Latest News

Monday, November 6, 2017

၉၈ နှစ် အမေက အသက် ၈၀ သားကို စောင့်ရှောက်ဖို့ ဘိုးဘွားရိပ်သာကို ပြောင်းလာ

၉၈ နှစ် အမေက အသက် ၈၀ သားကို စောင့်ရှောက်ဖို့ ဘိုးဘွားရိပ်သာကိုြေေပြောင်း
လာ

နိုဝင်ဘာ ၆

ကလေးလေးယောက် အမေ အသက် ၉၈ နှစ် အရွယ် အဒါကီးတင်းဟာ လစ်ဗာပူးမြို့၊ ဟူတန်မှာရှိတဲ့ ဘိုးဘွား စောင့်ရှောက်ရေး ဂေဟာတစ်ခုကို ပြောင်းလာပါတယ်။ အကြောင်းက သူ့ကိုယ်သူ မသယ်နိုင်တော့လို့ မဟုတ်ဘဲ သူ့သား အသက် ၈၀ အရွယ် တွမ်ကို စောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ တွမ်ကီးတင်းဟာ ၂၀၁၆ ခုနှစ်က စပြီး မို့ဗျူး ဘိုးဘွားရိပ်သာမှာ နေထိုင်ခဲ့ရပြီး သူကိုယ်တိုင် မလှုပ်မရှား နိုင်တော့ပါဘူး။ သူ့အမေ အဒါကတော့ နောက် တစ်နှစ်လောက် နေတဲ့အခါ အဆိုပါဂေဟာကို ပြောင်းလာ ခဲ့ပါတယ်။ ၀ီဗာထရူးက သားအမိဟာ သံယောဇဉ် အထူး ကြီးမားကြပြီး တွမ်က အိမ်ထောင် မပြုခဲ့သလို သူ့အမေနဲ့ အမြဲ နေထိုင်ခဲ့ပါတယ်။ တွမ်ဟာ အငြိမ်းစား မယူခင် ဆေးသုတ်သူနဲ့ အိမ်အလှဆင်သူ အဖြစ် လုပ်ကိုင်ခဲ့ပြီး အဒါကတော့ ယခင် မေးလ်ရုတ် ဆေးရုံမှာ သူနာပြုအကူ ဖြစ်ပါတယ်။

သူတို့ဘ၀ တသက်တာမှာ တအိမ်တည်း အတူ နေခဲ့ကြလို့ အခုလည်း သက်ကြီးဂေဟာ တစ်ခုမှာ အတူ နေကြပြန် ပါပြီ။ “အဘွားက တွမ့်အခန်းကို ညတိုင်းသွားပြီး သူ့ကို ဂွတ်နိုက်လို့ နှုတ်ဆက်တယ်။ မနက်ဆိုလည်း သူ့ဆီသွား နှုတ်ဆက်တယ်။ အမေဘ၀ ဆိုတာ ကုန်ဆုံးတယ် လို့မှ မရှိဘဲ” လို့ အဘွားအဒါက သည်လစ်ဗာပူး အက်ကိုး သတင်းဌာနကို ပြောပါတယ်။ “အဘွား အပြင်ထွက်ပြီး ဆံပင်ညှပ်ရင် သူက အဘွားကို မျှော်နေရော။ ပြန်ရောက်ရင် သူက အဘွားဆီလာပြီး လာဖက်တယ်” လို့ အဘွားအဒါက ဆိုပါတယ်။ “သူတို့က သိပ်ကောင်းပါတယ်။

အမေကလည်း ဒီမှာနေနေတော့ အမေ့ကို နေ့တိုင်း မြင်ရတာ ပျော်တာပေါ့” လို့တွမ်က ဆိုပါတယ်။ “အမေက ကျုပ်ကို သိပ်ဂရုစိုက်တာ။ တစ်ခါတလေ ကောင်းကောင်း နေစမ်းလို့ ပြောသေးတယ်” အဘွားအဒါနဲ့ ကွယ်လွန်သူ သူ့ခင်ပွန်း ဟယ်ရီမှာ သားသမီး လေးယောက် ရှိပါတယ်။ အဒါရဲ့မြေး ဒက်ဘီဟမ်ဂမ်နဲ့ တခြား မိသားစုတွေဟာ ဘိုးဘွားရိပ်သာကို ပုံမှန် လာရောက် ကြည့်ရှုကြပြီး အဒါနဲ့တွမ် အတူတူ ပြန်နေထိုင်တာကို ၀မ်းမြောက် နေကြပါတယ်။

စုပြည့်စုံ (Kumudra)

No comments:

Post a Comment