Latest News

Wednesday, October 4, 2017

ကြည့်မြင်တိုင် ဗားကရာချောက်ကို တစ်လခန့် အချိန်ယူပြင်ဆင်မည်

ကြည့်မြင်တိုင် ဗားကရာချောက်ကို တစ်လခန့် အချိန်ယူပြင်ဆင်မည်

လူသွားလူလာများသည့်နေရာတစ်ခုဖြစ်သည့်  ဗားကရာလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်းဆုံရာရှိ ဗားကရာချောက်ကို ပြန်လည်ပြင်ဆင်ရာတွင် တစ်လခန့်ကြာနိုင်ကြောင်း ကြည့်မြင်တိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က ပြောသည်။

အဆိုပါဗားကရာချောက်သည် အင်္ဂလိပ်လက်ထက်ကတည်းက တည်ရှိခဲ့သော သက်တမ်းရှည်ကြာနေသည့် ချောက်တစ်ခု ဖြစ်ပြီး လက်ရှိတွင်  အပေါက်များ၊ အက်ကြောင်းများ၊ ဆေးကွာခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။

ထို့ကြောင့် ပြန်လည်ပြင်ဆင်ရာ၌ ဗားကရာချောက်နံရံများအားဖာထေးခြင်း၊ ဆေးသုတ်ခြင်းတို့အပြင် နံရံကို ပြန်လည်ခွာထုတ် တည်ဆောက်ခြင်းများ ပါဝင်မည်ဖြစ်သည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ ဗားကရာချောက်အား ပြန်ပြင်ဆင်ရန် တိုင်းလွှတ်တော်၌ အဆိုတင်သွင်းပြီး တစ်ရက် အကြာ စက်တင်ဘာလ ၃၀ တွင် စတင်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ စက်တင်ဘာ၂၉ ရက်တွင် "ဗားကရာချောက်အား မြို့နယ် အင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပအောင် ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ ” မေးမြန်းတင်သွင်းခဲ့သည်။

"အက်ကြောင်းတွေတော့ရှိတယ် ။ အရင်ဖာတယ်ပေါ့ ။ အပေါ်ကနေမှ ပတ်တီးတို့ဘာတို့၊ ဆေးလိုက်သုတ်မှာ ဟိုဘက်ကွာကျနေတဲ့ အပိုင်းတွေကျတော့ အကုန်လုံးကို ခွာထုတ်ပစ်ခြစ်ထုတ်ပစ်ပြီးတော့မှ အသစ် ပြန်လုပ်ပစ်မှာ"ဟု ကြည့်မြင်တိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က ပြောသည်။

လက်ရှိအချိန်တွင် အ.ထ.က(၁)ကြည့်မြင်တိုင်ဘက်ခြမ်းအတွက် အက်ကြောင်းများဖာထေးနေပြီဖြစ်ပြီး ယခင်ကဲ့သို့ အရောင်ဖြင့်အကွက်များပြန်ဖော်ထုတ်နိုင်မည်ထင်ကြောင်း ဦးကျော်နန္ဒအောင်က ပြောသည်။

ဗားဂရာချောက်သည် လမ်းလေးဂွဆုံသည့်အတွက်အပိုင်းလေးပိုင်းပါရှိနေပြီး သုံးပိုင်းမှာ အခြေအနေ ဆိုးရွားသဖြင့် ဗားကရာချောက်နံရံများကို ခွာထုတ်ကာ အသစ်ပြင်ဆင်ရမည်ဖြစ်သည်ဟု ဦးကျော်နန္ဒအောင်က  ဆိုသည်။

Mizzima

No comments:

Post a Comment