Latest News

Wednesday, November 8, 2017

ဘင်္ဂါလီအရေး ကုလထုတ်ပြန်မှုကို လက်ခံကျေနပ်ခြင်းမရှိကြောင်း မြန်မာအစိုးရ တုံ့ပြန်

ဘင်္ဂါလီအရေး ကုလထုတ်ပြန်မှုကို လက်ခံကျေနပ်ခြင်းမရှိကြောင်း မြန်မာအစိုးရ တုံ့ပြန်

မြန်မာကိုယ်စားလှယ်ကလည်း လုံခြုံရေးကောင်စီတွင် တုံ့ပြန်မိန့်ခွန်းပြော

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမျိုးနွယ်စုများအပေါ် ဖိနှိပ် မှုများ ရပ်တန့်ရန် တောင်းဆို ကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက် ထုတ်ပြန်ခြင်းအပေါ် မြန်မာ အစိုးရက လက်ခံကျေနပ်ခြင်းမရှိ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးက နိုဝင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ ၏ လူမျိုး၊ ဘာသာ အဆင့်အတန်း ခွဲခြားမှုမရှိဘဲ အကျပ်အတည်း ဖြစ်နေသူအားလုံးထံ လူသားချင်း စာနာထောက်ထားမှု အကူအ ညီများပေးအပ်မှုကို အောင်မြင် စွာ လုပ်ဆောင်ပေးခဲ့ခြင်း အပါအ ဝင် ရခိုင်ပြည်နယ်အတွင်း ငြိမ်း ချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင် ကြိုး ပမ်းမှုတချို့တစ်ဝက်ကိုသာ အသိ အမှတ်ပြုခဲ့သည်ဟု အတိုင်ပင် ခံရုံးက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်ကြောင့် မြန် မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရင် ဆိုင်နေရသော ပြဿနာများကို နှစ်နိုင်ငံ ဆွေးနွေးကာ အပြန် အလှန် ချစ်ကြည်ရင်းနှီးမှုဖြင့် ဖြေ ရှင်းမှသာ အောင်မြင်မှု ရနိုင်သည် ဆိုသည့်အချက်ကို လျစ်လျူရှု ထားခဲ့သည့်အပြင် အဆိုပါ ထုတ် ပြန်ချက်ကြောင့် နှစ်နိုင်ငံအကြား ချောမောစွာ သွားနေသည့် စေ့စပ် ဆွေးနွေးမှုများကို ထိခိုက်စေမည့် အန္တရာယ်ရှိကြောင်းလည်း မြန်မာ အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိ သည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးသည် အောက်တိုဘာ ၂၃ မှ ၂၅ အထိ နေပြည်တော်သို့ လာ ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း နှစ် နိုင်ငံအကြား နယ်စပ်လုံခြုံရေး အပေါ် ကောင်းမွန်စွာ အကျိုး သက်ရောက်နိုင်မည့် အရေးပါ သော စာချုပ်နှစ်ခုကို လက်မှတ် ရေးထိုးခဲ့သည်။ ထို့အပြင် မြန်မာ အစိုးရ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွား သူများ နေရပ်သို့ ပြန်လည်ရောက် ရှိလာရေးအတွက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ချစ်ခင်ရင်းနှီး စွာ ဆက်လက်ဆွေးနွေးလျက် ရှိ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးအားလည်း နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံ သို့ လာရောက်ရန် ဖိတ်ကြားထား ခဲ့ပြီး ထိုသို့ဖိတ်ကြားခြင်းသည်နှစ်ဦးနှစ်ဖက် လက်ခံကျေနပ်သော သဘောတူညီချက်တစ်ရပ် ခရီး စဉ်အတွင်း ရရှိရန် မျှော်မှန်းချက် ဖြင့် ဖိတ်ကြားခဲ့သည်ဟု ဖော်ပြ ထားသည်။

နိုဝင်ဘာ ၆ ရက်က ဘင်္ဂါလီ ပြဿနာနှင့် ပတ်သက်၍ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်များ ဆွေးနွေးပြီးနောက် ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်ကို လုံခြုံရေးကောင် စီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ထားသည့် အီတလီသံအမတ် ဆီဘက်စတီယာနိုကာဒီက ဖတ် ကြားခဲ့သည်။

အဆိုပါ ကြေညာချက်တွင် အဓိကအားဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဘင်္ဂါလီမျိုးနွယ်စု များအပေါ် ဖိနှိပ်ဆက်ဆံမှုများ ရှိနေကြောင်း စွပ်စွဲမှုများနှင့်ပတ် သက်၍ ဒေသတွင်း အရပ်ဘက် အုပ်ချုပ်ရေး အမြန်ဆုံး ပြန်လည် ဖော်ဆောင်ရန်၊ လုံခြုံရေးတပ်ဖွဲ့ အင်အား အလွန်အကျွံသုံးစွဲမှု မပြုရန်၊ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိစေရန်၊ လူမျိုးဘာ သာနှင့် နိုင်ငံသား သတ်မှတ်ချက် များ ခွဲခြားမှုမရှိဘဲ လူ့အခွင့်အ ရေးအပေါ် လေးစားလိုက်နာ တန်ဖိုးထားရန် စသည့်အချက် များ ပါရှိသည်။

ဘင်္ဂါလီအရေးတွင် မြန်မာ အစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက် တွန်းကြောင်း ကာဒီက ပြောကြား သည်။

ရခိုင်ပြည်နယ်၌ လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့်စော်ကားသည့် ကျူးလွန်မှုများ ရှိနေကြောင်း စွပ် စွဲမှုများနှင့် ပတ်သက်၍လည်း ပွင့် လင်းမြင်သာစွာ စုံစမ်းဖော်ထုတ် စေလိုကြောင်း၊ နစ်နာသူများ အတွက် တရားမျှတမှုကို ရှာဖွေ ဖော်ထုတ်စေလိုကြောင်း၊ ယင်း အခြေအနေများအတွက် မြန်မာ အစိုးရသည် သက်ဆိုင်ရာ ကုလ သမဂ္ဂ ဆက်စပ်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။ သို့သော် ယခုပြဿနာများနှင့် ဆက်စပ်၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေး ယူမှုများ ရှိလာနိုင်ကြောင်း ခြိမ်း ခြောက်သည့် သဘောမျိုး မပါရှိ ပေ။

အဆိုပါ ကြေညာချက်သည် ဆယ်စုနှစ် တစ်ခုနီးပါးမျှ ကာလ အတွင်း မြန်မာ့အရေးနှင့်ပတ် သက်၍ လုံခြုံရေးကောင်စီ၏ အလေးနက်ဆုံး သဘောထား ထုတ်ပြန်မှု တစ်ခုလည်းဖြစ်လာ သည်။

ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရအနေ ဖြင့် ထိထိရောက်ရောက် ကိုင် တွယ် ဖြေရှင်းနေသောကြောင့် လုံခြုံရေးကောင်စီ၏ ကြားဝင် ဆောင်ရွက်မှု မလိုအပ်ကြောင်း နှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ မြန်မာ့အရေး ကြေညာချက်ကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက နိုဝင်ဘာ ၆ ရက်တွင် အဆိုပါအစည်းအဝေး၌ တုံ့ပြန် ပြောကြားခဲ့သည်။

ယင်းထုတ်ပြန်ချက်သည် ပြဿနာကိစ္စရပ် ဖြေရှင်းရေး အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုကို အထောက်အကူ ဖြစ်စေမည် မဟုတ်သည့်အပြင် မတူညီသော ဘာသာရေးအသိုက် အဝန်းများအကြား ကွဲပြား၊ တင်း မာမှုများကို ပိုမိုမြင့်မားစေမည်ဖြစ် ပြီး မြန်မာနိုင်ငံအပေါ် မလိုလား အပ်သော နိုင်ငံရေးဖိအားများကို လည်း တိုးပွားစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီအဖွဲ့ဝင်များ အပါ အဝင် ကိုယ်စားလှယ်များက ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ များပြားနေ မှုနှင့် ဘဏ္ဍာငွေ အလွန်အကျွံ သုံးစွဲမှုတို့ကို ရှောင်ရှားရန် ထောက်ပြ ပြောကြားနေချိန်မျိုး တွင် ဤကိစ္စကို ထပ်ခါတလဲ ဆွေးနွေးရန် မလိုအပ်ကြောင်း လည်း မြန်မာကိုယ်စားလှယ်က ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိ နေသူများနှင့် နေရပ်စွန့်ခွာထွက် ပြေးသူများကို မိမိတို့ဆန္ဒအ လျောက် လုံခြုံဘေးကင်းစွာဖြင့် သိက္ခာရှိရှိ နေရပ်သို့ ပြန်လာနိုင် ရေးနှင့် ပြန်လည်ပို့ဆောင်နိုင်ရေး  ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်အတူ နီး ကပ်စွာ ပူးပေါင်းဆောင်ရွက်နေ ပြီး ယခု ကုလထုတ်ပြန်ချက်တွင် ၂၀၁၇ သြဂုတ် ၂၅ ရက်က ဖြစ် ပွားခဲ့သည့် တိုက်ခိုက်မှုများကို အကြမ်းဖက်လုပ်ရပ်အဖြစ် ဖော် ပြခြင်းမရှိမှုအပေါ် စိတ်ပျက်မိ ကြောင်း ၎င်းကတုံ့ပြန်ပြောကြား သည်။

မြန်မာနိုင်ငံအနေဖြင့် ယင်း ထုတ်ပြန်ချက်ပါ အချက်အချို့ကို ကန့်ကွက်လင့်ကစား ရခိုင်ပြည် နယ်ကိစ္စရပ်တွင် ရေရှည်တည်တံ့ မည့် ဖြေရှင်းမှု ရရှိရေးအတွက် သန္နိဋ္ဌာန်ချမှတ်ကာ ဆောင်ရွက် လျက်ရှိပြီး ရခိုင်ပြည်နယ်တွင် နေထိုင်သူအားလုံး ရေရှည်တည် တံ့မည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ရရှိစေရန် ကုလသမဂ္ဂ နှင့် အခြားစိတ်ဝင်စားသော အဖွဲ့အစည်းများ အပါအဝင် နိုင်ငံ တကာ အသိုက်အဝန်းနှင့် လက် တွဲဆောင်ရွက်ရန်လည်း သန္နိဋ္ဌာန် ချမှတ်ထားပါကြောင်း ပြောကြား ခဲ့သည်ဟု အစိုးရသတင်းထုတ် ပြန်ရေး ကော်မတီက နိုဝင်ဘာ ၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

7Day News

No comments:

Post a Comment