Monday, November 6, 2017
ရဲတပ်ဖွဲ့ဝင် ၄ ဦး အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်သို့ ကန့်ကွက်စာပေးပို့
နိုဝင်ဘာ ၆၊ ၂၀၁၇
နိုဝင်ဘာ ၅ ရက် ၊ ညနေ ၄ နာရီခွဲတွင် မောင်တောမြို့နယ်၊ နယ်စပ်မှတ်တိုင် ၄၅ နှင့် ၄၆ အကြား၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေပြီး နယ်စပ်ခြံစည်းရိုးများအား လိုက်လံစစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦး အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးကဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ စစ်တကောင်းမြို့ အရှေ့တောင်ပိုင်း တိုင်းဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဒေသကွပ်ကဲ ရေးမှူးထံ ကန့်ကွက် ကြောင်း အကြောင်းကြားစာကို နိုဝင်ဘာလ ၆ ရက်(ယနေ့) ရက်စွဲဖြင့် ပေးပို့ထားကြောင်း သိရသည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီ ၄၅ မိနစ်တွင် နယ်စပ်မှတ်တိုင် ၄၅ ကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ နယ်စပ်ခြံစည်းရိုးများအား လိုက်လံစစ်ဆေးနေစဉ် မိုင်တိုင် ၄၅ နှင့် ၄၆ အကြား အရောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ကိုက် ၁၀၀ အကွာခန့်ရှိ တောင်ကုန်းတစ်ခုပေါ်မှ လက်နက်ငယ်များဖြင့် အချက် ၂၀၊ ၃၀ ခန့် ပစ်ခတ်ခံခဲ့ရသည်။
သေနတ်ဖြင့် ပတ်ခတ်မှုကြောင့် မိမိတို့ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းမှ လက်နက်ကိုင်အဖွဲ့အစည်းများက ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ် ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရှိပြီးသား နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ရေရှည် ဆက်ဆံရေး ထိခိုက်စေနိုင်သည့်အပြင် နိုင်ငံတကာ၏ ပြယုဂ်အတွက်လည်း မကောင်းနိုင်ပါကြောင်း၊ သို့ဖြစ်၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍လည်းကောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍လည်းကောင်း ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မိမိတို့ တပ်ဖွဲ့ဝင် များအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သော လက်နက်ကိုင်များအား စိစစ်ဖော်ထုတ်ပေးနိုင်ပါရန်နှင့် နှစ်နိုင်ငံ အပြန်အလှန် သတင်းဖလှယ်၍ အခြေအနေ ပြန်ကြားပေးနိုင်ပါရန် အကြောင်းကြားစာပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Information Committee
https://www.facebook.com/InfomationCommittee/
ရဲတပ်ဖွဲ့ဝင် ၄ ဦး အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်သို့ ကန့်ကွက်စာပေးပို့
Reviewed by timeayeyar
on
3:16 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment