Latest News

Monday, October 2, 2017

ခိုကိုးရာမဲ့နေတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဟိန္ဒူအဖွဲ့ချုပ် ခေါ်ယူစောင့်ရှောက်မည်

ခိုကိုးရာမဲ့နေတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ဟိန္ဒူအဖွဲ့ချုပ် ခေါ်ယူစောင့်ရှောက်မည်

ရခိုင်ပြည်နယ် မောင်တောဒေသက အကြမ်းဖက်တိုက်ခိုက်တွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို စစ်တွေမြို့မှာ တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောဒေသက အကြမ်းဖက်တိုက်ခိုက်တွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို စစ်တွေမြို့မှာ တွေ့ရစဉ်
Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီး မိသားစုဝင်တွေ သတ်ဖြတ်ခံရတာကြောင့် ခိုကိုးရာမဲ့နေတဲ့ ဟိန္ဒူကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ရန်ကုန်မှာ ခေါ်ယူစောင့်ရှောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်က အစိုးရထံတင်ပြသွားမယ်လို့ သိရပါတယ်။

မိဘမဲ့ဖြစ်သွားတဲ့ ကလေးငယ်တွေကို ခေါ်ယူစောင့်ရှောက်နိုင်ဖို့ စာရွက်စာတမ်း အထောက်အထားတွေကို အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားရမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကျော်သူက ပြောပါတယ်။

အဖွဲ့ချုပ်ဟာ မနက်ဖြန်မှာ မောင်တောဒေသက  ခိုကိုးရာမဲ့နေတဲ့ သက်ကြီး ရွယ်အိုတွေနဲ့ ကလေးငယ်တွေဆီ သွားရောက်ဖို့ရှိတယ်လို့ ပြောပါတယ်။

ရန်ကုန်ကိုလိုက်ပါဖို့ သဘောတူညီထားတဲ့ သက်ကြီးရွယ်အိုတွေကို ဟိန္ဒူသက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာကို ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ကလေးငယ်တွေကိုတော့ မိဘမဲ့စောင့်ရှောက်ရေးဂေဟာတွေထံ ပို့ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

အဲဒီလိုကူညီစောင့်ရှောက်နိုင်ရေးအတွက် ဟိန္ဒူအဖွဲ့အစည်းတွေအားလုံးက ငွေကြေးကူညီထောက်ပံ့ပေးဖို့ သဘောတူညီထားတယ်လို့ ဆိုပါတယ်။

မောင်တောအကြမ်းဖက်ခံရမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ ဟိန္ဒူဘာသာဝင်ပေါင်း လေးထောင်ကျော် ရှိတယ်လို့ စာရင်းတွေအရ သိရပါတယ်။

RFA

No comments:

Post a Comment