Latest News

Monday, November 6, 2017

ပုပ္ပားတောင်ပေါ်တွင် အဆောက်အဦးဆောက်လုပ်ခွင့် ပိတ်ပင်

ပုပ္ပားတောင်ပေါ်တွင် အဆောက်အဦးဆောက်လုပ်ခွင့် ပိတ်ပင်

နိုဝင်ဘာ(၆)၊၂၀၁၇၊မန္တလေး

မြေကျွံမှုအန္တရာယ်ကြောင့် ပုပ္ပားတောင်ပေါ်တွင် အဆောက်အဦးဆောက်လုပ်ခြင်းများ၊ မြေဖို့ခြင်းများထပ်မံ မပြုလုပ်ရန် အဆောက်အဦးဆောက်လုပ်ခွင့်ပိတ်ပင်ထားပြီး ခွင့်ပြုမိန့်များထပ်မံ မချထားတော့ကြောင်း ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်ကပြောသည်။

အောက်တိုဘာလ တတိယပတ်က ပုပ္ပားတောင်တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုပ္ပားတောင်ကလပ်၊ အောင်သိဒ္ဓိကုန်းတွင် ပြတ်ရွေ့ကြောမှတစ်ဆင့် မြေကျွံမှုများဖြစ်ခဲ့ပြီး အကျယ်(၁၃၅)မီတာ အရှည်(၂၈၇)မီတာခန့်ရှိခဲ့သည်။

မြေကျွံမှုကြောင့် ကားလမ်း၊ဘုရား၊ဘုန်းကြီးကျောင်း၊အိမ်နှင့် ဆိုင်အချို့ ထိခိုက်မှု ရှိခဲ့ပြီင်္း လက်ရှိအချိန်တွင် မြေအောက်ပြတ်ရွေ့ကြော ရွေ့လျားနေမှု ရပ်တန့်သွားပြီဖြစ်ကြောင်း ဦးအေးခိုင်က ပြောသည်။

“ဘူမိဗေဒပညာရှင်တွေကတော့ မြေဖို့တာတွေ အဆောက်အဦထပ်ဆောက်တာ တွေမလုပ်ဖို့ ပြောထားတယ်။ လက်ရှိတော့ တောင်ပေါ်ကိုဧရိယာသတ်မှတ်ထားပြီးတော့ နောက်ထပ် အဆောက်အဦဆောက်ခွင့် လုပ်ခွင့်တွေ အားလုံးပိတ်ထားတယ်။ အဲဒီနေရာကနေ ကားတက်ခွင့်ပိတ်ထားဆဲပဲ။ ခြေလျင်တက်တဲ့ သူတွေတော့ရှိတယ်။ အခြေအနေကိုဆက်လက်စောင့်ကြည့် နေဆဲ”ဟု ဦးအေးခိုင်ကပြောသည်။

ပုပ္ပားတောင်မြေအောက်ပြတ်ရွေ့ကြော ရွေ့လျားမှုအားတိုင်းတာရန် အောက်တ်ုဘာလ(၂၄)ရက်နေ့က ပုပ္ပား တောင် နေ့စဉ်စောင့်ကြည့်တိုင်းတာရေးအသင်းကိုဖွဲ့စည်း၍ ရွေ့လျားမှုများကို ဝန်ကြီးချုပ်ထံနေ့စဉ်တင်ပြခဲ့သည်။

 မြေကျွံမှုဖြစ်ပွားခဲ့သောနေရာအနီးရှိနေအိမ်များအပေါ် အန္တရာယ်ကျရောက်နိုင်ခြေမရှိသေး သည့်အတွက် ရွှေ့ပြောင်းမှုများမပြုလုပ်ရ သေးကြောင်း ဦးအေးခိုင်ကပြောသည်။

“အခုချိန်ထိတော့ အန္တရာယ်ရှိနိုင်တဲ့အခြေအနေမှာ မရှိဘူး။ လက်ရှိတော့ မြေအောက်ပြန်ရွေ့ကြောက မရွေ့တော့ဘူး။ ပြည်သူလူထု အန္တရာယ်မရှိဘူးဆိုလည်း ပြင်သင့်တာတွေပြင်ဖို့ လုပ်ဆောင်စရာရှိတာတွေ လုပ်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ညွှန်ကြားမှုကိုစောင့်နေတယ် ”ဟု ဦးအေးခိုင်ကပြောသည်။

ပုပ္ပားတောင်သည့် မီးတောင်ပေါက်ကွဲမှု ကြောင့်ဖြစ်ပေါ်လာသော တောင်အမျိုးအစားတခုဖြစ်ပြီး တောင်ဘေးပတ်လည်တွင် သဲကျောက်အပျော့များဖြစ်ကာ အလည်တိုင်မာကျောသည့် အမျိုးအစား ဖြစ်ကြောင်း၊ သဲကျောက်အပျော့များပေါ်တွင် အဆောက်အဦး ဆောက်လုပ်ထားခြင်းများရှိကြောင်း သိရသည်။

လက်ရှိမြေကျွံမှုဖြစ်ပွားခဲ့သည့်နေရာတွင် အဆောက်အဦး၊အိမ်နှင့်ဆိုင်ခန်းပေါင်း (၁၀၀)ကျော်ရှိကြောင်း သိရသည်။

စူးရှ(The Nyang News)

No comments:

Post a Comment