Latest News

Sunday, October 1, 2017

ဘင်္ဂါလီ ဒုက္ခသည်အရေးကိုဖြေရှင်းရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်အကြား ဖျန်ဖြေသူအဖြစ်ဆောင်ရွက်ရန် အစိုးရအနေဖြင့် အစီအစဉ် မရှိကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောကြား

ဘင်္ဂါလီ ဒုက္ခသည်အရေးကိုဖြေရှင်းရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်အကြား ဖျန်ဖြေသူအဖြစ်ဆောင်ရွက်ရန် အစိုးရအနေဖြင့် အစီအစဉ် မရှိကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောကြား

ဘင်္ဂါလီဒုက္ခသည်အရေး (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ကို ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ရန် အစိုးရအနေဖြင့် အစီအစဉ် မရှိကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း Sputnik သတင်း တွင် ဖော်ပြချက်အရ သိရသည်။

အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် ဒုက္ခ သည်များအရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများသာ ပံ့ပိုးသွားမည်ဖြစ်ကြောင်း အိန္ဒိယက ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးကို အာရုံစိုက်ထားပါကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများကို သုံးခေါက် ပေးပို့ပြီးဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာသည့် မိသားစုများ အသုံးပြုမည့် ပစ္စည်းများပါဝင်သည့် မိသားစုအထုပ် ထောင်ပေါင်းများစွာကို ပေးပို့ပြီးဖြစ်ပါကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များ (မူရင်းသတင်းတွင် ရိုဟင်ဂျာမွတ်စလင်များဟု သုံးနှုန်းထား) ကို နှိမ်နင်းသည့်အတွက် ဝေဖန်မှုများ ရင်ဆိုင်နေရသည့် အိမ်နီးချင်းအတွက် ခိုင်မာသော ထောက်ခံအားပေးမှု သင်္ကေတအနေဖြင့် မြန်မာအစိုးရကို လက် နက်များထောက်ပံ့ရန် အိန္ဒိယက စဉ်းစားနေကြောင်း ရိုက်တာ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ရေတပ်ဦးစီးချုပ် လာရောက်လည်ပတ်သည့်ခရီးစဉ်အတွင်း လက်နက်များကိစ္စ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိသူများက စက်တင်ဘာ ၂၁ ရက်က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ထိပ်တန်း ကာကွယ်ရေးတက္ကသိုလ်များတွင် မြန်မာ တပ်မတော်အရာရှိများအား သင်တန်းတက်ရောက်ခွင့်ရရှိရေး နှစ်ဖက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အိမ်နီးချင်းနိုင်ငံနှင့် စစ်ရေးပူး ပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးရန် အိန္ဒိယ၏ ဆုံးဖြတ်မှုသည် ဒေသတွင်းတွင် တရုတ်၏လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် ကြိုးစားမှု အစိတ်အပိုင်းလည်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့်အနေဖြင့် အိန္ဒိယနိုင်ငံက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ညီလာခံတွင် အတည်ပြုချမှတ်ခဲ့သည့် ကြေညာချက်တွင် တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်ရန် စက်တင်ဘာ ၇ ရက်က ငြင်း ဆိုခဲ့သည်။ အဆိုပါကြေညာချက်တွင် ပါဝင်သည့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး အဆိုပြု ရည်ညွှန်းချက်သည် မသင့်လျော်ဟုဆိုကာ ပါဝင်ရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ပါလီမန်ဖိုရမ်တွင် အတည်ပြုချမှတ်ခဲ့သည့် ဘာလီကြေညာချက်မှ အိန္ဒိယပါလီမန်ကိုယ်စားလှယ်အဖွဲ့က သဘောတူလက်ခံခြင်း မရှိကြောင်း (dissociate) ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယပါလီမန်ကိုယ်စားလှယ် အဖွဲ့က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖိုရမ်အပြီးတွင် အတည်ပြုချမှတ်မည့် ကြေညာချက်သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အများလက်ခံ သဘောတူညီထားသည့် ကမ္ဘာလုံးဆိုင်ရာ မူဝါဒများနှင့် ထပ်တူမကျကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့၏ ရပ်တည် ချက်သဘောထားထုတ်ပြန်သည့်နေ့သည် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြား ချက်အရ အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ပထမဆုံး တရားဝင်      နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာ နိုင်ငံသို့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိလာရောက်သည့် ခရီးစဉ် နောက်ဆုံးနေ့နှင့်လည်း တိုက်ဆိုင်နေသည်။

လက်ရှိအချိန်သည် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ မွတ်စလင်များနှင့်ပတ်သက်၍ မြန်မာ အစိုးရအပေါ် အနောက်နိုင်ငံများ၏ ဖိအားပေးမှု မြင့်တက်နေချိန်လည်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment