Latest News

Thursday, November 2, 2017

ကျိုက်ထီးရိုးရင်ပြင်တော်၌ ဘုရားဖူးတစ်ဦးသေဆုံး

ကျိုက်ထီးရိုးရင်ပြင်တော်၌ ဘုရားဖူးတစ်ဦးသေဆုံး

ကျိုက်ထို၊ နိုဝင်ဘာ ၂

          ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပချိန်တွင်အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်သည့်ဘုရားဖူးများဖြင့်စည်ကားလျက်ရှိရာ နိုဝင်ဘာ ၁ရက် နံနက် ၈ နာရီခွဲခန့်၌ဘုရားဖူးတစ်ဦးသေဆုံးခဲ့သည်။

       အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ရင်ပြင်တော် ရဲကင်းစခန်းမှူး ရဲအုပ်ဇော်မငှ်းီုဦးနှင့်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဦးကျော်စိုးတင့် (ဘ)ဦးစိုးတင့် အမှတ်
(၃၂၃) စိန်ပန်းလမ်းမကြီး ဖေါင်တော်ရပ်ကွက် မဟာအောင်မြေမြို့နယ် မန္တလေးတိုင်းဒေသကြီးနေသူဖြစ်ပြီး ဇနီးဖြစ်သူမမိမိခိုင် နှင့်အဒေါ်ဖြစ်သူ ဒေါ်ချိချို တို့နှင့်အတူ ကျိုက်ထီးရိုး ဘုရားသို့လာရောက်ဖူးမြော်ရာ ငှါးရမ်းတည်းခိုလျက်ရှိတည်းခိုဆောင် သန့်စင်ခန်းမှအပြန်  လဲကျသွား၍
ရင်ပြင်တော်ဆေးခန်းသို့ပို့ဆောင်စဉ်သေဆုံးခြင်းဖြစ်ကြောင်းသိရ၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် ရဲအုပ် ဇော်မင်းဦးမှ တရားလိုပြုလုပ်တိုင်တန်းလာသဖြင့်ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ
စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

ဝင်းမောင်(ကျိုက်ထို)
Myanmaalin
ဓာတ်ပုံ - လူမှုကွန်ယက်

No comments:

Post a Comment