Latest News

Thursday, November 2, 2017

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်စု ရခိုင်ပြည်မှ ပြန်လည်ထွက်ခွာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်စု ရခိုင်ပြည်မှ ပြန်လည်ထွက်ခွာ

ရခိုင်ပြည်နယ် မောင်တောဒေသသို့ သွားရောက်ပြီးတော့ နယ်မြေဒေသ အခြေအနေတွေကို တစ်နေ့တာ ခရီးစဉ်အဖြစ် လေ့လာထိတွေ့ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် ဟာ ညနေ ၃ နာရီအချိန် မှာ စစ်တွေလေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။
ရောက်ရှိလာပြီးတော့ လေဆိပ်အတွင်းမှာ ရှိတဲ့ ခန်းမ မှာ ပြည်နယ်အစိုးရ နိုင်ငံတော်အတိုင်ပင်ခံ နဲ့ လိုက်ပါလာတဲ့ လူမှုကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး  Max myanmar ဦးဇော်ဇော် တို့နဲ့အတူ တာဝန်ရှိ သူများ မှာ တံခါးပိတ် ဆွေးခဲ့ကြပါတယ်။

အဲဒီလို ဆွေးနွေးပွဲ မှာ မောင်တောဒေသ ဖွံ့ဖြိုးရေး အထူးစီးပွါးရေးဇုန်ကိစ္စ တွေ ပြန်လည်နေရာချထားရေး နဲ့ တစ်ဘက်နိုင်ငံသို့ထွက်ပြေးသွားသူများကို ပြန်လည် လက်ခံရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ် လို့ သိရပါတယ်။အဲဒီနောက် စစ်တွေ မြို့မှ မြန်မာ့အမျိုးသားလေကြောင်းနဲ့ ထွက်ခွာသွားခဲ့ကြပါတယ်။

ခင်မောင်(တိုင်းဧရာ)

No comments:

Post a Comment