၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ ခန့်မှန်းတွက်ချက်မှုအရ အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၃ ဒဿမ ၃၉ သန်းရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်သူ့အင်အား ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်သူ့အင်အား ဦးစီးဌာနသည် အစိုးရနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ နိုင်ငံတော်၏ မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံ အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက် အောက်တိုဘာ ၁ ရက်တွင်ရှိသော လူဦးရေစာရင်းအား လူဦးရေ သန်းခေါင်စာရင်း အချက်အလက်ပေါ် အခြေခံတွက်ချက်၍ နှစ်စဉ်ထုတ်ပြန် ပေးလျက်ရှိကြောင်း သိရသည်။
အောက်တိုဘာ ၁ ရက်တွင်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းမှာ ကချင်ပြည်နယ်တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၈၂၉၈၄၉ ဦး၊ ကယားပြည်နယ်တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၁၀၂၁၃ ဦး၊ ကရင်ပြည်နယ်တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၅၉၃၀၅၃ ဦး၊ ချင်းပြည်နယ်တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀၈၃၅၉ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၄၉၁၁၇၀၊ တနင်္သာရီတိုင်း ဒေသကြီးတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၄၅၉၉၅၃ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၉၁၈၈၂၁ ဦး၊ မကွေးတိုင်း ဒေသကြီးတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၉၄၁၂၃၉ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၃၈၉၃၉၁ ဦး၊ မွန်ပြည်နယ်တွင် အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၂၀၁၁၄၂၇ ဦး၊ ရခိုင် ပြည်နယ်တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၃၀၀၀၃၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၉၃၆၆၃၇ ဦး၊ ရှမ်းပြည်နယ်တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၁၈၈၆၈၉ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၂၇၁၀၇၀၊ နေပြည်တော် ကောင်စီတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၂၃၈၀၈၃ ဦးဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေမှာ အမျိုးသား ၂၅၆၄၇၈၄၇ ဦး၊ အမျိုးသမီး ၂၇၇၄၀၁၀၁ ဦး စုစုပေါင်း ၅၃၃၈၇၉၄၈ ဦးဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
Eleven Media Group
No comments:
Post a Comment