာပြီး လစာတိုးပေး
ရန်ကိစ္စ ပြောဆိုရာ မကေသီလှိုင်က လစာတိုးမပေးနိုင်သေးကြောင်း
ပြောဆိုခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများ ကြပြီး ခိုက်ရန်ဖြစ်ပွား
ခဲ့ကြောင်း၊ မကေသီလှိုင်မှ အိပ်ခန်းအတွင်းသို့ပြေးဝင်သွားစဉ် ဇွဲလင်းထက်
မှ လက်သီးဖြင့် လိုက်လံထိုးခဲ့သဖြင့် မအေးမာဦးမှ နောက်ကလိုက်ဆွဲ
ခဲ့ကြောင်း၊ မကေသီလှိုင်မှ အိပ်ခန်းအတွင်းရှိ ဓားဦးချွန်ယူပြီး ထိုးမည်
ပြုလုပ်သဖြင့် ဓားကိုလုယူကာ မကေသီလှိုင်အား ထိုးခဲ့သည့်အပြင်
မအေးမာဦးကိုလည်းဓားဖြင့်ထိုးခဲ့ကြောင်း၊ ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်နေ
စဉ် မကေသီလှိုင်၏ သမီးဖြစ်သူမသာယာထွန်းမှ ဝင်ရောက်ဟန့်တား
ခဲ့သဖြင့် မသာယာထွန်းကိုလည်း ဓားဖြင့်ထပ်မံထိုးခဲ့ရာ လဲကျသွား
ခဲ့ကြောင်း၊  မသာယာထွန်းမှာ မသေသေးသဖြင့် နေအိမ်မီးဖိုချောင်ရှိ
အသားခုတ်စတီးဓားယူပြီး မသာယာထွန်း၏ ဦးခေါင်းအား ထပ်မံခုတ်ခဲ့
သဖြင့် သေဆုံးသွားခဲ့ကြောင်း၊ နေအိမ်ရှိသူ အားလုံးသေဆုံးသွားပြီးနောက်
ငွေကျပ်(၄)သိန်း၊ရွှေထည်ပစ္စည်းများ၊  လက်တော့၊ လက်ကိုင်တယ်
လီဖုန်းနှင့် မော်တော်ကားသော့ယူ ဆောင်ကာ နေအိမ်တံခါးကို
အပြင်မှသော့ခတ်ခဲ့ကြောင်း၊ ၎င်းနောက် အောက်ထပ်သို့ဆင်းလာခဲ့ပြီး
မကေသီလှိုင် စီးနင်းအသုံးပြုသည့် မော်တော်ယာဉ်အမှတ် 1J----Wish
အမျိုးအစားမော်တော်ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း
ပေါ်ပေါက်ခဲ့ပါသည်။ပြစ်မှုကျူးလွန်သူ ဇွဲလင်းထက်၏ ဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ရာတွင်
အသုံးပြုသည့် အသားခုတ်စတီးဓားကို သိမ်းဆည်းရရှိထားပြီး အခင်း
ဖြစ်စဉ် အသုံးပြုခဲ့သည့် ဓားဦးချွန်မှာ ရွှေပြည်သာမြို့နယ်ရှိ သံဒင်းချောင်း
အတွင်း လွင့်ပစ်ခဲ့ကြောင်း ထွက်ဆိုထားသဖြင့် သိမ်းဆည်းရမိရေး
ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းယူဆောင်မောင်းနှင်သွားသော
1J----- Wish အမျိုးအစားမော်တော်ယာဉ်မှာ သူငယ်ချင်းဖြစ်သူ
ကျော်ဇင်ထိုက်နေထိုင်သည့် လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာရှိ
နေအိမ်တွင်ထားခဲ့ကြောင်း ထွက်ဆိုသဖြင့် သွားရောက်သိမ်းဆည်းရရှိခဲ့ပြီး
ယူဆောင်သွားသောရွှေထည်ပစ္စည်းများကိုလည်း ၎င်း၏ဇနီးဖြစ်သူ
မခင်ခင်ဖြိုး၊ (၂၁)နှစ်နှင့် မိခင်ဖြစ်သူ ဒေါ်ရီတင်၊ (၅၃)နှစ်ထံ အပ်နှံထား
ကြောင်း ထွက်ဆိုချက်အရ ၎င်းတို့နေထိုင်သည့် ရွှေပြည်သာမြို့နယ်၊
(၁၉)ရပ်ကွက်ရှိ နေအိမ်သို့သွားရောက်ရှာဖွေခဲ့ရာ မခင်ခင်ဖြိုးနှင့်
ဒေါ်ရီတင်တို့ထံမှ သက်သေခံရွှေထည်ပစ္စည်းများ၊ အခင်းဖြစ်တိုက်ခန်း
သော့တွဲနှင့် RAV–4 မော်တော်ယာဉ်သော့တို့ကို သိမ်းဆည်းရရှိခဲ့
သည့်အပြင် အမှုမှ သက်သေခံလက်တော့နှစ်လုံးကိုလည်း ၎င်းရောင်းချ
ထားသည့် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းရှိ
အရောင်းဆိုင်မှ သိမ်းဆည်းရရှိခဲ့ပါသည်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်ကျန်ရှိသည့်သက်သေခံပစ္စည်းများ
ပြန်လည်သိမ်းဆည်း ရရှိရေး အတွက်လည်း ဆက်လက်ဆောင်ရွက်လျက်
ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူ ဇွဲလင်းထက်အား ဥပဒေနှင့်အညီထိရောက်
သောပြစ်ဒဏ် ရရှိရေးအတွက်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
နှင့် အမှုနှင့်စပ်လျဉ်း၍ အသေးစိတ်ထပ်မံစစ် ဆေးလျက်ရှိသဖြင့်
ထပ်မံဖော်ထုတ်ရရှိသည့် ဖော်ထုတ်ချက်များကိုလည်း ဆက်လက်
အသိပေးဖော်ပြ သွားမည်ဖြစ်ကြောင်းနှင့် သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment