Latest News

Thursday, October 26, 2017

စာအုပ်အညွှန်း (ငန်းရိုင်းများ- ကျော်အောင်)

ငန်းရိုင်းများ- ကျော်အောင်…
….
Wild Swans – by Jung Chang
…..
မူရင်းစာအုပ်ကို ဆရာကျော်အောင် ဘာသာပြန်ဆိုပြီးခဲ့တာ ၁၉၉၇ ခုနှစ်၊ စာအုပ်အဖြစ်ထွက်တာက ၂၀၁၂၊ ဒါကြောင့် စာမူအဖြစ် အိပ်ပျော်နေခဲ့တာ ၁၅ နှစ်….
….
ဆရာကျော်အောင် ၂၀၀၀ ခုနှစ်တွင် ကွယ်လွန်ခဲ့တာမို့ ဆရာဟာ သူ့စာမူတွေကို စာအုပ်အဖြစ် မတွေ့လိုက်ရပါဘူး….
……
တရုတ်ပြည်မိသားစုတစ်စု၏ မျိုးဆက်သုံးဆက် ဖြတ်သန်းမှု အဖြစ်အပျက်များကို နောက်ခံထားလျှက် တရုတ်ပြည်သူတို့၏ နိုင်ငံရေးဖြတ်သန်းမှုကို ရေးဖွဲ့ထားသော ဝတ္ထုဟန် အတ္ထုပ္ပတ္တိဖြစ်ပါတယ်…
…..
တရုတ်ပြည်ရဲ့သမိုင်းကို တစိတ်တပိုင်းဖေါ်ပြသော ဝတ္ထုလို့ ဆိုနိုင်ပါတယ်…
တရုတ်ပြည်ကွန်မြူနစ်ပါတီအကြောင်း…
ယဉ်ကျေးမှုတော်လှန်ရေး ဘာလို့ဖြစ်တာလဲ…
တရုတ်ပြည်မှ ပြည်သူတို့၏ ဖြတ်သန်းမှု….
တရုတ်ခြေသေးအစဉ်အလာ..
စီမံကိန်းတွေရဲ့ နောက်ဆက်တွဲတွေ…
….
စာရေးဆရာမရဲ့အရေးအသားဟာ ကောင်းလွန်း၊ ထိမိလွန်းလို့ ဖတ်ရတာ ရင်တသိမ့်သိမ့်ပါပဲ…
မူရင်းစာရေးဆရာမကို တရုတ်ပြည်ဝင်ခွင့် ပိတ်ထားပြီး၊ သူ့ရဲ့စာအုပ်တွေကိုလည်း ရောင်းခွင့်ပိတ်ထားပါတယ်…
ဒီလိုစာအုပ်မျိုးကို ဘာသာပြန်ခဲ့လို့ ၁၅ နှစ် ထုတ်ဝေခွင့်မရတာလဲ ဖြစ်နိုင်ပါတယ်…
စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေမယ့်.. တရုတ်ပေါက်ဖေါ်တို့ ငြိုငြင် စိတ်ကွက်မှာကို ကြောက်လို့ စီစစ်ရေးက ပိတ်ထားခဲ့တာဖြစ်နိုင်ပါတယ်…
မူရင်းစာရေးဆရာမဟာ ၁၉၈၂ ခုနှစ်တွင် ဘာသာဗေဒ ဘာသာရပ်ဖြင့် Ph.D ကို York University (UK) မှ ရရှိခဲ့ပါတယ်…
…..
တကယ်တော့ ကျွန်တော်တို့ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်ပြည်နဲ့ အိန္ဒိယပြည်ကြားမှ နိုင်ငံငယ်လေးတစ်ခုပါ..
ကိုယ့်ထက် အင်အားကြီးတဲ့နိုင်ငံတွေရဲ့သမိုင်းနဲ့ ယဉ်ကျေးမှုကို လေ့လာထားရင်ဖြင့် ကျွန်တော်တို့ အကျိုးယုတ်စရာ မရှိနိုင်ပါဘူး…
တရုတ်ပြည် ပြည်သူတို့ရဲ့ ဖြတ်သန်းမှုနဲ့ တရုတ်ကွန်မြူနစ်ပါတီအကြောင်းတစိတ်တပိုင်း ဖေါ်ပြထားတဲ့ ဒီစာအုပ်ဟာ လုံးဝဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ…
တင်ဝင်းထွန်း
….
ပုံနှိပ်မှတ်တမ်း
ပထမအကြိမ်

အောက်တိုဘာ၊ ၂၀၁၂ လောကသစ်စာပေ အမှတ်(၇)၊ သုဝဏ္ဏလမ်း၊ ကျိုက္ကဆံရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်- ၂၅၁၃၅၉၊ ၄၀၁၃၈၇

No comments:

Post a Comment