Latest News

Wednesday, October 4, 2017

စိုစွတ်ကာလဖြစ်၍ နောက်၎ရက်အထိ မိုးဆက်ရွာမည်ဟု ဒေါက်တာထွန်းလွင်ပြော

စိုစွတ်ကာလဖြစ်၍ နောက်၎ရက်အထိ မိုးဆက်ရွာမည်ဟု
ဒေါက်တာထွန်းလွင်ပြော

စိုစွတ်ကာလဖြစ်သည့်အတွက် မြန်မာ့ကမ်းရိုးတန်းနှင့် ကုန်းတွင်းဒေသများတွင် အောက်တိုဘာ(၈)ရက်နေ့ မတိုင်ခင်အထိ ဆက်လက်မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောသည်။

ထိုသို့ မိုးရွာသွန်းမှုပြီးမှ မုတ်သုံသည် မြန်မာနိုင်ငံအထက်ပိုင်းသို့ တဖြည်ဖြည်းဆုတ်ခွာသွားမည်ဖြစ်သည်ဟု ဆိုသည်။

မုတ်သုံသည် အောက်တိုဆိုဘာလ ပထမဆယ်ရက်ခန့်တွင် မြန်မာနိုင်ငံမှ ဆုတ်ခွာသွားမည်ဟု ဦးထွန်းလွင်က ယနေ့အောက်တိုဘာလ မနက် ၄နာရီ ၄၁မိနစ်အချိန် တိုင်းတာချက်အရ ခန့်မှန်းထားသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးတွင် ဒေသအလိုက် နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းတို့၌ ယနေ့အောက်တိုဘာ(၄)ရက်နေ့တွင် နေရာကွက်ကြား မိုးသည်းထန်နိုင်ကြောင်း ဖော်ပြထားသည်။

တစ်နာရီလျှင် (၃၅)မိုင်အထိ လေတိုက်နူန်းရှိနိုင်သော မိုးသက်လေပြင်းမှာလည်း မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်အထိ ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးရွာသွန်းမှုကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တို့၌ လှိုင်းအမြင့်ပေ (၇)ပေမှ (၁၀)ပေခန့်အထိ မြင့်တက်နိုင်ကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင်လည်း (၄)ပေမှ (၆)ပေခန့် အထိလှိုင်းအမြင့်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဖော်ပြထားသည်။

Mizzima

No comments:

Post a Comment