Latest News

Wednesday, November 15, 2017

အားကျသင့်သော အမျိုးသား ရင်ကြားစေ့နိုင်ခဲ့မှု


စက်တင်ဘာ (၁) ရက်နေ့က မြို့တော် ဘိုဂိုတာ၏ လမ်းမများပေါ်တွင် ထောင်နှင့်ချီသော ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ Revolution Armed Forces of Columbia (FARC) မှ အဖွဲ့ဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူ များ ဆူညံစွာ အော်ဟစ်ကခုန်ကာ စင်တင် ဂီတ ဖျော်ဖြေပွဲများလည်း ကျင်းပခဲ့ကြပါတယ်။
အဆိုပါ ဖြစ်စဉ်အား လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်အတွင်း တချိန်ချိန် မှာ မြင်တွေ့ခဲ့ကြရရင်ဖြင့် ကိုလံဘီယာ အစိုးရ ပြုတ်ကျ သွားလေပြီလားဟုပင် ယူဆစရာ ဖြစ်ပါတယ်။ သို့သော် အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းကြီးက ၎င်းတို့၏ စစ်ရေး အောင်မြင်မှု များ အတွက် ပျော်ရွှင်မြူတူးစွာ အောင်ပွဲ ခံနေကြခြင်း မဟုတ်ပေ။ ၎င်းတို့ အသစ် ဖွဲ့စည်း လိုက်တဲ့ နိုင်ငံရေး ပါတီသစ်ကြီး ပေါ်ထွန်းလာခြင်းကို ကြိုဆိုနေကြခြင်းပင် ဖြစ်ပါတယ်။
ကိုလံဘီယာ က လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်က အစိုးရ လက်မှိုင်ချလောက်ရအောင် နိုင်ငံပျက်စီးလုနီးပါး အခြေအနေ ဆိုက်ရောက်ခဲ့ရပါတယ်။ ၁၉၉၂-၉၉ ကာလများ အတွင်း နိုင်ငံ ရဲ့ သုံးပုံ တပုံခန့်က အဆိုပါ ပျောက်ကြား လက်နက်ကိုင် အဖွဲ့ကြီးရဲ့ လက်အောက်ကို ကျရောက်နေခဲ့ပါတယ်။
ထို့အတွက် ၂၀၀၂ မှာ ထိုစဉ်က သမ္မတ ယူရီဘီ က ထိုးစစ်ကြီး စတင်ဆင်နွှဲလာခဲ့တဲ့ အတွက် FARC အဖွဲ့ စစ်ရေးအရ အကြီးအကျယ် နိမ့်ပါးသွားခဲ့ရပါတယ်။ နောက်တက်လာတဲ့ သမ္မတ ဖြစ်သူ မန်ညူရယ် ဆန်တို့စ် က ထိုးစစ် အရှိန်အဟုန်ကို ဆက်လက်ထိမ်းသိမ်းထားခဲ့ပြီး တဆက်တည်းမှာ အဆိုပါ ပြောက်ကြားများကို ငြိမ်းချမ်းရေး စားပွဲဝိုင်းဆီ ခေါ်ယူလာနိုင်ခဲ့ပါတယ်။
လေးနှစ်နီးပါး အချိန်ယူ ဆွေးနွေးခဲ့ကြပြီးနောက် ၂၀၁၆ မှာ သဘောတူညီချက် တရပ် ကို ကျုးဘား နိုင်ငံ မြို့တော် ဟာဗာနားမှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ သို့သော်လည်း အဆိုပါ သဘောတူညီချက်က ကိုလံဘီယာ ပြည်သူများအကြား အငြင်းပွားစရာ ဖြစ်လာခဲ့ရပြန်ပါတယ်။
အဆိုပါ သဘောတူညီချက်အရ FARC ပြောက်ကျား တပ်ဖွဲ့ဝင်များအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ယုံမက ၎င်းတို့ရဲ့ တပ်မှုးများကို ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခွင့်ပြုခဲ့ပါတယ်။ FARC သည် ယခင်က ပြည်တွင်းမှာ ပြန်ပေးဆွဲ လူသတ်မှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့ဖူးပါတယ်။
ထို့အတွက် အဆိုပါ သဘောတူညီချက်ကို အစိုးရက ၂၀၁၆ အောက်တိုဘာလမှာ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုစေခဲ့ရာမှ ပွတ်ကာသီကာ မဲ နဲ့ လူထူုရဲ့ ငြင်းပါယ်ခြင်းကို ခံခဲ့ရတဲ့ အတွက် သဘောတူညီချက် ကို ပြန်လည် ရေးဆွဲပြီး ဒီတခါတော့ ဆန္ဒခံယူပွဲ ပြန်မလုပ်တော့ပဲ ကွန်ဂရက်ရဲ့ အတည်ပြုချက်ကို ရယူခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာပဲ FARC က ၎င်းတို့ရဲ့ လက်နက်တွေကို ကုလသမဂ္ဂ ထံ အပြီး အပ်နှံခဲ့ကြပြီး မဲပြားများကတဆင့်သာ အာဏာရရှိရေး ကြိုးပမ်းဖို့ ဦးတည်လာပြီ ဖြစ်ပါတယ်။ အဆိုပါ ငြိမ်းချမ်းရေး သာ တည်မြဲသွာပါက နိုင်ငံရေးစင်မြင်ပေါ် FARC တရားဝင်တက်လှမ်းလာနိုင်တော့မှာ ဖြစ်ပါတယ်။
FARC က သဘောတူညီချက်အရ ၎င်းတို့အဖွဲ့ပိုင် ပစ္စည်းများ ဘွတ်ဖိနပ် ကအစ လက်နက်များအဆုံး၊ ဒေသ ဖွံ့ဖြိုးရေး အတွက် ဆောက်ပေးခဲ့ရတဲ့ လမ်းများပါ မကျန် အစိုးရကို တင်ပြခဲ့ရပါတယ်။
ခေါင်းဆောင်ပိုင်းကလည်း သူတို့ပိုင်ဆိုင်တဲ့ မြေတွေ၊ ကျွဲနွားတွေ၊ ရွှေ အလေးချိန် ၂၆၇, ၅၂၀ ဂရမ်၊ ငွေသားချည်းပဲ အမေရိကန် ဒေါ်လာ ၄၅၀,၀၀၀ စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၃၂၈ သန်း ဖိုး အတိအကျ တင်ပြခဲ့ကြပါတယ်။
FARC က ၎င်းတို့ရဲ့ ပြောရိုးပြောစဉ် မက်စ် အတွေုးအခ်ါတွေကို ဖယ်ရှားပြီး ကျန်းမာရေး စောင့်ရှောက်မှု နှင့် လူတိုင်း အလုပ်အကိုင် ဖူလုံရေးကို အဓိက ထား မဲဆွယ်သွားမှာ ဖြစ်တဲ့ အတွက် လက်ရှိ နိုင်ငံရေးပါတီတွေကို သဘောမကျသူ စစ်တမ်းများအရ ၈၇% ရှိနေတဲ့ ကိုလံဘီယာ က ပါတီကြီးတွေ အတွက် အခက်တွေ့စရာတော့ ဖြစ်လာနေပါတယ်။
သို့သော်လည်း FARC က ၂၀၁၈ သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်မယှဉ်ပြိုင်သေးဖူးလို့ ဆိုပါတယ်။ ကွန်ဂရက် ရွေးကောက်ပွဲမှာ တော့ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေး သဘောတူညီချက်အရ အထက် နှင့် အောက်လွှတ်တော်မှာ ငါးနေရာစီ သေချာပေါက် ပေးဖို့ အစိုးရကလည်း သဘောတူထားပြီး ဖြစ်တဲ့အပြင် အစိုးရ သတ်မှတ်ပေးထားတဲ့ ၁၆ နေရာမှာ လောလောဆယ် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ထို့အပြင် ၎င်းတို့ ထိမ်းချုပ်ခဲ့တဲ့ နယ်မြေတွေမှာ အခြေခံ အဆောက်အအုံများ နဲ့ ဖွံဖြိုးရေး စီမံကိန်းတွေ အကောင်အထည် ဖေါ်ပေးဖို့ အစိုးရရဲ့ သဘောတူညီမှုကို ငြိမ်းချမ်းရေး စာချုပ်မှာ ထည့်သွင်းပေးရေး တောင်းဆိုနိုင်ခဲ့တဲ့ အတွက် ဒေသခံ များက အားရကျေနပ်နေကြပါတယ်။
ကဲ..ကျွန်တော်တို့ကို ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ၊ တိုင်းပြည်ရဲ့ သုံးပုံတပုံ ကို ထိမ်းချုပ်နိုင်စွမ်း ရှိခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြီးက တောင် လက်နက် စွန့်နိုင်ခဲ့သေးရင် ဘယ်သူမှ အနိုင်မရနိုင်တဲ့ ပြည်တွင်းစစ်ကြီးကို ရေရှည် အကျိုးမရှိပဲ ဘာလို့ ဆက်တိုက်နေကြမှာလဲ။
တိုင်းပြည်နဲ့ မိမိတို့ လူမျိုး အတွက် လက်နက်တွေ ဘေးချပြီး ၀ိုင်းဝန်း ကြိုးစားကြပါစို့ လို့ ယခုလက်ရှိ အစိုးရ နဲ့ UNFC တို့ရဲ့ န၀မအကြိမ် မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်နေသူများကို တောင်းဆိုလိုက်ရပါတယ် ခင်ဗျာ။
လှစိုးဝေ
ကိုးကား ၊ ၊ Colombia Peace Process: Joining the party (The Economist September 9th 2017)

No comments:

Post a Comment