Latest News

Tuesday, October 3, 2017

ငွေစက္ကူများပေါ်ဗိုလ်ချုပ်အောင်ဆန်းပုံ ဒီဇိုင်းဆွဲသူ ကွယ်လွန်

ငွေစက္ကူများပေါ်ဗိုလ်ချုပ်အောင်ဆန်းပုံ ဒီဇိုင်းဆွဲသူ ကွယ်လွန်

မန္တလေး၊ အောက်တိုဘာ ၃

ငွေစက္ကူ၊ တံဆိပ်ခေါင်း၊ ထီလက်မှတ်၊ ပြက္ခဒိန် စသည်တို့ကို ဒီဇိုင်းများ ရေးဆွဲပေးခဲ့သည့် မြန်မာမှုဒီဇိုင်း သုတေသီ ဆရာကြီး ဦးအေးမြင့်သည် ယနေ့ညနေ ၆ နာရီ ၁၅ နာရီတွင် ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။

"အဖေက နှလုံးရောဂါ အခံရှိတယ်။ နေမကောင်းလည်း ဖြစ်နေပြီး ဒဏ်မခံနိုင်ဖြစ်လို့ ကွယ်လွန်သွားတယ်လို့ ပြောရမယ် " ဟု ချွေးမတော်စပ်သူ ဒေါ်ဇာက ပြောကြားသည်။

ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ဒီဇိုင်းများ ရေးဆွဲခဲ့မှုကြောင့် နာမည်ကျော်ကြားခဲ့သူလည်း ဖြစ်သည်။

ဦးအေးမြင့်ကို ဖခင်ဦးကျောက်နှင့် မိခင် ဒေါ်စံ(ခ) ဒေါ်မမလေးတို့မှ ၁၉၃၀ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၈ ဦးအနက်တတိယမြောက်သား၊  မန္တလေးဇာတိဖွား ဖြစ်သည်။

ဆရာကြီး ဦးအေးမြင့်၏ ရုပ်အလောင်းကို မနက်ဖြန် စက်တင်ဘာလ ၄ ရက်၊ မွန်းလွဲ ၂ နာရီအချိန်တွင် အမရပူရမြို့၊ ဆင်စွယ်ပွတ်တိုက်နယ်၊ ပန်းဘဲတန်းရပ် နေအိမ်မှ တောင်အင်းမြောက်အင်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမည် ဖြစ်သည်။

The Voice Journal

No comments:

Post a Comment