Latest News

Sunday, November 26, 2017

ထိုင်းဝန်ကြီးချုပ် က အစိုးရအဖွဲ့ကို ပြောင်းလဲဖွဲ့စည်း


ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာဟာ သူ့အစိုးရအဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းလိုက်တယ်လို့ တော်ဝင် ပြန်တမ်း က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါဟာ ၂၀၁၄ စစ်အာဏာသိမ်းမှု အပြီး အစိုးရ အဖွဲ့ကို ငါးကြိမ် မြောက် ပြန်ဖွဲ့စည်းတာပါ။

 ပရာယွတ်သ်ဟာ ဝန်ကြီး ဒုဝန်ကြီးနဲ့ ဒုဝန်ကြီးချုပ် တွေ စုစုပေါင်း ၁၈ယောက်ကို နေရာပြောင်း ခန့်အပ်ခဲ့တယ်လို့ တော်ဝင်ပြန်တမ်းက ထုတ်ပြန်တဲ့ စာရင်းက ဆိုပါတယ်။ ဒီပြန်တမ်းကို ထိုင်းဘုရင် မဟာ
ဝဇီရာလောင်ကွန်းက ခွင့်ပြုတံဆိပ် ခတ်နှိပ် ပေးထားပါတယ်။

စီးပွားရေး စိုက်ပျိုးရေး စွမ်းအင် အလုပ်သမားနဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးတွေ အပါအဝင် အဆင့်မြင့်ဆုံး အပြောင်းအလဲ ကြောင့် ဘယ်လို သက်ရောက်မှုတွေ ရှိလာမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တိုင်းပြည် အုပ်ချုပ်ရေးမှာ ပို အကျိုးရှိအောင် ခုလို အပြောင်းအရွှေ့ လုပ်တာလို့ ကြေညာချက်က ဆိုပါတယ်။အပြောင်း အလဲကြောင့် အစိုးရ အဖွဲ့ဝင် ၃၆ယောက် ရှိပြီး စစ်တပ် အရာရှိ ၁၂ယောက် ကနေ
 ၉ယောက်ထိ လျှော့ချခဲ့ ပါတယ်။

စစ်တပ် အကြီးအကဲဟောင်း ပရာယွတ်သ်ဟာ မေလ ၂၀၁၄မှာ သွေးမစွန်းဘဲ အာဏာသိမ်းခဲ့တာပါ။ဝန်ကြီးချုပ် ယင်လခ် ရှင်နာဝပ်နဲ့ သူ့အစိုးရကို ဖြုတ်ချတဲ့ လမ်းပေါ် ဆန္ဒပြ ပွဲတွေ လနဲ့ချီ ဖြစ်အပြီးမှာ အာဏာ သိမ်း ခဲ့ပါတယ်။ထိုင်းစစ်အစိုးရဟာ ၂၀၁၈ နိုဝင်ဘာမှာ ရွေးကောက်ပွဲ ကျင်းပမယ် ထိုင်းနိုင်ငံကို ဒီမိုကရေစီ ပြန်ပေးမယ်လို့ ကတိပြုထားပါတယ်။
သီရိထက်စံ

No comments:

Post a Comment