Latest News

Tuesday, October 3, 2017

ရေကျော်မီးထွန်းပွဲလမ်းတလျှောက် ကားများကို နေရာချထားပေးရန် အခက်အခဲရှိ

ရေကျော်မီးထွန်းပွဲလမ်းတလျှောက် ကားများကို နေရာချထားပေးရန် အခက်အခဲရှိ

ရေကျော်သီတင်းကျွတ်ကျင်းပပြုလုပ်ရာလမ်းတစ်လျောက်ရှိ ကားများကို နေရာတစ်နေရာထားရှိ၍   ရွေ့ပြောင်းရပ်နားစေချင်သော်လည်း   နေရာအခက်အခဲ ရှိနေသည်ဟု ပုဇွန်တောင်မြို့နယ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟန်ထွန်းက ပြောသည်။

"ကားတွေက အမှန်တိုင်းပြောရင် လုပ်ပေးချင်တယ် ။ ဒါပေမယ့် ငါတို့မှာနေရာအခက်အခဲရှိတယ် လုပ်ပေးချင်တာအပြင် သူတို့ကားအတွက် လုံခြုံရေးပါ ချထားပေးချင်တာ။  ငါတို့မှာပေးဖို့   နေရာမရှိလို့ မေတ္တာရပ်ခံပြီး သင့်တော်တဲ့နေရာကို ရွှေ့ပေးခိုင်းထားတာ"ဟု ဦးဟန်ထွန်းက ဆိုသည်။

နေရာတစ်နေရာရှိပါက အဆိုပါနေရာကို ရွေ့ပြောင်းစေကာ လုံခြုံရေးပါငှားရမ်းစောင့်ရှောက်ပေးရန် စီစဉ်ထားကြောင်းလည်း ၄င်းက ပြောသည်။

ရေကျော်သီတင်းကျွတ်ပွဲဈေးကို နှစ်စဉ်ကျင်းပနေကျဖြစ်သည့်အတွက် လမ်းတစ်လျှောက်ရှိ ကားရပ်နားသူများ အနေဖြင့် ရွေ့ပြောင်းရမည့်နေရာများ အသီးသီးရှိမည်ထင်ကြောင်းလည်း ဦးဟန်ထွန်းက ပြောသည်။

ထို့အပြင် သတင်းကျွတ်ကာလများတွင် နှစ်စဉ် ညနေ၄နာရီခွဲမှစတင်ကာ လမ်းများကို ကားအသွားအလာ ပိတ်ထားလေ့ရှိပြီး ယခုနှစ်သတင်းကျွတ်ပထမနေ့တွင် ၄နာရီမထိုးခင်၌ပင် လမ်းရှင်းလင်းရေးဆောင်ရွက်နေသည်ကို တွေ့ရသည်။

သီတင်းကျွတ်ပွဲဈေးကျင်းပရာတွင် ပုဇွန်တောင်မြို့နယ် (၇)ရပ်ကွက်၊ (၉)ရပ်ကွက်၊ (၁၀)ရပ်ကွက်၊ ဗိုလ်တစ်ထောင်မြို့နယ်(၁၀)ရပ်ကွက်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ် ကြည်တော်(၁၀)ရပ်ကွက်တို့၌ ကျင်းပနေခြင်းဖြစ်သည်။

ဆိုင်ခန်းပေါင်း၄၀၀ကျော်ပါဝင်သည့် သတင်းကျွတ်ပွဲဈေးအတွက် လုံခြုံရေးများ၊ ကင်မရာများ၊ ကျန်းမာရေးဝန်ထမ်းများထားစီစဉ်ထားရှိပေးထားသည်။

Mizzima

No comments:

Post a Comment