Latest News

Thursday, October 12, 2017

သမီးဖြစ်သူနဲ့သဘောမတူလို့ သားမက်ကိုသေနတ်နဲ့ပစ်သတ်ခဲ့တဲ့အမေ


အမေရိကန်နိုင်ငံရောက် အသက် ၅၇ နှစ်အရွယ်ကရင်မိခင်တစ်ဦးက
သေနတ်ဝယ်ပြီးသမီးဖြစ်သူရဲ့ရည်းစားကို ပစ်သတ်ခဲ့တယ်လို့ Fox သတင်းမှာဖော်ပြထားပါတယ်။
သမီးရဲ့ရည်းစားအသက် ၁၇နှစ်အရွယ် ကောင်လေးကိုကြံစဉ်သတ်ဖြတ်မှုနဲ့
ဖောလော အသက်၅၇ နှစ် ကို ဒီကော်ဘ်ခရိုင်၊ဂျော်ဂျီယာပြည်နယ်က ဖမ်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အကုန်မှာဖောလောရဲ့သမီးအသက်၁၈နှစ်အရွယ် မဒရာဘီနဲ့ သူမရည်းစားညာဖိုးလောအယ်(အသက် ၁၇နှစ်)တို့က ၀စ်ကွန်ဆင်ပြည်နယ်ကိုပြောင်းရွှေ့မယ့်အကြောင်း၊
လက်ထပ်ကြတော့မယ်အကြောင်းသူ့ကိုအသိပေးကြပါတယ်။
ဒီကိစ္စသဘောမတူလို့စကားများကြရာကနောက်နေ့မှာ ဖောလောက သူ့သမီးရဲ့ရည်းစားကို
သတ်ဖို့ရည်ရွယ်ချက်နဲ့သေနတ်သွားဝယ်ခဲ့ပါတယ်။
ဂျော်ဂျီယာကနေပြောင်းပြီး လက်ထပ်မယ့်ကြတော့မယ်ကိစ္စကိုရပ်တန့်ဖို့ရည်ရွယ်ချက်နဲ့
သေနတ်ဝယ်ပြီး ကောင်လေးကိုသတ်ပစ်ဖို့ကြံစည်တာပါ။
"ဖောလောက သူ့သမီးရဲ့ရည်းစားကိုမကြိုက်ဘူး။
သူ့သားမက်မကြာခင်ဖြစ်ရတော့မယ်ဆိုတာကို လက်မခံနိုင်ဘူး။
ညာဖိုးလောအယ်ကို ခေါင်းတွေဗိုက်တွေလက်တွေကို သေနတ်နဲ့ပစ်တယ်၊
တနင်္ဂနွေနေ့မနက်မှာ မနက်စာချက်ပြုတ်နေတုန်းမှာပဲ ဖောလော က၀င်လာပြီး သေနတ်နဲ့ပစ်တာ" လို့ရဲအရာရှိဂျေဆန်အဲလီကော့ကပြောပါတယ်။
စိတ်ထိခိုက်ကြေကွဲနေတဲ့ သမီးဖြစ်သူက Fox သတင်းဌာနကိုပြောတာကတော့ သူ့မှာ
ကိုယ်ဝန်လေးလရှိနေပြီလို့ဆိုပါတယ်။ဒီသေနတ်သူ့အမေဘယ်လိုရသလဲသူမသိခဲ့ဘူး။သူ့အမေကို အချုပ်မှာသွားတွေ့ရင် ဘာပြောရမလဲတောင်မသိဘူးလို့ဆိုပါတယ်။
ဒီအမှုကိုစုံစမ်းစစ်ဆေးသူတွေက ဖောလောကိုစစ်ဆေးဖို့ ကရင်စကားပြန်ရှာဖွေနေတယ်လို့သိရပါတယ်။
SZ(Time Ayeyar)

No comments:

Post a Comment