လုံခြုံရေးအရဆိုကာ မန္တလေးတောင်ပေါ်သို့ ည ၉ နာရီနောက်ပိုင်း တက်ရောက်ခွင့်ပိတ်ပင်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ဆက်စပ်၍ လုံခြုံရေးစိုးရိမ်ရသဖြင့် မန္တလေးတောင်ပေါ်သို့ ည ၉နာရီနောက်ပိုင်း တက်ရောက်ခွင့်မပြုတော့ကြောင်း တောင် တော်ဂေါပကအဖွဲ့ တာဝန်ရှိသူ များက ပြောသည်။
ယခင်က မန္တလေးတောင် ပေါ်သို့ ညပိုင်းတက်ရောက်ခြင်း ကို ကန့်သတ်ထားခြင်းမရှိသော် လည်း လုံခြုံရေးအခြေအနေအရ ည ၉ နာရီနောက်ပိုင်းတက်ရောက်ခွင့်မပြုတော့ခြင်း ဖြစ်သည်။ ရခိုင်အရေးကြောင့် မန္တလေးတောင် တွင် မလိုလားအပ်သော ပြဿနာများမဖြစ်ပွားစေရန် မန္တလေး ခရိုင်ရဲတပ်ဖွဲ့က လုံခြုံရေးဆောင် ရွက်ရန် ညွှန်ကြားခဲ့သောကြောင့် စက်တင်ဘာ ၈ရက်မှစတင်ကာ အထူးလုံခြုံရေးတိုးမြှင့်ခဲ့ကြောင်းမန္တလေးတောင်ဂေါပကအဖွဲ့က ပြောသည်။
‘‘ည ၉ နာရီနောက်ပိုင်းတက် ရောက်ခွင့်ပိတ်တာက အရင်က မလုပ်ဖူးပါဘူး။ ၁၀ နာရီ၊ ၁၁ လောက်ထိ တက်နေကြတာပဲ။ အခုတော့ ၉ နာရီဆိုရင် အားလုံး ပြန်ဆင်းခိုင်းပါတယ်။ အဲဒီအချိန် ကျတော့လည်း ဘုရားဖူးချင်လို့ လာတဲ့သူတွေ မရှိတော့ပါဘူး’’ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်း က ပြောသည်။
မန္တလေးတောင်ဆင်းလမ်း တွင် ညအချိန်လာရောက်လည် ပတ်သည့် လူငယ်သမီးရည်းစား စုံတွဲများ လုယက်ခံရခြင်းများ ယခင်က မကြာခဏဖြစ်ပွားသောကြောင်း စိုးရိမ်ရကြောင်း ဒေသခံ အချို့က ပြောသည်။
‘‘အရင်ကတော့ ၉ နာရီ ၁၀ နာရီထိ ညရှုခင်းတွေတက်ကြည့် လို့ရတာပေါ့။ လုံခြုံရေးအရဆိုရင် တော့ ကောင်းပါတယ်။ တချို့ကျ တော့ သမီးရည်းစားအတွဲတွေ၊ မကောင်းတာလုပ်ချင်တဲ့သူတွေ လည်း တက်ကြတော့ ခုလိုလုပ် လိုက်တော့လည်း အန္တရာယ်ကင်း တာပေါ့’’ ဟု အသက်(၂၈)နှစ် အရွယ် မန္တလေးမြို့ခံကိုဇော်မျိုး အောင်က ပြောကြားသည်။
မန္တလေးတောင်တွင် အထူး လုံခြုံရေးဆောင်ရွက်နေသဖြင့် ယခုအခါ လုယက်မှုဖြစ်ရပ်များ မဖြစ်ပွားတော့ကြောင်း၊ ထို့ ကြောင့် တောင်ပေါ်သို့ ည ၉ နာရီ နောက်ပိုင်းတက်ရောက်ခွင့်မပြု သေးဘဲ အထူးလုံခြုံရေးအစီအမံ များ ဆက်လက်ချထားဦးမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိ သူများက ပြောသည်။
ညစဉ်လုံခြုံရေးလှည့်လည် ရာတွင် တောင်တော်အုပ်ချုပ်ရေး အဖွဲ့က ဆရာတော် ၁၀ ပါး၊ ၁၅ ပါးခန့် ဦးဆောင်ကာ လုံခြုံ ရေးဝန်ထမ်း ၃၀ ဦးနှင့် ဂေါပက အဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ အစရှိသည့် အဖွဲ့ပေါင်းစုံက တောင်ဆင်း၊ တောင်တက်လမ်းများ၊ ဘုရားစောင်းတန်းများတွင် လှည့်ကင်း၊ ပတ်ကင်းများဖြင့် လှည့်လည်စစ်ဆေးနေကြောင်း မန္တလေးတောင်ဂေါပကအဖွဲ့က ပြောသည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment