အသုတ်မြို့က ကဗျာဆရာညီထွဋ် (အသုတ်)ရဲ့
ငယ်စဉ်ကျောင်းသားဘ၀ကိုလွမ်းတဲ့ကဗျာ
...............................
.........✔.ကျောင်းပြန်တက်စို့ ✔..........
ရှင်ပြု့စဉ်ရွှေထီးဆောင်းခဲ့တယ်ပဲပြောပြော
သူငယ်ပြန်တယ်ပဲဆို
ဘယ်လောက်အိုတဲ့ကျောင်းတော်ဖြစ်ဖြစ်
ပြန်တွေးမိသူတိုင်း အသစ်...
ကျောင်းတော်မှာ အဝတ်စား Brandတွေမလို
အဖြူ ၊ အစိမ်း နဲ့ လွယ်အိပ်ကိုယ်စီလှ
ကမ္ဘာမကြေ အတူဆိုခဲ့ကြသူတွေ...
ဆိုင်ကယ်တွေ ၊ကားတွေဘေးဖယ်
ကျောင်းသွားဖော် သူငယ်ချင်းဆိုတာ
နာမည်ကြီး ယဉ်တွေထက်
အဖိုးတန်တယ်...
Cosmetic တွေဈေးကြီးပေးချယ်သ
လှကြပါပေတယ်
ငယ်ဘဝရဲ့အတန်းဖော်
ပါးကွက်ကြားနဲ့ ကေသာနက်
ခင်ဗျားတို့ အလှဆုံးလို့မြင်ခဲ့ကြတာ ဝန်ခံပါ.....
အဖျော်ယမာကာ မျိုးစုံနဲ့ပျော်တတ်နေပြီလား
ရေခဲချောင်း အတူစားသူတွေ...
Stage show. Club. Ktv မှာအော်ဟစ်
စာသင်ခုံလေးခေါက်ပြီး သီဆိုဖြစ်ခဲ့တာ
အနုပညာမမည်လို့လား.....
အမှတ်တရတွေ များပေမယ့်
မတောက်တစ်ခေါက်ရေးတဲ့ကဗျာ ရှည်သွားပြီ...
တစ်ဖြေးဖြေးဝေးသွားတဲ့
ကျောင်းပြေး တို့ရေ
တစ်နှစ်မှာ တစ်ရက်
ရောက်ရာအရပ်ကနေ
ကျောင်းပြန်တက်ကြစို့...။
ညီထွဋ် (အသုတ်)
Sunday, October 29, 2017
ကျောင်းပြန်တက်စို့
Reviewed by timeayeyar
on
8:49 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment