Wednesday, October 18, 2017
ကျောင်းကုန်း-အိမ်မဲကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ယာခြေသလုံးရိုးကျိုးသွား
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ထောက်ရှာအုပ်စု/ကျေးရွာအနီးတွင် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၅း၂၅ နာရီအချိန် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
အမှုမှာ ကျောင်းကုန်း-အိမ်မဲကားလမ်း၊မိုင်တိုင်အမှတ် ၈၁/၇ နှင့် ၈၂/၀ ကြား၊ထောက်ရှာကျေးရွာအနီးတွင် အိမ်မဲဘက်မှ ကျောင်းကုန်းဘက်သို့ ဦးကာလတ် မောင်းနှင်လာသော နံပါတ်မပါ အဖြူရောင်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှလမ်းဖြတ်ကူးသူ ဦးချစ်ဝင်း အား ဝင်ရောက်တိုက်မိသဖြင့် ဦးချစ်ဝင်း တွင် ယာဘက်ခြေသလုံးကျိုးသည့်ဒဏ်ရာ နှင့် ဆိုင်ကယ်ယာဉ်မောင်း ဦးကာလတ်တွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ ရရှိသွားကြသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်နာကျင်စေသူ ယာဉ်မောင်း ဦးကာလတ်အား မင်းမနိုင်ရဲကင်းစခန်းမှူး ဒုရဲအုပ် လှမိုး မှ တရားလိုပြုလုပ်၍ ကျောင်းကုန်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၅၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ကျောင်းကုန်း)
ဖုန်း-၀၉၇၉၁၄၅၇၃၈၃
ကျောင်းကုန်း-အိမ်မဲကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ယာခြေသလုံးရိုးကျိုးသွား
Reviewed by timeayeyar
on
6:49 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment