Latest News

Wednesday, October 18, 2017

သားဖြစ်သူလင်မယားရန်ဖြစ်ရာကို ဝင်ရောက်ဖြန်ဖြေဆုံးမသည့်ဖခင် အရိုက်ခံရလို့သေဆုံးသွားတဲ့ဖြစ်ရပ်


လေးမျက်နှာ မြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စု မြစ်ကျိုးချောင်ကျေးရွာတွင် အောက်တိုဘာ ၁၄ ရက် ည ၈ နာရီ ခွဲခန့်က လင်မယားချင်းရန်ဖြစ်နေသဖြင့် သားဖြစ်သူအား ဖခင်ဖြစ်သူက ထင်းချောင်းဖြင့် ရိုက်နှက်ဆုံးမရာ သားက ရိုက်နှက်ဆုံးမခဲ့သည့်ဖခင်အရင်းအား သစ်သားချောင်းဖြင့် ပြန်လည်ရိုက်နှက်သဖြင့်
ဖခင်သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ည ၈ နာရီခန့်တွင် လယ်ကွင်းမှ ကောက်ရိတ်ပြီးပြန်လာသော
စန်းလင်းမောင်(၂၂)နှစ် သည် နေအိမ်ရှိမီးဖိုမှာ ရေစိုနေသဖြင့်အိမ်ခေါင်းရင်းရှိ ဖခင်ဦးငထွန်းအိမ်သို့
သွားရောက်ပြီး ထမင်းချက်နေသူ ဇနီးမဝါဝါနှင့် ထမင်းချက်နောက်ကျမှုကြောင့် စကားများရန်ဖြစ်ရာ
ဖခင်ဖြစ်သူက သားဖြစ်သူအား ထင်းချောင်းဖြင့်ရိုက်နှက်ဆုံးမသောကြောင့် သားဖြစ်သူစန်းလင်းမောင်
သည် အိမ်ပေါ်မှ ဆင်းပြေးခဲ့သော်လည်း နောက်မှလိုက်ရိုက်သဖြင့် ဦးငထွန်း၏နေအိမ်ရှေ့အရောက်တွင် သားဖြစ်သူက ကျောက်စည်ပိုင်းအနီးရှိခြေဆေးရန်ခင်းထားသော အလျား ၂ ပေ၊ ထု ၅ လက်မ ၂ လက်မရှိ ပျဉ်းကတိုးပိုင်း ဖြင့်ပြန်လည်ရိုက်နှက်ခဲ့ရာ ဖခင်ဦးငထွန်း၏ ဦးခေါင်းအလယ်တည့်တည့်တွင် သွေး
ထွက်ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ်လမ်း၌ သေဆုံးသွားကြောင်းသိရသည်။

ရိုက်နှက်မှုကျူးလွန်သူ စန်းလင်းမောင်အား ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပြီး လေးမျက်နှာမြို့မရဲစခန်းမှ စခန်းမှူး
ဒုရဲမှူးစောလှက တရားလိုပြုလုပ်၍ အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

credit hello myanmar

No comments:

Post a Comment