Latest News

Wednesday, October 25, 2017

အဝေးသင်ကာလ အတွင်း ပုသိမ်တက္ကသိုလ်အနီး အဆောင်များအတွင်းမှ ဖုန်းများအား ခိုးယူသူအား ဖမ်းဆီးရမိ


(၂၂.၁၀.၂၀၁၇) ရက်နေ့ ညပိုင်းက ပုသိမ်တက္ကသိုလ် အနီး တာလမ်းမ ( အနော်ရထာလမ်း) ပေါ်ရှိ အဆောင်များအတွင်း ရှိ ပြည်သူများ၏ သတင်းပေးကူညီဝန်းဖမ်းဆီးမှုကြောင့် ဝေယံဖြိုး ၁၉ နှစ် (ဘ) ဦးခင်ဝင်း ရွှေတစ်ဆုတ် (၁၆) လမ်း ပုသိမ်မြို့နေသူအား ခိုးယူထားသော ဖုန်း (၂) လုံးဖြင့် ဖမ်းဆီး ရမိခဲ့ပါသည်။

၎င်းတရားခံအား လတ်တလော စစ်ဆေးဖော်ထုတ်ချက်အရ ယခုနှစ် အဝေးသင်ကာလ အတွင်း ပုသိမ်တက္ကသိုလ်အနီးရှိ အဆောင်များ ရွှေဝတ်မှုန်ရပ်ကွက်အတွင်းရှိ အဆောင်များ အတွင်းမှ ဖုန်းများကို လိုက်လံခိုးယူပြီး ရောင်းချ ထားကြောင်း စစ်ဆေးသိရှိရသဖြင့် (၂၅.၁၀.၂၀၁၇) ရက်နေ့ အထိ ဖုန်းမျိုးစုံ (၈) လုံးအား သိမ်းဆည်းထားပြီးဖြစ်ပါသည်။

သို့ပါ၍ ပုသိမ်တ္ကသိုလ်အနီးနှင့် ရွှေဝတ်မှုန်ရပ်ကွက်အတွင်း ရှိ ဖုန်းပျောက်ဆုံးဘူးသော အဆောင်များမှ မိမိတို့ပျောက်ဆုံးခဲ့သော ဖုန်းများ ဟုတ်/မဟုတ် ပုသိမ်မြို့မရဲစခန်း ( ကမ္ဘောဇဘဏ် ၁ ရှေ့) တွင် လာရောက်စုံစမ်း အတည်ပြုနိုင်ကြောင်း အကြောင်းကြားအပ်ပါသည်။
Zaw Min Tun




No comments:

Post a Comment